အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ကိုင်ရို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၈ ရက် ညပိုင်းတွင် အမေရိကန်စစ်တပ်က အီရန်အပေါ် ၈ ညမြောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ ဇူလိုင် ၁၉ ရက်တွင် ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်တို့က ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် အီရန်ဘက်မှ ဒုံးကျည်နှင့် ဒရုန်းအသစ်တစ်သုတ်ကို ကြားဖြတ်ဟန့်တားလိုက်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့အကြားတွင် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေးနှင့်စပ်လျဉ်း၍ မကြာသေးမီက ပဋိပက္ခများ ထပ်မံပေါ်ပေါက်လာပြီး အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အီရန်နိုင်ငံ တောင်ပိုင်းရှိ အခြေခံအဆောက်အအုံများကို အမေရိကန်စစ်တပ် လေကြောင်းတိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပင်လယ်ကွေ့နိုင်ငံများရှိ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံများ တိုက်ခိုက်ခံရခြင်းက  အဘယ်ကြောင့် ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသနည်း။ အီရန်နိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်းများကို မကြာခဏဆိုသလို ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်းက ၎င်းတို့တွင် "နည်းပညာသစ်" ရှိနေကြောင်းကို ဖော်ပြနေပါသလော။

အီရန်အခြေခံအဆောက်အဦများအပေါ် အမေရိကန် အဘယ်ကြောင့် လေကြောင်းတိုက်ခိုက်ရသနည်း

ယခုကာလများတွင် အမေရိကန်စစ်တပ်က အီရန်နေရာအများအပြား အထူးသဖြင့် အီရန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းပြည်နယ်များကို လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်။

အမေရိကန်စစ်တပ်က အီရန်၏ ကမ်းရိုးတန်း စစ်ရေးစောင့်ကြည့်မှုအဆောက်အဦ၊ လေကြောင်းရန် ကာကွယ်ရေး အဆောက်အဦ၊ ကွပ်ကဲရေးစင်တာ၊ ပင်လယ်ရေပြင်စစ်ဆင်ရေး အဆောက်အဦ၊ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရုံ စသည့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း၏ ရည်ရွယ်ချက်မှာ ဟော်မုဇ်ရေလက်ကြား ရေကြောင်းပို့ဆောင်ရေးအပေါ် အီရန်ခြိမ်းခြောက်နိုင်သည့်စွမ်းရည်ကို ချည့်နဲ့အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း  အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။

အီရန်နိုင်ငံ ပြည်နယ်အရာရှိအများအပြားက လမ်းတံတား၊ ရထားလမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးတာဝါတိုင်၊ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံ စသည့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများ အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အနက် ဟော်မုဇ်ရေလက်ကြားကမ်းရိုးတန်းရှိ ဟော်မုဇ်ဂန်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်ခံနေရကြောင်း သိရသည်။ ဟော်မုဇ်ဂန်ပြည်နယ်တွင် လမ်းတံတား ၆ စင်း ဗုံးခွဲဖျက်ဆီးခံရခြင်းကြောင့် ပြည်နယ်မြို့တော် Bandar Abbas နှင့် ဆက်သွယ်ထားသည့် ကုန်းလမ်းဆက်သွယ်ရေးအချို့ ပြတ်တောက်ခဲ့ရကြောင်း၊ ဆက်သွယ်ရေးတာဝါ ၁၁၆ ခု ဗုံးခွဲဖျက်ဆီးခံရခြင်းကြောင့် ပြည်နယ်၏ ဒေသအချို့တွင် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ယင်းပြည်နယ်အရာရှိက မကြာမီရက်ပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ယင်းအခြေခံအဆောက်အအုံများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံ တောင်ပိုင်းနှင့် ပြင်ပအကြား ဆက်သွယ်ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်ရာ အထူးသဖြင့် Bandar Abbas ဆိပ်ကမ်းကို ဖြစ်ကြောင်း ကာတာနိုင်ငံ Al Jazeera ရုပ်သံဌာန စသည့် အရှေ့အလယ်ပိုင်း မီဒီယာများ သုံးသပ်ယူဆကြသည်။

Bandar Abbas ဆိပ်ကမ်းသည် ဟော်မုဇ်ရေလက်ကြား၏ အချက်အချာလမ်းကြောင်းကို ထိန်းချုပ်ထားပြီး အီရန်ရေတပ်နှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ရေတပ်တို့၏ အရေးပါသော အခြေစိုက်စခန်းတစ်ခု ဖြစ်သလို အီရန်၏ အကြီးဆုံး စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းလည်း ဖြစ်ရာ စစ်ရေးနှင့် စီးပွားရေးအရ အရေးပါမှုမှာ ထင်ရှားပေသည်။

ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ် လုံခြုံရေးသုတေသနဌာန အကြီးတန်းကထိက Mark Hilborne က အမေရိကန်အနေဖြင့် လမ်းတံတားများကို အဓိက ဗုံးကြဲတိုက်ခိုက်ခြင်းမှာ လမ်းတံတားသည် အီရန်နိုင်ငံ တောင်ပိုင်း ပို့ဆောင်ဆက်သွယ်ရေး၏အသက်သွေးကြော ဖြစ်ပြီး စစ်ရေးထောက်ပို့ရေးနှင့် စစ်ဆင်ရေးလှုပ်ရှားမှုများအတွက် အလွန်အရေးကြီးခြင်းကြောင့် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက လမ်းတံတားများကို ဗုံးခွဲတိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အီရန်နိုင်ငံက တောင်ပိုင်းဒေသသို့ လက်နက်ပစ္စည်းတင်ပို့မှုကို တားဆီးရန်၊ ထိုမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ စစ်ရေး ထိန်းချုပ်နိုင်စွမ်းကို လျှော့ချရန် ဖြစ်ကြောင်း ယူဆသည်။

ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံများ တိုက်ခိုက်ခံရခြင်းက အဘယ်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသနည်း

လတ်တလောကာလ ပဋိပက္ခများတွင် ပင်လယ်ရေချိုထုတ်လုပ်ရေးအဆောက်အဦများ တိုက်ခိုက်ခံရခြင်းက စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်။

အမေရိကန်စစ်တပ်က ဟော်မုဇ်ဂန်ပြည်နယ်ရှိ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံတစ်ခုကို  လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ ၌ နေထိုင်သူ တစ်သောင်းခန့် သောက်သုံးရေပေးဝေမှု လုံးဝပြတ်တောက်သွားခဲ့ကြောင်း အီရန်က ဇူလိုင် ၁၈ ရက်က ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်ပေးစက်ရုံနှင့် ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံတစ်ခုကို အီရန်က ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် ဓာတ်အားပေးယူနစ် အများအပြား လည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရကြောင်း ကူဝိတ်အစိုးရဌာနက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများသည် ရာသီဥတု ခြောက်သွေ့ပြီး ရေချိုအရင်းအမြစ် ရှားပါးရာ ရေသုံးစွဲမှုမှာ ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းအပေါ် အလွန်အမင်း မှီခိုနေရသည်။ ဆိုလိုသည်မှာ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံများမှတစ်ဆင့် ပင်လယ်ရေကို သောက်သုံးရန်၊ စိုက်ပျိုးရေးဆည်မြောင်းရေသွယ်သွင်းရန်နှင့် စက်မှုလုပ်ငန်းသုံး ရေချိုအဖြစ် ပြုပြင်ထုတ်လုပ်ခြင်း ဖြစ်သည်။

ကူဝိတ်နိုင်ငံရှိ ဒေသခံများ၏ ရေသုံးစွဲမှု ၉၀ ရာခိုင်နှုန်းမှာ ပင်လယ်ရေကို ရေချိုအဖြစ်စီမံမှုမှ ရရှိခြင်းဖြစ်ပြီး ဘာရိန်းနှင့် ကတာနိုင်ငံတို့တွင်မူ ဤရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာချက်အချို့တွင် ဖော်ပြထားသည်။

ကတာနိုင်ငံ Al Jazeera ရုပ်သံဌာနက ပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများ၏ သဘောထားအမြင်များကို ကိုးကား၍ ဖော်ပြရာတွင် ကူဝိတ်၊ ဘာရိန်းနှင့် ကတာနိုင်ငံတို့သည် နယ်မြေအကျယ်အဝန်း သေးငယ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပင်လယ်ရေကို ရေချိုထုတ်လုပ်ခြင်းအပေါ်  အလွန်အမင်း မှီခိုနေရသလို မဟာဗျူဟာမြောက် ရေလှောင်ကန်များ၏ ပမာဏမှာလည်း အကန့်အသတ်ရှိရာ အကယ်၍ ပင်လယ် ရေချိုထုတ်လုပ်ရေးစက်ရုံများ ပြင်းထန်စွာ ဖျက်ဆီးခံရပါက လူမှုရေးနှင့် စီးပွားရေး တည်ငြိမ်မှုမှာ အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ Cambridge တက္ကသိုလ်၏ နိုင်ငံတကာ နိုင်ငံရေးပညာ ကထိက Roxane Farmanfarmaian က  အီရန်နိုင်ငံ တောင်ပိုင်းရှိ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ရုံများ၊ လမ်းတံတားများနှင့် လေဆိပ်များ စသည့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦများကို အမေရိကန် တိုက်ခိုက်ခြင်းသည် အီရန်က ကူဝိတ်ရှိ "အလားတူ အမျိုးအစား" ပစ်မှတ်များကို တိုက်ခိုက်လာစေရန် လှုံ့ဆော်မှု ဖြစ်စေကြောင်း၊ အီရန်အနေဖြင့် ကူဝိတ်ကို "နမူနာပြအနေဖြင့်" အသုံးပြုကာ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကို ပြသနေခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ခြိမ်းခြောက်ဟန့်တားနိုင်စွမ်းကို ဖြစ်ပေါ်စေကြောင်း ယူဆသည်။

