
အတ္တလန်တာ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၅ ရက်က အာဂျင်တီးနားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ အာဂျင်တီးနားက တစ်ဂိုးရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ ထပ်ဆောင်းအချိန်ပိုတွင် လော်တာရို မာတီနက်ဇ်၏ အနိုင်ဂိုးကြောင့် ၂-၁ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိသွားခဲ့သည်။
ဒုတိယပိုင်းပွဲချိန် အစောပိုင်းတွင် အန်သနီ ဂေါ်ဒန်က အနီးကပ်ပိတ်သွင်း၍ အင်္ဂလန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ အန်ဇို ဖာနန်ဒက်ဇ်က အဝေးကန်ချက်ဖြင့် ပြန်လည်ချေပခဲ့သည်။
ယခုပွဲစဉ်၌ လီယွန်နယ် မက်ဆီက ဖာနန်ဒက်ဇ်၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို ပွဲကစားချိန် ၉၂ မိနစ်တွင် အဝေးတိုင်ဆီသို့ မာတီနက်ဇ် ခေါင်းတိုက်သွင်းယူခဲ့သည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။
အာဂျင်တီးနားအနေဖြင့် နယူးယောက် နယူးဂျာစီအားကစားကွင်းတွင် ဇူလိုင် ၁၉ ရက်၌ စပိန်အသင်းနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်ကာ လွန်ခဲ့သည့်လေးနှစ်က ကာတာနိုင်ငံတွင် ဆွတ်ခူးနိုင်ခဲ့သည့် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
အာဂျင်တီးနားအနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယပိုင်း ထပ်ဆောင်းအချိန်ပို သို့မဟုတ် အချိန်ပိုတွင် သွင်းယူသည့် အနိုင်ဂိုးဖြင့် လေးပွဲဆက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ အာဂျင်တီးနားက ကာဘိုဗာဒီနှင့် ဆွစ်ဇာလန်တို့ကို အချိန်ပိုတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သလို အီဂျစ်ကိုလည်း ထပ်ဆောင်းအချိန်ပိုသွင်းဂိုးဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မက်ဆီမှာ ပွဲချိန်ပထမပိုင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး မကြာခဏဆိုသလို အာဂျင်တီးနားအသင်း ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရရှိနိုင်ရန် ကွင်းလယ်အထိဆင်းကစားခဲ့ရကာ အသင်းတိုက်စစ်ဆင်ချိန်တွင်လည်း ပြိုင်ဘက်ကစားသမားများ၏ ပိတ်ဆို့ထိန်းချုပ်ထားခြင်းကို ခံခဲ့ရသည်။
ဒုတိယပိုင်းပြန်စချိန်တွင်မူ အာဂျင်တီးနားက ပိုမိုဖိကစားလာနိုင်ခဲ့ပြီး အစောပိုင်းမိနစ်များတွင် ဟူလီယန် အယ်လ်ဗာရက်ဇ်က အင်္ဂလန်ခံစစ်ကို နှစ်ကြိမ်ထိုးဖောက်ကာ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော် ၎င်း၏ပထမအကြိမ် ကန်ချက်ကို အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ကာကွယ်သွားခဲ့သလို ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းခဲ့သည့် ၎င်း၏ဒုတိယမြောက် ကန်ချက်မှာလည်း ဂိုးတိုင်ဘေးမှထွက်သွားခဲ့သည်။
အင်္ဂလန်အသင်းကလည်း ပိုမိုလွတ်လွတ်လပ်လပ် ကစားလာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်တွင် ဟယ်ရီကိန်းထံမှ အစပြုသည့် သေသပ်ကောင်းမွန်သော တွဲလုံးမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး၏ အန္တရာယ်ရှိသော ဘောလုံးပေးပို့မှုကို အာဂျင်တီးနားခံစစ်က လွတ်လွတ်ကျွတ်ကျွတ် ရှင်းမထုတ်နိုင်စဉ် ရိုက်စ်က အချိန်မီဘောလုံးရယူကာ ပြန်ချပေးမှုကို အဝေးတိုင်ဆီသို့ ဖြတ်တင်ပေးခဲ့ရာ ဂေါ်ဒန်က ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ကိုကျော်၍ အလိုက်သင့်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် အာဂျင်တီးနားအသင်းက တိုက်စစ်အရှိန်မြှင့်ခဲ့ရာ နေရာလွတ်များ ရှာဖွေလာနိုင်ခဲ့သည်။ ဖာနန်ဒက်ဇ်၏ အဝေးဘောပေးပို့မှုမှတစ်ဆင့် ဂူလီယာနို ဆီမြွန်နီက ဂိုးဧရိယာထဲသို့ ဆွဲဝင်လာခဲ့ရာ ဂျက်ဒ် စပန့်စ်က နောက်ဆုံးခံစစ်မှူးအနေအထားမှ ရှင်းထုတ်နိုင်ခဲ့သည်။
ထို့နောက် မက်ဆီ၏ ဘောလုံးပေးပို့မှုမှတစ်ဆင့် နစ်ကို ဂွန်ဇာလက်ဇ်၏ ခေါင်းတိုက်ချက်ကိုလည်း ပစ်ဖို့ဒ်က ညာဘက်သို့ အလျင်အမြန်ဒိုင်ဗင်ပစ်ကာ ကာကွယ်ခဲ့ရပြန်သည်။
အာဂျင်တီးနားအသင်းက တောက်လျှောက်ဖိကစားခဲ့ရာ လူစားဝင်ကစားသမား ရိုဒရီဂို ဒီပေါလ်က မက်ခ် အယ်လစ္စတာဆီသို့ အနေတော်ဖြတ်တင်ပေးခဲ့သော်လည်း အဆိုပါ လီဗာပူးလ်ကွင်းလယ်လူ၏ ခေါင်းတိုက်ချက်မှာ ဂိုးတိုင်နှင့်ထိခဲ့သည်။ ထို့နောက် မက်ဆီ၏ အဝေးကန်ချက်မှာလည်း အဝေးတိုင်ဘေးမှ ပွတ်ကာသီကာ လွဲချော်သွားခဲ့သည်။
ဖာနန်ဒက်ဇ်၏ ကိုက် ၃၀ အကွာမှ အပြင်းကန်ချက်ကို ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့သော်လည်း ယင်းသည် အာဂျင်တီးနားအသင်း ချေပဂိုးသွင်းယူနိုင်ရန် အစမ်းလေ့ကျင့်မှုသဖွယ် ဖြစ်ခဲ့သည်။
ခဏအကြာတွင် မက်ဆီနှင့် အပေးအယူလုပ်ရင်း ဖာနန်ဒက်ဇ်က တစ်ချက်ထိန်း၍ အဝေးထောင့်ထဲသို့ ၂၅ ကိုက်အကွာမှ အပြင်းကန်သွင်းကာ ချေပဂိုးသွင်းယူနိုင်ခဲ့သည်။
