
မိုင်ယာမီ၊ အမေရိကန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၁ ရက်က အင်္ဂလန်အသင်းနှင့် နော်ဝေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်၌ အင်္ဂလန်အသင်းက ဂျုဒ် ဘယ်လင်ဟမ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမားက ပထမပိုင်း ထပ်ဆောင်းအချိန်ပိုတွင် ချေပဂိုးသွင်းယူခဲ့သလို အချိန်ပို အစပိုင်းတွင် အနိုင်ဂိုးသွင်းယူကာ မိုင်ယာမီမြို့၏ စိုထိုင်း၍ ပူပြင်းသော ရာသီဥတုအောက်တွင် အင်္ဂလန်အတွက် comeback နိုင်ပွဲ ရယူပေးခဲ့သည်။
ယခုပွဲစဉ်၌ နှစ်သင်းစလုံးမှာ အထနှေးနေခဲ့ပြီး ပြင်းထန်သည့် ရာသီဥတုအောက်တွင် ရုန်းကန်ခဲ့ရသည်။ နှစ်သင်းစလုံးမှာ ဂိုးသွင်းခွင့်များကို ပီပီပြင်ပြင် ဖန်တီးနိုင်ခဲ့ခြင်းမရှိဘဲ ပွဲချိန် ၁၉ မိနစ်ရောက်မှသာ အင်္ဂလန်အသင်းမှ ဘယ်လင်ဟမ်က ပထမဆုံးအကြိမ် အခွင့်အရေးကောင်း ရရှိခဲ့သော်လည်း ၎င်း၏ ခေါင်းတိုက်ချက်မှာ ဂိုးပေါက်တည့်ခဲ့ခြင်းမရှိပေ။ ပွဲချိန် ၂၉ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် ဟယ်ရီကိန်း အခွင့်အရေးရခဲ့သော်လည်း ၎င်း၏အဆုံးသတ်မှုမှာ ဂိုးဘားတန်းပေါ်မှ ကျော်သွားခဲ့သည်။
သို့သော် နော်ဝေအသင်းက တဖြည်းဖြည်း ကစားကွက်မိလာခဲ့ပြီး အင်္ဂလန်အသင်းခံစစ်ကို ခြိမ်းခြောက်မှုများ စတင်ပြုလုပ်လာနိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ယခုပွဲစဉ်၌ အာလင် ဟာလန်းက ပထမဆုံးအကြိမ် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှုအဖြစ် အင်္ဂလန်အသင်း ဂိုးဧရိယာထဲတွင် အမြင့်ခုန်ခေါင်းတိုက်ခဲ့သော်လည်း ၎င်း၏ခေါင်းတိုက်ချက်မှာ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် တည့်တည့်ကိုသာ ရောက်ရှိခဲ့သည်။
တစ်မိနစ်အကြာတွင် နော်ဝေအသင်းက အမှတ်မထင် ဦးဆောင်ဂိုးရရှိခဲ့သည်။ အန်ဒရေစ် ရှဂျယ်ဒရက်ပ် ဘယ်ခြမ်းမှဆွဲပြေးလာပြီး ဂိုးထဲသို့ ဖြတ်တင်ပေးမှုမှာ ဂိုးတိုင်၏ အတွင်းဘက်နှင့်ထိကာ ဂိုးဝင်သွားခဲ့သည်။ ပွဲကစားချိန် ၄၄ မိနစ်တွင်လည်း နော်ဝေအသင်းက ဒုတိယဂိုးရလုနီးနီးဖြစ်ခဲ့သည်။ အလက်ဇန်းဒါး ဆော်လော့ ဂိုးပေါက်ဆီသို့ ဆွဲပြေးလာပြီး ဟာလန်းက အသင့်စောင့်ဆိုင်းနေသည့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသော အနေအထားဖြစ်ခဲ့သော်လည်း ဂျွန်စတုန်းစ်က အကောင်းဆုံး ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။
ပထမပိုင်း ထပ်ဆောင်းအချိန်ပိုတွင် အင်္ဂလန်အသင်း ချေပဂိုးရရှိခဲ့သည်။ အန်သနီ ဂေါ်ဒန် ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေးလာပြီး ဘောလုံးခင်းပေးခဲ့ရာ ဘယ်လင်ဟမ်က နောက်ခံလူနှစ်ဦးကို ကျော်ဖြတ်၍ ဘယ်ခြေကန်ချက်ဖြင့် သေသေသပ်သပ် သွင်းယူခဲ့ခြင်းဖြစ်သည်။ တစ်မိနစ်အကြာတွင် ကိန်းက တစ်ဂိုးသွင်းယူခဲ့သော်လည်း လူကျွံနေသည့်အတွက် ဂိုးမရခဲ့ပေ။၉၃ မိနစ်တွင်မူ အင်္ဂလန်အသင်းက ဦးဆောင်ဂိုး ရရှိသွားပြီး အင်္ဂလန်အသင်း၏ အဝေးကန်ချက်ကို ဂိုးသမား အော်ဂျန် နိုင်လန် ပီပီပြင်ပြင် ကာကွယ်နိုင်ခြင်းမရှိရာမှ လျှံထွက်လာသည့် ဘောလုံးကို ဘယ်လင်ဟမ်က အလျင်အမြန် ပြေးဝင်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် နော်ဝေအသင်းက ချေပဂိုးရရှိရန် အပြင်းအထန် တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၁၀၉ မိနစ်တွင် ပက်ထရစ် ဘာ့ဂ်၏ ကန်ချက်မှာ ဂိုးဘားပေါ်မှကျော်သွားခဲ့သည်။ အင်္ဂလန်အသင်းကလည်း တန်ပြန်တိုက်စစ်မှတစ်ဆင့် အနိုင်ဂိုးထပ်မံသွင်းယူနိုင်မည့် အခွင့်အရေးများ ရရှိခဲ့သည့်တိုင် နော်ဝေဂိုးသမား နိုင်လန်က စပန့်စ်နှင့် ဆာကာတို့၏ ဆက်တိုက်ဂိုးကန်သွင်းမှုများကို လက်စွမ်းပြကာ နှစ်ဆင့်ကာကွယ်၍ ၎င်း၏အမှားကို ပြန်လည်အဖတ်ဆယ်ခဲ့သည်။
ယခုပွဲစဉ်၌ အနိုင်ရရှိခဲ့သည့် အင်္ဂလန်အသင်းမှာ ၈ နှစ်အတွင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲကို တစ်ကျော့ပြန် ဖော်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။နော်ဝေအသင်းအနေဖြင့် ယခုပွဲစဉ်၌ ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ သမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီးဖြစ်သည်။ (Xinhua)
