
ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ပြည့်စုံသော လူပုံစံတူစက်ရုပ်ထုတ်ကုန် ၄၀၀ ကျော် တီထွင်ထုတ်လုပ်ထားပြီး ယင်းအရေအတွက်မှာ ကမ္ဘာ့စုစုပေါင်းအရေအတွက်၏ ထက်ဝက်ကျော်ရှိကာ စက်ရုပ်လုပ်ငန်းနယ်ပယ်တွင် နိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့လျက်ရှိသော ပါဝင်မှုကို ထင်သာမြင်သာရှိစေကြောင်း ဇူလိုင် ၂၀ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်သော ခြေလေးချောင်းရှိ စက်ရုပ်များအနေဖြင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရောင်းအား၏ ၇၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)
..................
(English Version)
China leads global humanoid robot development with over 400 complete robot products
BEIJING, July 20 (Xinhua) -- China has developed more than 400 complete humanoid robot products, accounting for over half of the world's total, highlighting the country's rapidly expanding presence in the robotics sector, official data showed Monday.
In the first half of the year, China-developed quadruped robots account for nearly 70 percent of global sales, according to data from the Ministry of Industry and Information Technology. ■
English Caption
Visitors watch "Xia Lan", a humanoid robot with lifelike skin, blinking eyes as well as a warm and soothing voice, during the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 18, 2026. (Xinhua/Chen Haoming)







