တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ရင်းထန်မြို့ရှိ Guixi Smelter ၏ ခေတ်မီစမတ် လျှပ်စစ်နည်းပညာသုံးအလုပ်ရုံတွင် ကြေးနီပြားများ ရွှေ့ပြောင်းသယ်ဆောင်နေသည့် စက်ရုပ်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေးသည် တိုးတက်မှုနှေးကွေးခြင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် မသေချာမရေရာမှုများ မြင့်တက်လာခြင်းတို့နှင့် ရင်ဆိုင်နေရသည့်အခြေအနေတွင် တရုတ်နိုင်ငံ၏ နောက်ဆုံးရ စီးပွားရေးအချက်အလက်များမှာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တည်တည်ငြိမ်ငြိမ် တိုးတက်မှုရှိကြောင်း ဖော်ပြလျက်ရှိကာ ယင်း၏ နောက်ကွယ်က ကြံ့ကြံ့ခံမှု၊ အသွင်ပြောင်းလဲမှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အများအာရုံစိုက်ဖွယ် ဖြစ်စေသည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၆၉.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၇ ထရီလီယံခန့်) အထိ ရောက်ရှိခဲ့ပြီး တည်ငြိမ်သောဈေးနှုန်းအနေအထားဖြင့် ယမန်နှစ် ကာလတူထက် ၄.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် “သင့်တင့်သောအတိုင်းအတာဖြင့် လည်ပတ်နေခဲ့သလို” ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု လျင်မြန်စွာတိုးတက်၍ အလုပ်အကိုင်ခန့်ထားခြင်းမှာ ယေဘုယျအားဖြင့် တည်ငြိမ်ကာ ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး နိုင်ငံခြားကုန်သွယ်မှုမှာ အရှိန်အဟုန်ကောင်းမွန်လျက်ရှိကြောင်း NBS ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပထမနှစ်ဝက်အတွင်းစွမ်းဆောင်မှုက တရုတ်နိုင်ငံ စီးပွားရေး၏ ကြံ့ကြံ့ခံမှုကို ထင်ဟပ်ကြောင်း၊ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ စက်မှုလုပ်ငန်းအဆင့်မြှင့်တင်မှုနှင့် ပိုမိုအားကောင်းသော ပြည်တွင်းဝယ်လိုအား ပေါ်ထွန်းလာမှု စသည်တို့က တိုးတက်မှု၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်း ပြည်ပမှ လေ့လာသူပညာရှင်များက ဆင်ဟွာကို ပြောခဲ့သည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260716/9313d0a044784d25b7a3451c31f62c10/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ ထျန်းဖူ ကျန်းရှီးဓာတ်ခွဲခန်း စက်ရုပ်လေ့ကျင့်ရေးနည်းပညာနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ လက်လီရောင်းချမှုသရုပ်ဖော်ဆောင်ရာတွင် ပါဝင်နေကြသော စက်ရုပ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၊ ဟိုင်ခိုဆိပ်ကမ်းရှိ ကွန်တိန်နာဂိတ်ပေါက်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၊ ဟိုင်ခိုဆိပ်ကမ်းရှိ ကွန်တိန်နာဂိတ်ပေါက်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..

(English Version)

Beyond the numbers, global observers see resilience, transformation in China's economy

BEIJING, July 16 (Xinhua) -- As the global economy faces slowing growth, rising protectionism and mounting uncertainties, China's latest economic data showed steady growth in the first half of 2026, drawing attention to the resilience, transformation and high-quality development underpinning its growth.

China's GDP reached 69.57 trillion yuan (about 9.7 trillion U.S. dollars) in the first half of 2026, up 4.7 percent year on year at constant prices, according to data released by the National Bureau of Statistics (NBS) on Wednesday.

The NBS said the national economy "operated within an appropriate range" during the period, with production and supply growing fast, employment generally stable, prices increasing mildly and foreign trade showing good momentum.

Overseas experts told Xinhua that the first-half performance reflected the resilience of China's economy, with technological innovation, industrial upgrading and stronger domestic demand emerging as primary drivers of growth.

https://english.news.cn/20260716/9313d0a044784d25b7a3451c31f62c10/c.html

Photo 1: Robots transfer copper plates at a smart electrolysis workshop of Guixi Smelter in Yingtan City, east China's Jiangxi Province, on Jan. 21, 2026. (Xinhua/Wan Xiang)

Photo 2: Robots perform tasks in a simulated retail scenario at a robot training technology and innovation center of Tianfu Jiangxi Laboratory in Chengdu, southwest China's Sichuan Province, July 15, 2026. (Xinhua/Wang Xi)

Photo 3: An aerial drone photo taken on June 17, 2026 shows a container terminal at Haikou Port in Haikou, south China's Hainan Province. (Xinhua/Pu Xiaoxu)