တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်းမှ ခုတ်မောင်းသွားသော ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်းမှ ခုတ်မောင်းသွားသော ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဝယ်ယူသုံးစွဲမှုများ ပြန်လည်အားကောင်းလာမှု ဆက်လက်ဖြစ်ပေါ်နေကာ နည်းပညာမြင့် စက်မှုလုပ်ငန်းများ ပိုမိုအရှိန်ရလာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တည်တည်ငြိမ်ငြိမ် တိုးတက်မှုကို ထိန်းထားနိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် လက်အောက်ရှိ နိုင်ငံတော် သတင်းအချက်အလက် ပြန်ကြားရေးဌာန (SIC) က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အော့ဖ်လိုင်း (offline) ဝယ်ယူသုံးစွဲမှုများအတွက် ငွေပေးချေမှုများကို စောင့်ကြည့်မှတ်တမ်းတင်သည့် ညွှန်းကိန်းများမှာ ယမန်နှစ်ကာလတူထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ကိုယ်တိုင်သွားရောက်ဝယ်ယူရသည့် ဈေးဝယ်ဗဟိုချက်နေရာများသို့ သွားရောက်မှုမှာလည်း ၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် ဝယ်ယူသုံးစွဲသူများ၏ လှုပ်ရှားမှုမှာ ပထမခြောက်လအတွင်း ဆက်လက်အားကောင်းလျက်ရှိသည်ဟု SIC ၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံ၌ အီလက်ထရွန်းနစ်ထုတ်ကုန်များကို ဝယ်ယူသုံးစွဲမှုမှာ အဆိုပါကာလအတွင်း ၉.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သလို ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လည်ပတ်လှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးနှင့် အစားအသောက် ဝန်ဆောင်မှုအတွက် ငွေကြေးသုံးစွဲမှုမှာလည်း ၆.၁ ရာခိုင်နှုန်းနှင့် ၄.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြလျက်ရှိသည်။

ထိုသို့ အခြေအနေများ ပြန်လည်ကောင်းမွန်လာခြင်းမှာ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပါးနပ်လိမ္မာစွာ ဝယ်ယူမှုများ ခိုင်ခိုင်မာမာ တိုးတက်ရေးကို အထောက်အကူပြုသည့် ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများ တိုးတက်ကောင်းမွန်ခြင်းနှင့်အတူ ပြည်တွင်းဝယ်လိုအားနှင့် စားသုံးမှုမြှင့်တင်ရေး မူဝါဒများကြောင့် ဖြစ်သည်ဟု SIC ၏ သုတေသနပညာရှင် ရှင်ယွိကွမ်းက ဆိုသည်။

ထို့ပြင် နည်းပညာမြင့် လုပ်ငန်းကဏ္ဍများတွင် အရှိန်အဟုန် တိုးတက်လာမှုကိုလည်း အချက်အလက်များက မီးမောင်းထိုးပြလျက်ရှိသည်။ ဉာဏ်ရည်တုနည်းပညာနှင့် လူပုံစံတူစက်ရုပ်ကဲ့သို့သော နယ်ပယ်သစ် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၁၈.၄ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့သလို ကွန်ပျူတာတွက်ချက်မှုစွမ်းရည် အပါအဝင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် လေလံအောင်မြင်သည့် တန်ဖိုးမှာလည်း ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။

ထို့အတူ စက်မှုလုပ်ငန်း လည်ပတ်လှုပ်ရှားမှုနှင့် ဆန်းသစ်တီထွင်မှုမှာလည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိဆဲဖြစ်သည်။ စက်မှုဥယျာဉ်များ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ လည်ပတ်လှုပ်ရှားမှုညွှန်းကိန်းမှာ အဆိုပါကာလ၌ ယမန်နှစ်ကာလတူထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် မူပိုင်ခွင့် ခွင့်ပြုချက်များသည်လည်း ၁၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရန် စက်ရုပ်လက်တံများကို ထိန်းချုပ်လည်ပတ်နေသည့် နည်းပညာရှင်များအား ၂၀၂၅ ခုနှစ် ဖေ‌ဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရန် စက်ရုပ်လက်တံများကို ထိန်းချုပ်လည်ပတ်နေသည့် နည်းပညာရှင်များအား ၂၀၂၅ ခုနှစ် ဖေ‌ဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.....................................................................................

(English Version)

High-frequency data signals steady improvement in China's economy in H1

BEIJING, July 12 (Xinhua) -- China's economy maintained steady improvement in the first half of the year (H1), with consumption continuing to recover and high-tech industries gathering momentum, according to data released by the State Information Center (SIC) under the National Development and Reform Commission, the country's top economic planner.

Consumer activity continued to recover during the first six months, as the index tracking offline consumption payments rose 2.7 percent year on year, while foot traffic at brick-and-mortar shopping districts increased 5.7 percent, according to the SIC.

Data showed the country's spending on electronic products climbed 9.5 percent during the period, while transportation and catering spending related to cultural and tourism activities increased 6.1 percent and 4.9 percent, respectively.

Xing Yuguan, a researcher with the SIC, attributed the recovery to a package of policies to boost domestic demand and consumption, along with improving supply and demand conditions that supported strong growth in cultural, tourism and smart consumption.

The data also highlighted growing momentum in high-tech sectors. Investment in frontier fields such as artificial intelligence and humanoid robots surged 118.4 percent year on year in H1, while the value of winning bids for digital infrastructure projects, including computing power, increased 23 percent.

Industrial activity and innovation also remained resilient. The production activity index for industrial parks rose 3.9 percent year on year during the period, while patent authorizations related to strategic emerging industries increased 15.6 percent.

English Caption 1

An aerial drone photo taken on April 25, 2025 shows a cargo ship navigating at Tianjin Port in north China's Tianjin. (Xinhua/Zhao Zishuo)

English Caption 2

Technicians operate robotic arms to process components for new energy vehicles at a company in Changxing Economic and Technological Development Zone of Huzhou City, east China's Zhejiang Province, on Feb. 5, 2025. (Photo by Tan Yunfeng/Xinhua)