
ချုံချင့်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်ဆွေခရိုင် ဟန့်ကျားလမ်းမပေါ်တွင် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က တောင်ပြိုမှုတစ်ခု ဖြစ်ပွားခြင်းကြောင့် လူအများအပြား ပိတ်မိ၍ ပျောက်ဆုံးခဲ့သည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အရေးပေါ် တုံ့ပြန်ရေး၊ မီးသတ်၊ ပြည်သူ့လုံခြုံရေး စသည့် ကယ်ဆယ်ရေးအင်အားစု အများအပြားက အခင်းဖြစ်ပွားရာနေရာသို့ လျင်မြန်စွာ ရောက်ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသည်။
“တစ်ဖက်တွင် အခက်အခဲကြုံတွေ့လျှင် ဘက်ပေါင်းစုံက ဝိုင်းဝန်းကူညီပေးကြသည်” ကျွမ်းကျင်သည့် ကယ်ဆယ်ရေးအဖွဲ့များက အခက်အခဲများ အစွမ်းကုန် ကျော်လွှားရင်ဆိုင်ကာ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်သည့်တစ်ချိန်တည်းတွင်ပင် ဒေသခံပြည်သူများကလည်း ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ ပရဟိတဝန်ဆောင်မှုအဖွဲ့များတွင် ပါဝင်ပြီး အညတရလူသားများအနေဖြင့် တာဝန်များ ထမ်းဆောင်၍ ရိုးသားဖြူစင်သောစေတနာဖြင့် မိမိဆန္ဒအလျောက်တာဝန်ယူဆောင်ရွက်ခဲ့ရာ ဘေးဒုက္ခများအတွင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ဖေးမကူညီကြသည့် ကြည်နူးဖွယ် မြင်ကွင်းတစ်ရပ်ကို ပုံဖော်ခဲ့ကြသည်။ (Xinhua)
........................................
(Chinese Version)
微光汇暖流 爱心力量温暖重庆彭水县崩塌灾害救援现场
新华社照片,重庆,2026年7月19日
7月17日9时10分许,重庆彭水县汉葭街道发生一起山体崩塌,造成多人被埋失联。
灾情发生后,应急、消防、公安等多方救援力量迅速赶到现场,全力开展搜救工作。
“一方有难、八方支援”。在专业救援队伍全力攻坚、争分夺秒开展搜救作业的同时,当地居民挺身而出,加入志愿服务队伍,以平凡之躯扛起责任,用淳朴善意主动担当,绘就了灾难面前众志成城、守望相助的动人画卷。
图说1:7月19日,志愿者在重庆彭水县崩塌灾害救援现场附近的一处“爱心食堂”做午餐。 新华社记者 王全超 摄
图说2:7月19日,志愿者在重庆彭水县崩塌灾害救援现场附近的一处“爱心食堂”备菜。新华社记者 王全超 摄







