
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုလံဘီယာသမ္မတနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် Abelardo de la Espriella ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ဇွန် ၂၉ ရက်တွင် ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ကိုလံဘီယာနိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်များ ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၄၆ နှစ်တာကာလအတွင်း တရုတ်-ကိုလံဘီယာ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေအပြောင်းအလဲ၏စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ပြီး ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အစဉ်အမြဲ ထိန်းသိမ်းထားကြောင်း၊ နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုသည် အစဉ်အမြဲခိုင်မြဲပြီး ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုသည် ပြည်သူများစိတ်နှလုံးတွင် အမြစ်တွယ်နေကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-ကိုလံဘီယာဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတ Abelardo de la Espriella နှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုကို တစ်ဆင့်တိုးနက်ရှိုင်းစေကာ တရုတ်-ကိုလံဘီယာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရေးကို ဦးဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ထိုနေ့တွင် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်ကလည်း ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ကိုလံဘီယာနိုင်ငံ ဒုတိယသမ္မတ Jose Manuel Restrepo Abondano ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
习近平致电祝贺德拉埃斯普列亚当选哥伦比亚总统
新华社北京7月1日电 6月29日,国家主席习近平致电德拉埃斯普列亚,祝贺他当选哥伦比亚共和国总统。
习近平指出,中国和哥伦比亚是战略伙伴。建交46年来,中哥关系历经国际风云变幻考验,始终保持良好发展势头。两国政治互信持续巩固,人民友好深入人心,高质量共建“一带一路”合作不断取得新进展。我高度重视中哥关系发展,愿同德拉埃斯普列亚当选总统一道努力,进一步深化两国各领域交流合作,引领中哥战略伙伴关系迈上新台阶,更好造福两国人民。
同日,国家副主席韩正向哥伦比亚当选副总统雷斯特雷波致贺电。(完)
图说:5月31日,代表极右翼政治团体“祖国捍卫者”的独立候选人阿韦拉多·德拉埃斯普列利亚(中)在哥伦比亚巴兰基亚一处投票站投票。新华社发








