တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက်တွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပနေစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက်တွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပနေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

“တရုတ်ကွန်မြူနစ်ပါတီက ရာစုနှစ်သက်တမ်းရှိတဲ့ ပါတီဖြစ်လာနိုင်တာဟာ ပြည်သူလူထုအတွက် စိတ်ရောကိုယ်ပါအကြွင်းမဲ့ ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ ၎င်းရဲ့အခြေခံရည်ရွယ်ချက်ကြောင့်ဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အဓိကနေရာမှာထားတာဟာ လူမှုအသိုင်းအဝိုင်းရဲ့ စည်းလုံးမှုအင်အားကို ထိရောက်စွာ မြှင့်တင်ပေးတယ်ဆိုတာကို တရုတ်နိုင်ငံအတွေ့အကြုံတွေက ပြသနေပါတယ်” ဟု ဘရာဇီး အာဏာရပါတီ အလုပ်သမားပါတီ (PT) ၏ နိုင်ငံတကာဆက်ဆံရေး အတွင်းရေးမှူး Humberto Costa က တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် “ကမ္ဘာတစ်ဝန်း အတိုင်းအတာဖြင့် အနက်ရှိုင်းဆုံးဖြစ်သော လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှု” နှင့် ကြုံတွေခဲ့ကြောင်း၊ လူဦးရေ သန်းရာပေါင်းများစွာသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့သလို အခြေခံအဆောက်အအုံတည်ဆောက်မှုများ တစ်ဟုန်တိုး ဖွံ့ဖြိုးတိုးတက်ခဲ့ရာ အများပြည်သူဝန်ဆောင်မှုအမျိုးမျိုး လွှမ်းခြုံမှုမှာလည်း သိသိသာမြင့်တက်လာခဲ့ကြောင်း၊ “တရုတ်ကွန်မြူနစ်ပါတီဟာ လက်တွေ့ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုရလဒ်တွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ယုံကြည်အားထားမှုကို ရရှိခဲ့တာဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ဆက်လက်တည်တံ့ခိုင်မြဲမှုကို သေချာစေခဲ့တယ်” ဟု Costa က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ခြင်းဟာ ယခုခေတ် အရေးပါဆုံးဖြစ်တဲ့ လူမှုစီးပွားရေး အောင်မြင်မှုတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်” ဟု Costa က ဆိုခဲ့သည်။  ဆင်းရဲနွမ်းပါးမှု ဖယ်ရှားခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းသည် ဘရာဇီးအပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ရင်ဆိုင်ရသော ဘုံကိစ္စရပ်ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူအား ဗဟိုပြုခြင်းကို ထိန်းသိမ်းထားမှု၊ လူဦးရေပမာဏများပြားလှသော နိုင်ငံတစ်နိုင်ငံအား ချမ်းသာမှု၊ အင်အားတောင့်တင်းမှုဆီသို့ လျှောက်လှမ်းရန် ဦးဆောင်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် အရေးပါသော မှီငြမ်းစရာအဖြစ် ပံ့ပိုးပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bdt3

.....................

世界读懂中国共产党|“赢得人民支持和信赖”

新华社里约热内卢7月7日电 世界读懂中国共产党|“赢得人民支持和信赖”
新华社记者赵焱  

“中国共产党能够成为百年大党,源于其全心全意为人民服务的根本宗旨。中国经验表明,将人民需求置于核心位置,有效增强了社会凝聚力。”中国共产党成立105周年之际,巴西执政党劳工党国际关系书记温贝托·科斯塔接受新华社记者专访时说。

科斯塔说,过去几十年,中国经历了“全球范围内最深刻的经济社会变革”:数亿人摆脱贫困,基础设施建设突飞猛进,各类公共服务的覆盖面大幅提升。“中国共产党以切实的发展成果赢得了民众支持和信赖,确保了国家发展战略的延续性。”

“中国打赢脱贫攻坚战堪称当代最重要的经济社会成就之一。”科斯塔说,消除贫困、谋求发展是包括巴西在内的全球南方国家面临的共同课题,中国共产党坚持以人民为中心,带领一个人口规模庞大的国家走向富强,为全球南方国家提供了重要借鉴。http://xhtxs.cn/bdt3

图说:7月1日上午,庆祝中国共产党成立105周年大会在北京人民大会堂隆重举行。 新华社记者 翟健岚 摄