ယင်းနောက် အင်္ဂလန်အသင်းက ရုတ်တရက် ကစားကွက်ပျက်သွားခဲ့ပုံရပြီး အာဂျင်တီးနားအသင်းက တရစပ် တိုက်စစ်ဆင်လာနိုင်ခဲ့သည်။ မက်ခ် အယ်လစ္စတာ၏ ဂိုးဧရိယာအပြင်ဘက်မှ အနိမ့်ကန်ချက်မှာ ဂိုးတိုင်နှင့်ထိပြီး ပြန်လျှံထွက်လာစဉ် မက်ဆီက ဘောလုံးရယူ၍ ဂိုးရှေ့သို့ဖြတ်တင်ပေးမှုကို မာတီနက်ဇ်က အပြင်းခေါင်းတိုက်သွင်းခဲ့ရာ ပစ်ဖို့ဒ် မည်သို့မျှမတတ်နိုင်ခဲ့ဘဲ အာဂျင်တီးနားအသင်း အနိုင်ဂိုးရရှိသွားခဲ့သည်။ (Xinhua)
......................................................................
(English Version)
Martinez sends Argentina into World Cup final
ATLANTA, United States July 15 (Xinhua) -- Lautaro Martinez scored in stoppage time as Argentina recovered from a goal down to reach the World Cup final with a dramatic 2-1 win over England on Wednesday.
England went ahead early in the second half through Anthony Gordon's close-range strike before Enzo Fernandez equalized from distance.
Lionel Messi, who provided the pass for Fernandez's goal, then set up the winner with a 92nd-minute cross that Martinez headed in at the far post.
Argentina will seek to defend the title it won in Qatar four years ago when it faces Spain in the final at New York New Jersey Stadium on Sunday.
It was the fourth successive game at this World Cup that Argentina has won with a goal either in second-half stoppage time or extra time. The Albiceleste needed extra time to beat Cabo Verde and Switzerland, and a stoppage-time goal to overcome Egypt.
Messi struggled to make an impact in the first half, often dropping deep to help Argentina retain possession and finding himself crowded out whenever the Albiceleste pushed forward.
Argentina emerged from halftime with greater purpose, with Julian Alvarez twice testing England's defense in the opening minutes. His first attempt was beaten away by Jordan Pickford and his second from a tight angle went into the side netting.
England was also playing more freely and went ahead in the 55th minute after a slick move that began with Harry Kane. The Bayern Munich striker's dangerous ball was only partially cleared and Rice pounced, sending a cross to the far post, where Gordon nudged the ball past Emiliano Martinez.
As the tempo lifted, Argentina also began to find space. Fernandez's long pass released Giuliano Simeone, who raced into the box before being thwarted by Djed Spence's last-ditch tackle.
Pickford then lunged to his right to keep out Nico Gonzalez's header following Messi's pass.
Argentina continued to press. Substitute Rodrigo De Paul picked out Mac Allister with a perfectly weighted cross but the Liverpool midfielder's header rebounded off the post. Messi's long-range effort then flew narrowly wide of the far post.
Fernandez forced a fingertip save from Pickford with a dipping 30-yard effort that proved to be a rehearsal for the equalizer.
Moments later, Messi combined with Fernandez and the Chelsea midfielder took a touch before lashing a 25-yard strike into the far corner.
England suddenly looked overwhelmed as Argentina attacked relentlessly. Mac Allister again hit the woodwork with a low drive from outside the area before Messi collected the loose ball and whipped a cross to Martinez, whose powerful header left Pickford with no chance.
English Caption 1
Lionel Messi (top) of Argentina celebrates victory after the semifinal match between Argentina and England at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 15, 2026. (Xinhua/Jia Haocheng)
English Caption 2
Lautaro Martinez (top C) of Argentina shoots and scores during the semifinal match between Argentina and England at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 15, 2026. (Xinhua/Li Ming)
English Caption 3
Lionel Messi (C) of Argentina breaks through during the semifinal match between Argentina and England at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 15, 2026. (Xinhua/Xiao Yijiu)






