ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်အပြင်ဘက်တွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည်ကို ပြသထားသော သာမိုမီတာတစ်ခုအား ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်အပြင်ဘက်တွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည်ကို ပြသထားသော သာမိုမီတာတစ်ခုအား ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇွန် ၂၁ ရက်မှစ၍ ဥရောပတွင် အပူချိန်မြင့်မားမှုနှင့် ဆက်နွှယ်သော အတိုင်းထက်အလွန် သေဆုံးမှုအရေအတွက် ၁,၃၀၀ ကျော် မှတ်တမ်းတင်ခဲ့ပြီးဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် လူမှုမီဒီယာပလက်ဖောင်း X ၌ ပြောကြားခဲ့သည်။

အတိုင်းထက်အလွန် သေဆုံးမှုအရေအတွက်ဆိုသည်မှာ သတ်မှတ်ထားသော နေရာနှင့် ကာလတစ်ခုအတွင်း ခန့်မှန်းသေဆုံးမှု စုစုပေါင်းအရေအတွက်နှင့် ကျန်းမာရေးအန္တရာယ်မရှိသည့်အခြေအနေတွင် ခန့်မှန်း သေဆုံးမှု အရေအတွက်ကြား ကွာခြားချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။

“ဥရောပဟာ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု အမြန်ဆုံးဖြစ်တဲ့ တိုက်ကြီးဖြစ်ပြီး အပူချိန်မြင့်တက်တဲ့ အရှိန်ဟာဆိုရင် ကမ္ဘာတစ်ဝန်းပျမ်းမျှအဆင့်ရဲ့ နှစ်ဆရှိပါတယ်” ဟု Tedros က ပြောကြားခဲ့သည်။ လက်ရှိတွင် လူပေါင်း သန်း ၁၅၀ သည် အလွန်အမင်းမြင့်မားသော အပူချိန်အောက်တွင် နေထိုင်နေရပြီး ကျောင်းများပိတ်ထားရကာ ဓာတ်အားလိုင်းများသည် ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ရာသီဥတုပြောင်းလဲမှုစသည့် အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့် မူလက နှစ်များစွာမှတစ်ကြိမ်သာဖြစ်ပွားသည့် အပူလှိုင်းများသည် ယခုအခါ နှစ်စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလွန်အမင်း အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် WHO သည် အဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးစနစ်၏ တုံ့ပြန်မှုများကို အားကောင်းစေခြင်းစသည့် အစီအမံများကို အာရုံစိုက်လုပ်ဆောင်နေကြောင်း၊ WHO သည် ဥရောပနိုင်ငံများအနေဖြင့် ပြည်သူများ ကျန်းမာရေးကို ကာကွယ်ရန်အတွက် အပူချိန်မြင့်မားမှုဆိုင်ရာ ကျန်းမာရေးလုပ်ဆောင်မှုအစီအစဉ်များကို အကောင်အထည်ဖော်ရန် အားပေးကြောင်း Tedros က ပြောကြားခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဘာလင်မြို့ Spree မြစ်ဘေးတွင် ကုလားထိုင်အလွတ်များကို ၂၀၂၆ ခုနှစ်၊ ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘာလင်မြို့ Spree မြစ်ဘေးတွင် ကုလားထိုင်အလွတ်များကို ၂၀၂၆ ခုနှစ်၊ ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့တွင် အပူလှိုင်းများကြား စားသောက်ဆိုင်တစ်ခု၌ အနားယူနေကြသူများအား ၂၀၂၆ ခုနှစ်၊ ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့တွင် အပူလှိုင်းများကြား စားသောက်ဆိုင်တစ်ခု၌ အနားယူနေကြသူများအား ၂၀၂၆ ခုနှစ်၊ ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

............................

(Chinese Version)

世卫组织:欧洲高温相关超额死亡已超1300例

新华社日内瓦6月28日电 世界卫生组织总干事谭德塞28日在社交媒体平台X上表示,自6月21日以来,欧洲已记录到超过1300例与高温相关的超额死亡。  

超额死亡数指特定地点和特定时期估计的总死亡人数与没有健康危机情况下的估计死亡人数之间的差额。  

“欧洲是全球变暖最快的大洲,升温速度是全球平均水平的两倍。”谭德塞说,目前,1.5亿人生活在极端高温下,学校停课,电网面临严峻考验。在气候变化等因素影响下,原本多年一遇的热浪如今几乎年年出现。  

谭德塞说,世卫组织正与各方合作,聚焦应急筹备、预防、加强卫生系统响应等措施,以应对极端高温带来的健康威胁。世卫组织鼓励欧洲国家实施高温健康行动计划,以保护民众健康。(完)

English Caption 1: A thermometer shows temperature reaching 37 degrees Celsius outside the European Union headquarters in Brussels, Belgium, June 26, 2026.  (Xinhua/Lyu You)

English Caption 2: Rows of empty deck chairs are pictured by the Spree River in Berlin, Germany, June 24, 2026.(Xinhua/Zhu Yinan)

English Caption 3: People take a rest at a restaurant amid a heatwave in Rome, Italy, June 21, 2026. (Xinhua/Li Jing)