
ရှန်ဟိုင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ဇူလိုင် ၁၇ ရက်က ကြေညာခဲ့ကာ တရားမျှတ၍ သမာသမတ်ကျသော ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) စီမံခန့်ခွဲမှုစနစ် ထူထောင်ရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
"ကမ္ဘာ့နိုင်ငံအားလုံးဟာ ပြည်သူဗဟိုပြု ချဉ်းကပ်နည်းကို ကျင့်သုံးသင့်သလို အပြုသဘောဆောင်ပြီး အများကောင်းကျိုးအတွက် AI နည်းပညာကို တီထွင်သင့်ပါတယ်။ AI နည်းပညာဟာ ဘုံသာယာဝပြောမှုနဲ့ ဘုံလုံခြုံမှုအတွက် အရေးပါတဲ့ တွန်းအားတစ်ရပ်ဖြစ်လာဖို့ ကျွန်တော်တို့ အသေအချာဆောင်ရွက်သင့်ပါတယ်" ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ (WAIC) နှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမိန့်ခွန်း၌ ရှီက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် AI တီထွင်မှုတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပင်မ AI နည်းပညာလုပ်ငန်းများ၏ တန်ဖိုးမှာ ယွမ် ၁.၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၆.၆ ဘီလီယံခန့်) ရှိခဲ့သလို နိုင်ငံတစ်ဝန်း၌ AI နည်းပညာလုပ်ငန်း အရေအတွက်မှာလည်း ၆,၂၀၀ ကျော် ရှိလာခဲ့သည်။
တရုတ်နိုင်ငံ၏ အခမဲ့သုံးစွဲမျှဝေနိုင်သော အကြီးစား AI မော်ဒယ်များအား ဒေါင်းလုတ်ရယူသည့်အကြိမ်ရေ ၁၀ ဘီလီယံကျော်ရှိခဲ့ရာ AI ကဏ္ဍ၌ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်းသစ်များကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက်ရှိသည်။
ကမ္ဘာကြီးသည် AI နည်းပညာများနှင့် ပတ်သက်၍ မကြုံဖူးလောက်အောင် အင်တိုက်အားတိုက် ဆန်းသစ်တီထွင်နေသည့် ကာလသို့ ရောက်ရှိလာသည်ဟု ရှီက ၎င်း၏ အရေးကြီးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ လူသားတို့အနေဖြင့် ၎င်းတို့နည်းတူ စဉ်းစားတွေးခေါ်နိုင်ရန် တီထွင်ထားသည့် စက်ကိရိယာများနှင့် သဟဇာတဖြစ်စေရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း၊ အယ်လ်ဂိုရစ်သမ်မှာ ဆုံးဖြတ်ချက်ချခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည့်အခါ လုံခြုံမှုရှိစေရန် မည်သို့သေချာစွာ ဆောင်ရွက်ရမည်နည်း၊ နည်းပညာများကြောင့် ဖြစ်ပေါ်လာသော ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို လိုက်လျောညီထွေရှိသော စီမံခန့်ခွဲမှုစနစ်ဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း၊ ကွာဟမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေချိန် အားလုံးအတွက် အကျိုးပြုသော AI ဖြစ်လာအောင် မည်သို့လက်တွေ့ဖော်ဆောင်နိုင်မည်နည်းဟူ၍လည်း ရှီက မေးခွန်းထုတ်ခဲ့သည်။
"အဲဒီမေးခွန်းတွေကို နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးက အလေးအနက် စဉ်းစားသုံးသပ်ပြီး လက်တွေ့ကျတဲ့အဖြေပေးရန် လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ရှီက ပွင့်လင်းမှု၊ နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မူဝါဒများကို လက်ကိုင်ပြုကျင့်သုံးရန်၊ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်တွန်းအားပေး မြှင့်တင်ရန်၊ AI နည်းပညာအား လုံခြုံစိတ်ချရပြီး စနစ်တကျ ထိန်းချုပ်နိုင်အောင် သေချာစွာလုပ်ဆောင်ရန်၊ အားလုံးလက်ခံပါဝင်မှုကို တိုက်တွန်းအားပေးကာ ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် လေ့လာသင်ယူမှု မြှင့်တင်ရန်၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုကို ထောက်ခံအားပေးကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟုလည်း အလေးထားပြောဆိုခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ AI နယ်ပယ်မှာ အမျိုးသားလုံခြုံရေး အယူအဆကို ချဲ့ကားပြောဆိုတာ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို တခြားနိုင်ငံတွေရဲ့ လုံခြုံရေးထက် ရှေ့တန်းတင်နေတာတွေကို အတူတကွ ဆန့်ကျင်ရမှာဖြစ်တယ်" ဟု ၎င်းက ဆိုသည်။
ထို့အတူ ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုတွင် ကုလသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ကာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ၊ နည်းပညာဆိုင်ရာ စံနှုန်းများနှင့် စပ်လျဉ်း၍ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာဖြစ်သလို AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုတွေကို ပေါင်းကူးချိန်ညှိပေးဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ AI နယ်ပယ်မှာ သမိုင်းဆိုင်ရာ မမျှတမှု အခြေအနေသစ်တွေ ဖန်တီးတာကို တားဆီးကာကွယ်ဖို့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာလည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်" ဟု ရှီက ပြောကြားခဲ့သည်။
