တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ ပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ၌ ပြခန်းကောင်တာများ နေရာချနေသည့် အလုပ်သမားများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ ပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ၌ ပြခန်းကောင်တာများ နေရာချနေသည့် အလုပ်သမားများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဉာဏ်ရည်တု (AI) နည်းပညာက စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် နေ့စဉ်လူမှုဘဝများကို အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ပြန်လည်ပုံဖော်ပေးလျက်ရှိသည်။ ယခုအခါ အဆိုပါ အင်အားအကောင်းဆုံး စနစ်ကို မည်သူက တီထွင်ခဲ့သနည်းဆိုသည့် မေးခွန်းထက် ဉာဏ်ရည်တု (AI) နည်းပညာက ပထဝီနိုင်ငံရေးယှဉ်ပြိုင်ရာတွင် လက်နက်ဖြစ်လာပြီလော သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ဘုံတိုးတက်မှု‌အင်ဂျင်ဖြစ်လာပြီလော ဆိုသည့်မေးခွန်းပင်ဖြစ်သည်။

ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သော ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံ (WAIC) သည် ထိုမေးခွန်းကို ရှောင်လွှဲရန် ပိုမိုခက်ခဲလာချိန်၌ ကျင်းပလိုက်ခြင်းဖြစ်သည်။ ခင်းကျင်းပြသထားသော အောင်မြင်မှုများ၏ နောက်ကွယ်၌ ယခုအစည်းအဝေးကြီး၏ သတင်းစကားအစစ်အမှန်မှာ ရိုးရှင်းလှကာ AI က သီးသန့်ခွဲခြားမှုမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုဖြင့်သာ တိုးတက်လာခြင်း ဟူ၍ပင်ဖြစ်သည်။

၂၀၂၆ ခုနှစ် WAIC အကြိုနေ့တွင် ရှန်ဟိုင်းမြို့၌ ကမ္ဘာ့ ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တည်ထောင်ခြင်း သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို လက်ခံကျင်းပခဲ့ပြီး ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဆိုသည်မှာ ကွဲပြားနေခြင်းထက် ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တိုးတက်လာခြင်းဖြစ်ကြောင်းကို အချိန်ကိုက် သတိပေးနှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်။

တစ်ဖက်သတ် ကန့်သတ်မှုများနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများသည် ကမ္ဘာလုံးဆိုင်ရာ AI ဂေဟစနစ်ကို အားစိုက်ပြီး နည်းပညာစီးဆင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ တင်းကျပ်ခြင်းဖြစ်သည်။ တကယ့်အန္တရာယ်အစစ်အမှန်မှာ ဆန်းသစ်တီထွင်မှုနှေးကွေးခြင်းမဟုတ်ဘဲ ပိုမိုကွဲပြားလာသည့် AI အခင်းအကျင်းကြောင့် နိုင်ငံအများအပြား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား လာမည့် နည်းပညာတော်လှန်ရေးနယ်ပယ်များပေါ်မှ ကျန်ရစ်စေခြင်းပင် ဖြစ်သည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260717/9868e1b3e57d4c1e9b63c842255e2fc4/c.html

#China #ArtificialIntelligence #Development #Innovation #တရုတ် #ဉာဏ်ရည်တုနည်းပညာ #ဖွံ့ဖြိုးတိုးတက်မှု #ဆန်းသစ်တီထွင်မှု

……………………………………..

(English Version)

Xinhua Commentary: The future of AI depends on sharing innovation, not restricting it

BEIJING, July 17 (Xinhua) -- Artificial intelligence (AI) is reshaping economies, industries and daily life at breakneck speed. The question that matters now is not who builds the most powerful system, but whether AI becomes a weapon in geopolitical rivalry or an engine of shared global progress.

The 2026 World Artificial Intelligence Conference (WAIC), opening in Shanghai on Friday, arrives just as that question is becoming harder to avoid. Beyond the breakthroughs on display, the event's real message is simpler: AI advances through openness, not isolation.

On the eve of the 2026 WAIC, Shanghai hosted the signing ceremony of the Agreement on the Establishment of the World Artificial Intelligence Cooperation Organization, a timely reminder that global AI governance is advancing through dialogue and cooperation rather than division.

Unilateral restrictions and protectionist policies are straining the global AI ecosystem, tightening restrictions on technology flows and investment. The real danger is not that innovation slows, but that a more fragmented AI landscape leaves many countries -- developing economies above all -- on the margins of the next technological revolution.

https://english.news.cn/20260717/9868e1b3e57d4c1e9b63c842255e2fc4/c.html

Photo: Workers arrange exhibition stalls at the Shanghai World Expo Exhibition and Convention Center in Shanghai, east China, July 16, 2026. (Xinhua/Ding Ting)