အီရန် ဒုံးကျည်များ၏ ထိမှန်နှုန်း မြင့်တက်လာသလား

အမေရိကန်စစ်သည် နှစ်ဦးသည် ဇူလိုင် ၁၇ ရက်က ဂျော်ဒန်နိုင်ငံအတွင်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အခြားအမေရိကန်စစ်သည်တစ်ဦးလည်း ပျောက်ဆုံးနေကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများတွင် သေဆုံးခဲ့ရသည့် အမေရိကန်စစ်သည် အရေအတွက်မှာ ၁၆ ဦးအထိ တိုးလာခဲ့သည်။

အမေရိကန်စစ်တပ်ဘက်မှ အချင်းဖြစ်ပွားရာနေရာကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။ သို့သော် ယင်းကိစ္စကို သိရှိသူများ၏ ဖော်ပြချက်အရ ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းတစ်ခုသည် အီရန်ဘက်၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း၊ လူအသေအပျောက် ထိခိုက်ဒဏ်ရာရရှိမှုများအပြင် အခြေစိုက်စခန်းအတွင်းရှိ လေယာဉ်များနှင့် ဒရုန်းများလည်း ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။ ဤအခြေစိုက်စခန်းတွင် အမေရိကန်စစ်တပ်၏  “THAAD” ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ချထားကြောင်း၊ ထိုမတိုင်မီက အီရန်၏ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရဖူးသော်လည်း လူအသေအပျောက် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

အီရန်၏ ပြောကြားချက်များအရ အီရန်သည် မကြာမီကာလက လက်တုံ့ပြန်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန် နိုင်ငံများ၏ နယ်နိမိတ်အတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ပြီး အမေရိကန်ဘက်၏ စစ်ရေးအဆောက်အဦ သို့မဟုတ် စက်ပစ္စည်းများကို အောင်မြင်စွာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ၏ မကြာသေးမီက ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများက အီရန်ဘက်တွင် လုံလောက်သော ဒုံးကျည်အရန်အင်အားများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဒုံးကျည်များသည် အမေရိကန်ဘက် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်ဟန့်တားမှုကို ပိုမိုထိရောက်စွာ ဖောက်ထွက်နိုင်စွမ်းရှိသည်ကို ပြသနေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိက အမေရိကန် မီဒီယာများကို ပြောကြားခဲ့သည်။

အီရန်သည် အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် "အသားကျလာပြီ" ဖြစ်ကြောင်း၊ အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းနိုင်ပြီး ပျံသန်းသည့်လမ်းကြောင်းကိုပါ လိုသလို ပြောင်းလဲနိုင်သည့် ဒုံးကျည်များကို အသုံးပြု၍  အချက်အချာကျသော ပစ်မှတ်များကို တိကျသေချာစွာ တိုက်ခိုက်နေပြီ ဖြစ်ကြောင်း အမေရိကန် The Wall Street Journal က အမည်မဖော်လိုသည့် အမေရိကန်အရာရှိ အများအပြား၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)

အီရန်နိုင်ငံ မက်ရှဟတ်မြို့တွင် ကျင်းပသော ကွယ်လွန်သွားပြီဖြစ်သည့် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ကြသော လူထုအား ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မက်ရှဟတ်မြို့တွင် ကျင်းပသော ကွယ်လွန်သွားပြီဖြစ်သည့် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ကြသော လူထုအား ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

热点问答|美伊持续互袭呈现哪些新特征

新华社开罗7月19日电 热点问答|美伊持续互袭呈现哪些新特征   新华社记者吴宝澍   

美国东部时间18日晚,美军连续第八晚空袭伊朗。19日,科威特、巴林和约旦均表示其防空系统拦截了来自伊朗的新一波导弹和无人机。   

美伊近期围绕霍尔木兹海峡通航问题再起冲突,持续相互袭击。美军空袭伊朗南部基础设施有何目的?海湾国家海水淡化厂遭袭为何引发广泛担忧?伊朗频频击中美军基地是否表明其拥有了“新技术”?   