..................................................................
(English Version)
Bellingham's brace helps England edge Norway to reach World Cup semifinals
MIAMI, United States, July 11 (Xinhua) -- England booked its place in the World Cup semifinals on Saturday, coming from behind to edge Norway 2-1 thanks to a brace from Jude Bellingham.
The Real Madrid star scored a first half stoppage-time equalizer before pouncing again early in extra time to help the Three Lions complete the comeback in the humid heat of Miami.
The match got off to a slow start as both sides struggled with the stifling conditions. Neither side created a clear-cut opening until the 19th minute, when England's first real chance fell to Bellingham, though he couldn't direct his header on target. Harry Kane had an opportunity from a free-kick in the 29th minute, but his effort sailed high over the bar.
Norway, however, grew into the game and began testing the England defense. Erling Haaland had his first shot on goal in the 35th minute, rising highest in the box to meet a cross, but his header went straight at goalkeeper Jordan Pickford.
Just a minute later, Norway took a surprise lead. Andreas Schjelderup surged forward down the left and attempted a deep cross toward the back post, while the ball bounced off the inside of the post and nestled into the net.
Norway almost extended its lead in the 44th minute. It had a 2-on-1 with Alexander Sorloth running at goal and Haaland waiting, but John Stones defended it to perfection and forced a blocked shot.
England leveled the match in stoppage time. Anthony Gordon drove down the left wing and found Bellingham, who wove his way past two defenders and hammered home a left-footed finish. One minute later, Kane had the ball in the back of the net but was ruled offside.
England took the lead in the 93rd minute as Bellingham reacted quickest after goalkeeper Orjan Nyland failed to deal with a long-range effort and smashed the rebound into the net.
Norway threw everything forward in search of an equalizer, but Patrick Berg's 109th-minute effort flew over the bar. England had several chances to secure the win on the counterattack, but Nyland redeemed himself with a fine double save to deny both Spence and Saka in quick succession.
With the victory, England reached its first World Cup semifinal in eight years as it continues its quest to repeat the glory of 1966.
Despite the defeat, Norway already had a historic run, reaching the last eight for the first time in history.
English Caption 1
Jude Bellingham (L) of England celebrates after scoring with teammate Morgan Rogers during the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Chen Yichen)
English Caption 2
Andreas Schjelderup (1st L) of Norway celebrates after scoring with teammate Erling Haaland (2nd L) during the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Huang Zongzhi)
English Caption 3
Jude Bellingham (1st R) of England scores during the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Cheng Min)







