
ရှန်ဟိုင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တွေးခေါ်မှုယန္တရားများကြောင့် ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကမ္ဘာ့ပထမဆုံး အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းအား ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၇ ရက်က ကျင်းပသည့် ဉာဏ်ရည်တု (AI) စီမံခန့်ခွဲမှုဆိုင်ရာ အထင်ကရ ညီလာခံ၌ ကြေညာခဲ့သည်။
ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) ဖွဲ့စည်းတည်ထောင်ခြင်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန်နှင့် AI ဖွံ့ဖြိုးတိုးတက်မှု၊ စီမံခန့်ခွဲမှုတို့ကို မြှင့်တင်ဖော်ဆောင်ရာတွင် နိုင်ငံတကာအသိုက်အဝန်းအား စုစည်းညီညွတ်မှုရှိစေရန် အရေးပါသော ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
"ဒါဟာ AI ဖွံ့ဖြိုးတိုးတက်မှုသမိုင်းမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာပါ" ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တုညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲ၌ ရှီက ပြောကြားခဲ့သည်။
AI နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ပေါ်ထွက်လာသည့် တစ်ချိန်တည်းတွင် AI နှင့်စပ်လျဉ်းသည့် လုံခြုံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို လူသားမျိုးနွယ်တို့အနေဖြင့် ရင်ဆိုင်နေရသည့်အတွက် AI ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၌ ပိုမိုကျယ်ပြန့်လာသော ကွာဟမှုများကို ပေါင်းကူးဆက်သွယ်ပေးနိုင်ရန် ကြိုးပမ်းနေခိုက် WAICO အား ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့တွင် အခြေစိုက်သော အဆိုပါအဖွဲ့အနေဖြင့် AI နည်းပညာက ဘေးကင်း၍ မျှတစွာ အကျိုးပြုနိုင်ရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို အကျိုးပြုနိုင်ရေးအတွက် သေချာခိုင်မာစွာလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များက ဇူလိုင် ၁၆ ရက်၌ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယင်းနိုင်ငံများသည် WAICO ဖွဲ့စည်းတည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ အစိုးရကိုယ်စား အဆိုပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်၌ လက်မှတ်ရေးထိုးခဲ့သည့် အခြားနိုင်ငံများအနက် ကာဇက်စတန်၊ လာအို၊ ပါကစ္စတန်၊ ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260717/68bd969bfee6449cb8185815a11fdea4/c.html
.................................................................................
(English Version)
Mankind creates first global intergovernmental AI cooperation organization
SHANGHAI, July 17 (Xinhua) -- The creation of the world's first intergovernmental international organization to cope with opportunities and challenges posed by thinking machines was announced at a major AI governance conference in Shanghai on Friday.
Chinese President Xi Jinping said the establishment of the World Artificial Intelligence Cooperation Organization (WAICO) is a major move by China to answer the call of the Global South and unite the international community in advancing AI development and governance.
"It will be an important milestone in the history of AI development," Xi said at the opening ceremony of the 2026 World AI Conference and High-Level Meeting on Global AI Governance.
WAICO's establishment comes as AI has emerged as a key driver of global economic growth, while humanity grapples with AI-related security and ethical challenges and seeks to bridge widening gaps in AI development, according to speakers at the event.
The organization, headquartered in Shanghai, aims to ensure that AI is beneficial, safe and fair, and serves the benefit of all humanity, according to the organization's founding agreement.
Representatives from 29 countries signed the agreement on Thursday, making their countries founding members of WAICO. Chinese Foreign Minister Wang Yi signed the agreement on behalf of the Chinese government. The other countries included Kazakhstan, Laos, Pakistan, Russia and Indonesia.
https://english.news.cn/20260717/68bd969bfee6449cb8185815a11fdea4/c.html
English Caption
This photo taken on July 16, 2026 shows the exterior view of the Shanghai World Expo Exhibition and Convention Center in Shanghai, east China. (Xinhua/Ding Ting)







