
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ နမီးဘီးယားသမ္မတနိုင်ငံ သမ္မတ Netumbo Nandi-Ndaitwah သည် ဇူလိုင် ၅ ရက်မှ ဇူလိုင် ၁၁ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၃ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ဤခရီးစဉ်၏ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။
“ယခုအကြိမ်ခရီးစဉ်က သမ္မတ Netumbo Nandi-Ndaitwah စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို ခရီးစဉ်လာရောက်ခြင်းဖြစ်ပါတယ်” ဟု ကောကျားခွန်းက ဆိုသည်။
ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Netumbo Nandi-Ndaitwah အတွက် ကြိုဆိုပွဲ အခမ်းအနားနှင့် ကြိုဆိုဧည့်ခံပွဲ ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံအကြီးအကဲ တွေ့ဆုံဆွေးနွေကြးမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်လီချန်နှင့် NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့သည် သမ္မတ Netumbo Nandi-Ndaitwah နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း၊ သမ္မတ Netumbo Nandi-Ndaitwah သည် ကွမ်တုန်းပြည်နယ်၊ စီချွမ်းပြည်နယ်သို့လည်း လေ့လာရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် နမီးဘီးယားနိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်သည့် ၃၆ နှစ်တာကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲ၏ စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ရပြီး အချိန်ကာလကြာရှည်လာသည့်နှင့်အမျှခိုင်မြဲလျက်ရှိကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုသည် စဉ်ဆက်မပြတ်နက်ရှိုင်းလာပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များလည်း ကြွယ်ဝကာ ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှု ဖော်ဆောင်ရန်အတွက် လက်တွဲရှေ့သို့ ချီတက်နေသလို နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ထိန်းသိမ်းရန်အတွက် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကောကားခွန်းက ပြောကြားခဲ့သည်။
“ယခုခရီးစဉ်က တရုတ်-နမီးဘီးယားဆက်ဆံရေးကို အဆင့်သစ်ဆီသို့ တက်လှမ်းဖို့ တွန်းအားပေးပြီး ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းက ပူးတွဲ၍ ကိုယ့်အားကိုယ်ကိုးမှုကို မြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်ပေးမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部介绍纳米比亚总统恩代特瓦访华安排
新华社北京7月3日电(记者冯歆然、邵艺博)应国家主席习近平邀请,纳米比亚共和国总统内通博·南迪-恩代特瓦将于7月5日至11日对中国进行国事访问。外交部发言人郭嘉昆3日在例行记者会上介绍此访安排和中方期待。
“此次访问是恩代特瓦总统就任以来首次访华。”郭嘉昆表示,访问期间,习近平主席将为恩代特瓦总统举行欢迎仪式和欢迎宴会,两国元首将举行会谈。李强总理、赵乐际委员长将分别会见恩代特瓦总统。恩代特瓦总统还将赴广东省、四川省参访。
郭嘉昆说,中国和纳米比亚是传统友好的全面战略合作伙伴。建交36年来,两国关系历经国际风云变幻考验,历久弥坚。当前,两国政治互信持续深化,互利合作成果丰硕,为实现发展繁荣携手奋进,为捍卫国际公平正义团结协作。
“相信此访将推动中纳关系迈上新台阶,为构建新时代全天候中非命运共同体、促进全球南方联合自强作出贡献。”他说。(完)
图说:2025年 3月21日,在纳米比亚温得和克,内通博·南迪-恩代特瓦(前)在总统就职仪式上发表讲话。新华社发(穆萨·卡萨克摄)








