ဂျော်ဂျီယာနိုင်ငံ Tbilisi အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် China Eastern လေကြောင်းလိုင်း MU285 ခရီးစဉ်မှ လေယာဉ်ဝန်ထမ်းများက လေဆိပ်သို့ လာရောက်ကြိုဆိုသူများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျော်ဂျီယာနိုင်ငံ Tbilisi အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် China Eastern လေကြောင်းလိုင်း MU285 ခရီးစဉ်မှ လေယာဉ်ဝန်ထမ်းများက လေဆိပ်သို့ လာရောက်ကြိုဆိုသူများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံတကာလေကြောင်းခရီးစဉ်ကွန်ရက်သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံနှင့် ဒေသပေါင်း ၉၀ မှ မြို့ပေါင်း ၂၆၃ မြို့နှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း၊ ၎င်းအနက် ကုန်စည်ပို့ဆောင်ရေးသီးသန့် လေကြောင်းခရီးစဉ်သည် နိုင်ငံနှင့် ဒေသပေါင်း ၇၀ ရှိ မြို့ပေါင်း ၁၆၂ မြို့နှင့် ချိတ်ဆက်ထားကြောင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးဌာန (CAAC) ဒုတိယအကြီးအကဲ ဟန်ကျွင်းသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) ၌ ဇူလိုင် ၂၁ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ပြောကြားခဲ့သည်။

“၂၀၂၅ ခုနှစ်မှာ အရပ်ဘက်လေကြောင်းခရီးစဉ်လုပ်ငန်းတစ်ခုလုံးရဲ့ ကုန်စည်ပို့ဆောင်မှုပမာဏဟာ ပထမဆုံးအကြိမ်အဖြစ် တန်ချိန် ၁၀ သန်းကျော်လွန်ခဲ့ပြီး အဲဒီထဲမှာမှ နိုင်ငံတကာလေကြောင်းခရီးစဉ်နဲ့ တန်ချိန် ၄.၄ သန်း ပို့ဆောင်ခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ ဖူတုန်းလေဆိပ်၊ ကွမ်ကျိုးမြို့ ပိုင်ယွင်လေဆိပ်၊ ဆန်းကျန့်မြို့ ပေါင်အန်းလေဆိပ်၊ ပေကျင်းမြို့ မြို့တော်လေဆိပ်၊ အဲ့ကျိုးမြို့ ဟွားဟူလေဆိပ်နဲ့ ကျိန့်ကျိုးမြို့ ရှင်းကျိန့်လေဆိပ် စတဲ့ ပြည်တွင်းလေဆိပ် ၆ ခုဟာ တစ်ကမ္ဘာလုံး ကုန်စည်ပို့ဆောင်ရေး ထိပ်တန်းလေဆိပ် ၃၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်” ဟု ဟန်ကျွင်းက ဆိုသည်။ တရုတ်နိုင်ငံ၏ နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်မှုပမာဏသည် တည်ငြိမ်စွာတိုးတက်လျက်ရှိပြီး အာမခံပေးနိုင်မှုစွမ်းရည်ကလည်း သိသိသာသာ မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးလုပ်ငန်းကွင်းဆက် အသွင်ကူးပြောင်း အဆင့်မြှင့်တင်မှုနှင့် အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုကို ဝန်ဆောင်မှုပေးရာတွင် အရေးကြီးကျားကန်ပံ့ပိုးမှုဖြစ်သည်။ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးဌာနသည် ချိတ်ဆက်မှုကောင်းမွန်ပြီး အဆင်ပြေချောမွေ့သော၊ အမျိုးစုံလင်၍ ကြံ့ကြံ့ခံနိုင်ရည်ရှိသော၊ လုံခြုံ၍ အားကိုးရသော လေကြောင်း ကုန်စည်ပို့ဆောင်ရေးစနစ်အား တက်ကြွစွာတည်ဆောက်သွားမည်ဖြစ်ပြီး ကျွမ်းကျင်မှုအသွင်၊ စုစည်းမှုအသွင်ရှိသည့် ဝန်ဆောင်မှုစွမ်းရည်ကို မြှင့်တင်ကာ နိုင်ငံတကာ လေကြောင်း ကုန်စည်ပို့ဆောင်မှု ကောင်းမွန်စွာနှင့် စနစ်တကျ တိုးတက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဟန်ကျွင်းက ပြောကြားခဲ့သည်။ (Xinhua)

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ Manas အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ Manas အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

中国国际航线已通达全球263个城市

新华社北京7月21日电(记者王聿昊)中国民航局副局长韩钧在21日国新办举行的新闻发布会上介绍,我国国际航线网络已通达全球90个国家和地区的263个城市,其中全货运航班通航70个国家和地区的162个城市。  

“2025年,民航全行业货邮运输量首次突破1000万吨,其中国际航线完成440万吨。上海浦东、广州白云、深圳宝安、北京首都、鄂州花湖和郑州新郑等6家境内机场跻身全球货运前30大机场。”韩钧说,我国国际航空货运规模稳步增长,保障能力显著增强。  

国际航空货运是服务产业链供应链转型升级、服务高水平对外开放的重要支撑。韩钧表示,“十五五”时期,民航局将积极构建通达通畅、多元韧性、安全可靠的航空货运体系,提升专业化、集约化的服务能力,促进国际航空货运健康有序发展。(完

图说1:7月15日,在格鲁吉亚第比利斯国际机场,东航MU285航班机组人员同到机场迎接的人们合影新华社发(亚历山大·伊梅达什维利摄

图说2:7月17日,在吉尔吉斯斯坦比什凯克,工作人员在玛纳斯国际机场合影留念新华社发(刘晓婉摄