
ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားသမ္မတရုံး ဒုတိယအမှုဆောင်အရာရှိချုပ် Maxim Oreshkin တို့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၇ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ တက်ရောက်ရန်နှင့် ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) တည်ထောင်ရေးနှင့်ပတ်သက်၍ ရုရှားအစိုးရကိုယ်စား လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် Oreshkin ကို ကြိုဆိုခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကောင်းမွန်၊ ဘေးကင်း၍ အစီအစဉ်တကျရှိသော AI ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စွမ်းရည်တည်ဆောက်မှု မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အာရုံစိုက်ရေး၊ AI အား တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညိနှိုင်းဆောင်ရွက်မှု၏ အရေးပါသော တိုးတက်မှုအဖြစ် ဖန်တီးရေးအတွက် ရုရှားနိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ဝမ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုသည် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော အာမခံချက်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သလို နှစ်ဖက်စလုံးက နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးပါသော သဘောတူညီချက်ကို လိုက်နာပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား ပိုမိုမြှင့်တင်သင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
WAICO တည်ထောင်ရေးသည် ကမ္ဘာကြီးအား အကျိုးဖြစ်ထွန်းစေသည့် တရုတ်နိုင်ငံ၏ အရေးပါသော အစီအစဉ်ဖြစ်ကြောင်း Oreshkin ကလည်း ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်အား ရုရှားနိုင်ငံအနေဖြင့် အထူးတန်ဖိုးထားချီးကျူးကာ ၎င်းအဖွဲ့၏ တည်ထောင်ရေးအဖွဲ့ဝင်ဖြစ်လာရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း Oreshkin က ပြောကြားခဲ့သည့်အပြင် AI နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးအတွက် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် ရုရှားနိုင်ငံက မျှော်လင့်လျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
...................
(English Version)
China's top diplomat meets Russian senior official
SHANGHAI, July 17 (Xinhua) -- Chinese Foreign Minister Wang Yi met with Maxim Oreshkin, deputy chief of staff of the Russian Presidential Executive Office, on Friday in Shanghai.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, welcomed Oreshkin, who is in China to attend the World Artificial Intelligence Conference and sign an agreement on establishing the World Artificial Intelligence Cooperation Organization (WAICO) on behalf of the Russian government.
Wang said China is willing to work with Russia to promote the healthy, safe and orderly development of AI, focus on enhancing the capacity building of the Global South countries, and make AI an important increment of comprehensive strategic coordination between China and Russia in the new era.
The mutual trust and friendship between the heads of state of the two countries are the fundamental guarantee for the development of China-Russia relations, Wang said, adding that both sides should follow the important consensus reached by the heads of state of the two countries and promote the further development of bilateral ties.
Oreshkin said the establishment of the WAICO is a major initiative of China that benefits the world.
Russia highly appreciates the initiative and is very glad to become a founding member of the organization, Oreshkin said, adding that Russia looks forward to working hand in hand with China to expand cooperation in the AI field. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Maxim Oreshkin, deputy chief of staff of the Russian Presidential Executive Office, who is here to attend the 2026 World AI Conference, in Shanghai, east China, July 17, 2026. (Xinhua/Wang Xiang)