တာဝန်သိ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် AI ကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ အများပြည်သူများ၏ ကောင်းကျိုးကို သယ်ပိုးရန် အစဉ်အမြဲ စိတ်ပိုင်းဖြတ်ထားသည်ဟုလည်း ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုအစီအမံကို အဆိုပြုခဲ့သည့် ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260717/128a3c67ccdd44e0b80b5b10b9c01475/c.html

................................................................
(English Version)
Xi calls for equitable global AI governance, unveils new cooperation body
SHANGHAI, July 17 (Xinhua) -- Chinese President Xi Jinping on Friday announced the creation of the World Artificial Intelligence Cooperation Organization (WAICO) and called for joint efforts to build a just and equitable system for global AI governance.
"All countries should take a people-centered approach and develop AI for the positive and for good. We should ensure that AI is an important driver for shared prosperity and common security," Xi said while addressing the opening ceremony of the 2026 World AI Conference (WAIC) and High-Level Meeting on Global AI Governance in Shanghai.
China is a global leader in AI development. In 2025, its core AI industries were worth over 1.2 trillion yuan (about 176.6 billion U.S. dollars), while the number of AI enterprises nationwide exceeded 6,200.
The country's open-source large AI models have been downloaded more than 10 billion times in total, continuing to create new and broader opportunities for global cooperation in AI innovation.
The world has entered an unprecedented period of active innovation on AI technologies, Xi said in his keynote address. He raised questions about how humans can get along with thinking machines, how security can be ensured when algorithm is part of decision-making, how ethical challenges by technologies can be tackled through adaptive governance, and how AI for all can be realized when the divide keeps widening.
"These questions demand serious consideration and real answers from the whole international community," he said.
Xi stressed the need for adhering to the principles of openness and win-win and boosting innovation-driven development, strengthening risk-awareness and ensuring that AI is secure and controllable, encouraging inclusiveness and promoting mutual learning between civilizations, and advocating solidarity and improving global governance.
"We should jointly oppose overstretching the national security concept in the field of AI and placing one country's security over that of others," he said.
The important role of the United Nations should be recognized in global AI governance, Xi noted, calling for enhancing alignment and coordination on AI development strategies, governance rules and technical standards.
"We must carry out extensive international cooperation and help Global South countries with capacity building to bridge the AI and digital divides, promote sustainable development, and prevent creating new historical injustice in AI," he said.
As a responsible major country, China is always committed to providing international public goods relating to AI, said Xi, who proposed the Global AI Governance Initiative in 2023.
https://english.news.cn/20260717/128a3c67ccdd44e0b80b5b10b9c01475/c.html
English Caption 1
Chinese President Xi Jinping delivers a keynote speech at the opening ceremony of the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 17, 2026. (Xinhua/Huang Jingwen)
English Caption 2
This photo taken on July 16, 2026 shows the exterior view of the Shanghai World Expo Exhibition and Convention Center in Shanghai, east China. (Xinhua/Ding Ting)







