ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အီဖယ်မျှော်စင်ရှေ့ ရေပန်းနေရာ၌ အပူရှောင် အပန်းဖြေနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အီဖယ်မျှော်စင်ရှေ့ ရေပန်းနေရာ၌ အပူရှောင် အပန်းဖြေနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


အော်စလို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အစွန်းရောက် အပူချိန်မြင့်မားမှုသည် ဥရောပဒေသ၏ တစ်နေ့တခြားဆိုးရွားလာနေသော အများပြည်သူ ကျန်းမာရေးခြိမ်းခြောက်မှု ‌ဖြစ်လာနေကြောင်း၊ ယခုနှစ် နွေရာသီတွင် အပူချိန်မြင့်မားမှုကြောင့် သေဆုံးသူဦးရေကို စာရင်းကောက်ယူနေဆဲဖြစ်ပြီး နိုင်ငံ ၅ နိုင်ငံ၏ အချက်အလက်အရပင် မြင့်မားသောအပူချိန်ကြောင့် အတိုင်းထက်အလွန်သေဆုံးသူဦးရေသည် ၁၀,၀၀၀ နီးပါးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥရောပဒေသရုံးက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အဆိုပါအချက်အလက်များက မည်သည့်နိုင်ငံမှဖြစ်သည်ကိုမူ ၎င်းအဖွဲ့အစည်းက ဖော်ပြထားခြင်းမရှိပေ။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ WHO ဥရောပဒေသရုံး မှ ထုတ်ပြန်သော သတင်းဖော်ပြချက်အရ ဥရောပတိုက်သည် တစ်ကမ္ဘာလုံးတွင် အပူချိန်မြင့်တက်မှုမြန်နှုန်း အမြန်ဆုံးတိုက်ကြီးဖြစ်ပြီး အပူချိန်မြင့်တက်သည့် အမြန်နှုန်းမှာ တစ်ကမ္ဘာလုံး ပျမ်းမျှအဆင့်၏ နှစ်ဆခန့်ဖြစ်ကြောင်း၊ အပူချိန်မြင့်တက်မှုသည် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးသူဦးရေကို လျင်မြန်စွာ တိုးပွားလာစေနိုင်ပြီး အချိန်တိုအတွင်း ကျန်းမာရေးဆေးကုသမှုစနစ်အတွက် ဖိအားဖြစ်စေနိုင်ကြောင်း သိရသည်။

WHO ဥရောပဒေသရုံး အကြီးအကဲ Hans Henri P. Kluge က လွန်ခဲ့သည့် ၄ နှစ်အတွင်း အပူချိန်မြင့်မားမှုကြောင့် WHO ဥရောပဒေသ၌ သေဆုံးသူဦးရေ ၂၀၀,၀၀၀ ကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက အပူချိန်မြင့်မားမှုကြောင့် သေဆုံးမှုကို ရှောင်လွှဲ၍မရခြင်း မဟုတ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ပြည်သူများထံ ကြိုတင်သတိပေးချက်ထုတ်ပြန်ပြီး မြို့ပြအပူချိန်လျှော့ချရေး အစီအမံများ လုပ်ဆောင်ခြင်း၊ သောက်သုံးရေနှင့် အရိပ်ရနေရာဆောက်အဦများ အာမခံပေးခြင်း၊ အန္တရာယ်ရှိနိုင်ခြေမြင့်မားသော လူအုပ်စုကို ဂရုပြုခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပြီး အပူချိန်အထွတ်အထိပ်သို့မရောက်မီ ကျန်းမာရေးစနစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

WHO အနေဖြင့် အစွန်းရောက်အပူချိန်မြင့်မားမှုကို ဥရောပဒေသ၌ အဖန်ဖန်အခါခါ ပေါ်ထွက်လာသည့် အကျပ်အတည်းဟု ရှုမြင်ပြီး နိုင်ငံအသီးသီးက ကိုင်တွယ်စီမံမှုနှင့် လျော်ညီစွာနေထိုင်ရေး အစီအမံများ ဆောင်ရွက်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအစီအမံများတွင် ၂၀၂၆ ခုနှစ် မြင့်မားသော အပူချိန်နှင့် တောမီးရာသီအတွက် နည်းပညာညွှန်ကြားမှုနှင့် အရင်းအမြစ်များ ပံ့ပိုးပေးမှု၊ “အပူလှိုင်းနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုအစီအစဉ် လမ်းညွှန်” အသစ်ဗားရှင်း စသည်တို့ ပါဝင်ကြောင်း WHO ဥရောပဒေသရုံး ဆိုသည်။

