
ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊ Think Tank ပညာရှင်နှင့် မီဒီယာ သတင်းထောက် စသည့် လူပုဂ္ဂိုလ်ပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် စာတမ်းများ သုတေသန အင်စတီကျု ပညာရပ်နှင့် စိစစ်ရေးကော်မတီ ဒါရိုက်တာ ဝမ်ကျွင်းဝေက အမှာစကားပြောကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာ့အကြီးဆုံး အာဏာရပါတီအနေဖြင့် ၎င်း၏အတွင်းပိုင်း ထူးချွန်သောထူးခြားချက်၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်တန်ဖိုးတို့သည် ကြီးမားသော ဆွဲဆောင်မှုအားနှင့် သက်ရောက်မှုအားတို့ကို တစ်နေ့တခြား တိုးမြင့်ဖော်ပြလျက်ရှိပြီး ပါတီ၏ Soft Power သည် ကမ္ဘာကြီး၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရမှုများ ရရှိလျက်ရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ အားကောင်းသော soft power သည် တရုတ်ကွန်မြူနစ်ပါတီ အောင်မြင်မှု၏ လျှို့ဝှက်ချက်ဖြစ်သလို ကမ္ဘာကြီးအတွက်လည်း နက်ရှိုင်းသော ဉာဏ်လမ်းစများ ဖွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာန ဒုတိယဥက္ကဋ္ဌ ဟော့ရှောင်ကွမ်းက အမှာစကားပြောကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီ ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power သည် အယူအဆ ဆန်းသစ်တီထွင်မှုဖြင့် ခေတ်ကာလ မေးခွန်းများကို အဆက်မပြတ် ဖြေဆိုခြင်း၊ ပြည်သူကိုဗဟိုပြုခြင်းဖြင့် စီမံအုပ်ချုပ်မှု အခြေခံအုတ်မြစ်ချခြင်း၊ လူမှုယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူခြင်းဖြင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်းတို့မှ အရင်းခံခြင်းဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီက ၁၀၅ နှစ်ကြာ ကြိုးပမ်းမှုဖြစ်စဉ်အတွင်း စုစည်းဖော်ဆောင်ထားသည့် စနစ်တကျတွေးခေါ်မှုနှင့် လက်တွေ့အကောင်အထည်ဖော်မှုပင်ဖြစ်ကြောင်း၊ ထူးချွန်သည့် ထူးခြားချက်ကို ပိုင်ဆိုင်ထားသော တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများအတွက် ပိုမိုသာယာလှပသောဘဝများ ဖန်တီးပေးနိုင်သည်သာမက လူသားမျိုးနွယ်တိုးတက်မှုလုပ်ငန်းအတွက်လည်း ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်မှုအသစ်များ မုချဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်း ကျောင်းထုန်းတက္ကသိုလ် အမှုဆောင် ဒုတိယပါမောက္ခချုပ် ရှီးလိဖုန်းက အမှာစကား ပြောကြားရာ၌ အရေးကြီးသော ကမ္ဘာတစ်ဝန်း ဩဇာသက်ရောက်မှုရှိသည့် ကမ္ဘာ့အကြီးဆုံး အာဏာရပါတီအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဩဇာသက်ရောက်မှုသည် “စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်” စသည့် နိုင်ငံရေးရာစီမံအုပ်ချုပ်မှု အယူအဆနှင့် အတွေ့အကြုံများ၏ ပြင်ပသို့သက်ရောက်မှုများတွင် ပေါ်လွင်နေသည်သာမက “လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု” စသည့် နိုင်ငံတကာအများပြည်သူထုတ်ကုန် (Public Goods) များ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရမှုတွင်လည်း ထင်ဟပ်နေကြောင်း၊ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု soft power ကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်ဖော်ပြမှုနှင့် အားကောင်းစွာ သက်သေပြမှုတို့ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် စာတမ်းများ သုတေသန အင်စတီကျု သိပ္ပံသုတေသန စီစဉ်ရေးဆွဲမှုဌာန၊ ဆင်ဟွာအင်စတီကျု၊ ရှန်ဟိုင်း ကျောင်းထုန်းတက္ကသိုလ်တို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲ တက်ရောက်လာသော ဧည့်သည်တော်များက တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပါတီ၏ ကိုယ်တိုင်တည်ဆောက်မှုကို တွန်းအားပေးခြင်း၏ အယူအဆနှင့် လက်တွေ့ဖော်ဆောင်မှုနှင့်စပ်လျဉ်း၍ “ပြည်သူသည်သာအဓိက ဟူသည့် စီမံအုပ်ချုပ်မှုအယူအဆအား အာရုံစိုက်ခြင်း” ၊ “အယူအဆဆန်းသစ်တီထွင်သော အတွေးအခေါ်ပိုင်းဆိုင်ရာ ဦးဆောင်မှု” ၊ “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအား ခိုင်မြဲစွာဖော်ဆောင်မှု” စသည့် ဆွေးနွေးမှုခေါင်းစဉ်ဖြင့် ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ (Xinhua)


--------------------------------------------------------------------------------------
(Chinese Version)
“红厅论坛·高端对话:百年大党长期执政的软实力”国际研讨会在上海举行
新华社上海7月10日电(记者熊丰、陈潇雨)“红厅论坛·高端对话:百年大党长期执政的软实力”国际研讨会10日在上海举行。来自40个国家的100名外交官、智库专家和媒体记者等人士参会。
中共中央党史和文献研究院学术和编审委员会主任王均伟在致辞中表示,中国共产党作为世界第一大执政党,其内在优秀特质、思想理念、精神价值越来越展现出巨大吸引力和影响力,党的软实力越来越获得世界广泛认可。中国共产党长期执政的强大软实力,既是中国共产党成功的密码,也为世界带来深刻启迪。
新华通讯社副社长霍小光在致辞中表示,中国共产党长期执政的软实力,源于以理论创新不断回答时代课题、以人民至上铸就执政根基、以文明互鉴推动共同发展,是中国共产党在105年奋斗历程中积淀而成的系统思考与实践。拥有优秀特质的中国共产党,不仅能为中国人民创造更加美好的生活,也必将为人类进步事业作出新的更大贡献。
上海交通大学常务副校长奚立峰在致辞中表示,作为具有重大全球影响力的世界第一大执政党,中国共产党的国际影响力既体现在“绿水青山就是金山银山”等治国理政理念与经验的外溢效应,又体现在“构建人类命运共同体”等国际公共产品获得广泛认同,这都是中国共产党长期执政软实力的生动体现和有力证明。
本次研讨会由中央党史和文献研究院科研规划部、新华社研究院、上海交通大学共同举办。嘉宾们围绕中国共产党推进党的自身建设的理论和实践,就“聚焦人民至上的执政理念”“理论创新的思想引领”“和平发展的坚定追求”等议题展开深入交流探讨。(完)
图说1:这是7月10日拍摄的研讨会现场。新华社记者 王翔 摄
图说2、3:7月10日,嘉宾在研讨会上听会。新华社记者 王翔 摄