美国为何空袭伊朗基础设施

近段时间,美军连续空袭伊朗多地,尤其是伊朗南部沿海省份。美军中央司令部说,美军打击了伊朗海岸军事监视设施、防空设施、指挥中心、海上作战设施、导弹和无人机储存点等军事目标,目的是削弱伊朗“威胁霍尔木兹海峡航运”的能力。   

伊朗多省官员说,桥梁、铁路、机场、通信塔、海水淡化厂等民用基础设施遭美军空袭。其中,霍尔木兹海峡沿岸的霍尔木兹甘省遭空袭尤为密集。霍尔木兹甘省官员近日说,该省6座桥梁被炸毁,导致连接首府阿巴斯港的部分公路交通中断;116座通信塔被炸坏,导致该省一些地区通信中断。   

卡塔尔半岛电视台等中东媒体分析认为,美国空袭这些基础设施,意在切断伊朗南部与外界的连通,尤其是为了“隔绝阿巴斯港”。阿巴斯港扼霍尔木兹海峡要道,是伊朗海军和伊斯兰革命卫队海军的重要基地,也是伊朗最大商业港口,军事和经济重要性突出。   

英国伦敦大学国王学院安全研究学院高级讲师马克·希尔伯恩认为,美方重点轰炸桥梁,因为桥梁是伊朗南部运输线命脉,对军事后勤和作战行动极为重要。美方炸毁桥梁,意在阻碍伊朗向南部运送武器装备,从而削弱伊朗对霍尔木兹海峡的军事控制力。  

海水淡化厂遭袭缘何引发担忧

近期冲突中,海水淡化设施遭袭引发广泛关注。伊朗18日说,美军空袭霍尔木兹甘省一座海水淡化厂,导致周边20个村庄约1万名居民的饮用水供应完全中断。   

科威特政府部门19日说,该国一座发电和海水淡化厂连续第二天遭伊朗袭击并起火,多台发电机组停止运转。   

海湾国家气候干旱,淡水资源匮乏,用水高度依赖海水淡化,即通过海水淡化厂将海水处理为可供饮用、灌溉和工业生产的淡水。有研究显示,科威特90%的居民用水来自海水淡化处理,巴林和卡塔尔的比例更高。   

卡塔尔半岛电视台援引环境问题专家的观点报道,科威特、巴林以及卡塔尔国土面积较小,非常依赖海水淡化,且战略储备水库规模有限,一旦海水淡化厂遭到严重破坏,社会和经济稳定将面临风险。   

英国剑桥大学国际政治讲师罗克珊·法尔曼法马扬认为,美国袭击伊朗南部海水淡化厂、桥梁、机场等民用基础设施,引发伊朗打击科威特“同类型”目标。伊方正以科威特“作为示例”展示其打击能力,从而起到震慑作用。  

伊朗导弹命中率提升?

美军中央司令部18日证实,两名美军士兵17日在约旦境内遭伊朗导弹和无人机攻击身亡,另有一名美军人员失踪。这一事件使对伊军事行动中的美军死亡人数升至16人。   

美军没有公布事发地点。但据知情人士披露,约旦境内一座美国空军基地遭伊方击中,除人员伤亡外,基地内飞机和无人机也有损失。这座基地部署有美军“萨德”反导系统,此前多次遭伊朗空袭,但未出现人员伤亡。   

按伊朗的说法,伊朗近期报复行动成功打击科威特、巴林、约旦境内美军基地,损毁美方军事设施或装备。   

美方匿名官员对美国媒体说,伊朗最近一系列袭击造成的损失表明,伊方仍有充足的导弹储备,且其导弹能更有效地突破美方防空系统的拦截。   

美国《华尔街日报》援引多名不愿公开姓名的美国官员的话报道,伊朗已“适应”美方防空系统,正使用飞行速度极快且可机动变轨的导弹精准打击关键目标。(完)

1. 这是6月14日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄

2. 7月9日,民众在伊朗马什哈德参加伊朗已故最高领袖哈梅内伊的安葬仪式。新华社记者 沙达提 摄