ထို့ပြင် WHO သည် “ဆေးရုံဘေးကင်းလုံခြုံရေး အဆိုပြုချက်” မှတစ်ဆင့် ဥရောပဒေသအတွင်း ဆေးကုသရေးအဖွဲ့အစည်းများက အပူချိန်မြင့်မားမှုအပေါ် ကိုင်တွယ်စီမံမှုစွမ်းရည်အား ကူညီမြှင့်တင်ပေးလျက်ရှိသည်။ ယင်းအဆိုပြုချက်သည် “ဆေးရုံဘေးကင်းလုံခြုံမှုအညွှန်းကိန်း” ဖြင့် ဆေးကုသရေးအဖွဲ့အစည်းများက အရေးပေါ်အခြေအနေတွင် လည်ပတ်မှု ထိန်းသိမ်းထားနိုင်ရေး ဖြစ်နိုင်ခြေကို သုံးသပ်အကဲဖြတ်မှု ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါအညွှန်းကိန်းသည် ယခင်က အဓိကအားဖြင့် ဆေးရုံများက ငလျင်နှင့် ရေကြီးရေလျှံမှု စသည့် သဘာဝဘေးအန္တရာယ်အား ကိုင်တွယ်စီမံမှု စွမ်းရည်အား အကဲဖြတ်ရန် အသုံးပြုခဲ့သော်လည်း လက်ရှိတွင်မူ အစွန်းရောက်အပူချိန် စသည့် သက်ဆိုင်ရာ အန္တရာယ်များအား အတည်ပြုရာ၌ ပိုမိုအသုံးပြုလာကြောင်း သိရသည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် Colosseum အဆောက်အဦပြင်ပ ပန်ကာအနီး လေအေးခံနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့တွင် Colosseum အဆောက်အဦပြင်ပ ပန်ကာအနီး လေအေးခံနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

世卫组织欧洲办事处:5国因高温额外死亡近万人

新华社奥斯陆7月16日电(记者张玉亮)哥本哈根消息:世界卫生组织欧洲区域办事处16日说,极端高温正成为欧洲地区日益严峻的公共卫生威胁。今夏受高温影响的死亡人数仍在统计中,仅5个国家的数据显示,因高温造成的“额外死亡”人数已接近1万。不过,该组织未说明数据来自哪些国家。  

位于哥本哈根的世卫组织欧洲区域办事处发布新闻通报说,欧洲是全球升温速度最快的洲,升温速度约为全球平均水平的两倍。气温升高可能迅速增加疾病和死亡人数,并在短时间内给医疗卫生系统造成压力。  

世卫组织欧洲区域主任汉斯·克吕热表示,过去4年,高温已在世卫组织欧洲区域造成超过20万人死亡。他同时表示,高温导致的死亡并非不可避免。各国应提前向民众发出预警,采取措施降低城市温度,保障饮水和遮阴设施,关注高风险人群,并在气温达到峰值前做好卫生系统的准备。  

该机构表示,世卫组织将极端高温视为欧洲区域反复出现的危机,帮助各国采取应对和适应措施。相关措施包括面向2026年高温和野火季节的技术指导与资源包,以及新版《热浪与健康行动计划指南》等。  

此外,世卫组织正通过“医院安全倡议”帮助欧洲区域内的医疗机构提升高温应对能力。该倡议利用“医院安全指数”评估医疗机构在紧急情况下保持运行的可能性。这一指数过去主要用于评估医院应对地震和洪水等自然灾害的能力,但目前越来越多用于识别极端气温等气候相关风险。(完

图说1:6月23日,在法国巴黎,人们在埃菲尔铁塔前的喷泉区域消暑休闲。新华社记者邬惠我

图说2:6月21日,在意大利罗马,人们在斗兽场附近一处室外风扇旁纳凉。新华社记者李京