
ချုံချင့်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့၊ ဖုန်ဆွေခရိုင်၊ ဟန့်ကျားလမ်းမပေါ်တွင် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က တောင်ပြိုမှုတစ်ခု ဖြစ်ပွားခြင်းကြောင့် လူအများအပြား ပိတ်မိ၍ ပျောက်ဆုံးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းသည် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး အင်အားအသီးသီးသည် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် မြှင့်တင် လုပ်ဆောင်လျက်ရှိကြသည်။
အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးကွပ်ကဲမှုဌာနသည် “လူ့အသက် ကယ်တင်ရေး ဦးစားပေး” အခြေခံမူနှင့် အညီ ကယ်ဆယ်ရေးအစီအစဉ်များကို အသေးစိတ်ဖြစ်စေကာ “စက်ပိုင်းဆိုင်ရာတူးဖော်ခြင်း+လူဖြင့် လိုက်လံရှာဖွေခြင်း” ပေါင်းစပ်သည့် နည်းလမ်းကို အသုံးပြုပြီး ကယ်ဆယ်ရေးအတွက်အကောင်းဆုံးဖြစ်သောရွှေရောင်ကာလကို အမိအရဆုပ်ကိုင်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးကွပ်ကဲမှုဌာနသည် ကျောက်တုံးကြီးများ ဖယ်ရှားရန်အစီအစဉ်ကို လေ့လာရေးဆွဲမည်ဖြစ်ပြီး နက်ရှိုင်းသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ဆင့်တိုးလုပ်ဆောင်သွားမည်ဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် အဆိုပါဒေသသည် ဘေးဒဏ်သင့်နေရာ အနီးဝန်းကျင်ရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ပြန်လည်နေရာချပေးခြင်း၊ ဟိုတယ်များ၌ စုစည်းနေရာချပေးခြင်း စသည့် နည်းလမ်းများဖြင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသောနေရာမှ လူများကို ရွှေ့ပြောင်းပေးခဲ့သည်။ လက်ရှိတွင် အနီးအနားရှိ ပြည်သူ ၁,၁၀၀ ကျော်ကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ (Xinhua)
.......................................
(Chinese Version)
重庆彭水山体崩塌救援进入第三天 各方力量全力搜救
新华社照片,重庆,2026年7月19日
7月17日9时10分许,重庆彭水县汉葭街道发生一起山体崩塌,造成多人被埋失联。救援进入第三天,各方力量在现场全力加紧救援。
现场救援指挥部按照“救人为先”的原则,细化救援方案,采取“机械掘进+人工排查”相结合的方式,抢抓黄金救援期实施救援。下一步,现场指挥部将研究制定巨石移除方案,进一步进行深层搜救。
灾害发生后,当地对受灾点位周边群众采取分散安置、酒店集中安置等方式转移风险区人员,目前已安全转移周边群众1100余名。
图说:7月19日,救援人员在现场进行搜救。 新华社记者 唐奕 摄







