တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်တို့  တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုတွင် တရုတ်-ထိုင်း ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလတွင် ရှိနေကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ်တွင် သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့၌ အဆွေတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး တရုတ်-ထိုင်း ဆက်ဆံရေး ပိုမိုသာယာလှပသော မနက်ဖြန်အတွက် လမ်းပြမြေပုံရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ အရေးကြီးသဘောတူညီချက်များအား လက်တွေ့ဖော်ဆောင်ရန်၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ခိုင်မြဲစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ ဥပဒေပြုအဖွဲ့အစည်းများအကြား ကူးလူးဆက်ဆံမှုကို အားကောင်းစေရန်၊ ဥပဒေပြုရေးနှင့် ကြီးကြပ်စစ်ဆေးရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာမှုကို နက်ရှိုင်းစေရန်၊ တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းမှု၊ လက်တွေ့ကျမှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လုပ်ဆောင်သွားလိုကြောင်း၊ တရုတ်နိုင်ငံက ကျင်းပမည့် အာဆီယံနိုင်ငံမှ လွှတ်တော်အမတ်များ နှီးနှောဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်မှ လူပုဂ္ဂိုလ်များ စေလွှတ်၍ ပါဝင်တက်ရောက်စေခြင်းအပေါ် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အနူတင်က ထိုင်းနှင့် တရုတ်သည် အပြန်အလှန် လေးစားသော၊ အပြန်အလှန် ယုံကြည်ရသော မိတ်ဆွေကောင်းများဖြစ်ပြီး ပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုမှာ နက်ရှိုင်းကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ဥပဒေပြုအဖွဲ့အစည်းများအကြား ကူးလူးဆက်ဆံမှုကို နီးကပ်စေရန်၊ ထိုင်း-တရုတ် ဆက်ဆံရေးမှ ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိရေးကို မြှင့်တင်ရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

.................

(Chinese Version)

赵乐际会见泰国总理阿努廷

新华社北京7月20日电 全国人大常委会委员长赵乐际7月20日上午在北京会见泰国总理阿努廷。  

赵乐际表示,在两国领导人战略引领下,中泰关系正处于历史最好时期。上周,习近平主席在上海同总理先生会见,为中泰关系更加美好的明天擘画蓝图。中方愿同泰方一道,落实两国领导人重要共识,巩固政治互信,拓展务实合作,加强立法机构交往,深化立法、监督经验交流互鉴,推动中泰命运共同体建设走深走实,更好造福两国人民。欢迎泰国国会派员参加中方将举办的东盟国家议员研讨班。  

阿努廷表示,泰中是相互尊重、相互信任的好朋友,人民友谊深厚。泰方坚定恪守一个中国原则,期待同中方加强互利合作,密切立法机构往来,推动泰中关系取得更多成果。(完)

图说:7月20日上午,全国人大常委会委员长赵乐际在北京会见泰国总理阿努廷。 新华社记者 庞兴雷 摄