တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ယွီကျုံးခရိုင် Hongyadong ရှုခင်းသာနေရာရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ယွီကျုံးခရိုင် Hongyadong ရှုခင်းသာနေရာရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နှစ်ပေါင်းများစွာကြာ မိမိတို့ထုတ်လုပ်ထားသော ထုတ်ကုန်များမှတစ်ဆင့် ပြည်ပနိုင်ငံအသီးသီးမှ ဝယ်ယူသူများကို ဆွဲဆောင်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူရန်အတွက်သာမကတော့ဘဲ ယခုအခါ တရုတ်နိုင်ငံ၏ ကျွမ်းကျင်ပိုင်နိုင်၊ ထိရောက်၍ ကိုယ်ပိုင်ဟန်ရှိသော ဝန်ဆောင်မှုများကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်စေရန် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် အရေအတွက်မှာလည်း တိုးတက်လာခြင်းနှင့်အတူ တိတ်တဆိတ်ပြောင်းလာခဲ့ပြီဖြစ်သည်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒများ တိုးချဲ့ခြင်းနှင့် တရုတ်နိုင်ငံသို့ ယခင်ကထက် ပိုမိုလာရောက်နိုင်ရန် ခရီးသွားလာမှုအဆင်ပြေချောမွေ့အောင် ပေါင်းစပ်မြှင့်တင်ပေးခြင်းများကြောင့် အဆိုပါ ပြောင်းလဲမှုက ပြည်တွင်းသုံးစွဲမှု၌ ကျယ်ကျယ်ပြန့်ပြန့် ဆင့်ကဲပြောင်းလဲမှုကို ထင်ဟပ်ပေါ်လွင်လျက်ရှိသည်။

အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသူ ပီတာ အန်တိုနီက ခရီးစဉ်တိုင်း မိသားစုနှင့် မိတ်ဆွေများထံမှ မျက်မှန်စမ်းသပ်စစ်ဆေးချက်များကို ယူဆောင်လျက် တရုတ်နိုင်ငံတွင် ၎င်းတို့အတွက် မျက်မှန်များဝယ်ယူပေးခဲ့ရာ ယင်းမှာ ၂၀၁၉ ခုနှစ်က ရှန်ဟိုင်းရှိ မျက်မှန်အရောင်းဆိုင်တစ်ဆိုင်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် ၎င်းပုံမှန်လုပ်ဆောင်လေ့ရှိသည့် အလေ့အထတစ်ခုပင် ဖြစ်လာခဲ့သည်။

“ကျွန်တော့်ကလေးတွေအတွက်လည်း ဝယ်တယ်။ ကျွန်တော် သူငယ်ချင်းတွေအတွက်ရော ကျွန်တော့်အတွက်ပါ မျက်မှန်တွေ ဝယ်ခဲ့တယ်” ဟု အန်တိုနီက ပြောသည်။ “ဝန်ဆောင်မှုကတော့ ထိပ်တန်းပဲ။ တရုတ်နိုင်ငံမှာတော့ ပိုပိုပြီး မြန်ဆန်သလို ဈေးလည်းတော်တော်သက်သာတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံရှိ မျက်မှန်ဆိုင်များတွင် ပုံမှန်မျက်မှန်များကို အချိန်တစ်နာရီအတွင်း ပြုလုပ်နိုင်သလို အထူးမှာယူသော မျက်ကပ်မှန်များပင်လျှင် ရံဖန်ရံခါ ရက်ပိုင်းအတွင်း အသင့်ရရှိနိုင်ကြောင်း၊ ထိုအချက်မှာ ကာလတိုနေထိုင်မည့် ခရီးသွားဧည့်သည်များအတွက် အကောင်းမွန်ဆုံးပင် ဖြစ်သည်။

ထို့ပြင် မျက်စိ နှစ်လုံးစလုံးမှာ ဆလင်ဒါပါဝါရှိသည့် နယူးဇီလန်နိုင်ငံမှ ခရီးသွားဧည့်သည်တစ်ဦး ဖြစ်သော မယ်လ်ကွန်မ်က ၎င်း၏ သူငယ်အိမ်များကို တိကျမှန်ကန်စွာ တိုင်းတာ၍ စာဖတ်ခြင်းရော ကားမောင်းခြင်းအတွက်ပါ ၎င်း၏ မျက်မှန်များအား ချိန်ညှိပေးရာတွင် အသုံးပြုသော အဆင့်မြင့်စက်ကိရိယာများကို မှတ်မိနေကြောင်း ပြောပြခဲ့သည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260721/b20b54ce50ae4e0db159fd34cc720b4c/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ဆံသဆိုင်တစ်ဆိုင်တွင် ဆံပင်ညှပ်နေသော နိုင်ငံခြားသားခရီးသွားဧည့်သည်တစ်ဦးကို ၂၀၂၆ ခုနှစ် ဇွန် ၁၃ ရက်က ‌တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ဆံသဆိုင်တစ်ဆိုင်တွင် ဆံပင်ညှပ်နေသော နိုင်ငံခြားသားခရီးသွားဧည့်သည်တစ်ဦးကို ၂၀၂၆ ခုနှစ် ဇွန် ၁၃ ရက်က ‌တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပိုးလမ်းမ အဆောက်အဦတွင် “Meet China” ပြည်တွင်းခရီးသွားလုပ်ငန်း ဒစ်ဂျစ်တယ်အသုံးပြုမှုပလက်ဖောင်း ဖန်သားမျက်နှာပြင်ကို ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပိုးလမ်းမ အဆောက်အဦတွင် “Meet China” ပြည်တွင်းခရီးသွားလုပ်ငန်း ဒစ်ဂျစ်တယ်အသုံးပြုမှုပလက်ဖောင်း ဖန်သားမျက်နှာပြင်ကို ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..

(English Version)

Beyond Made in China: Foreign visitors discover appeal of Chinese services

SHANGHAI, July 21 (Xinhua) -- For years, China has attracted overseas consumers via the products it manufactures. However, a quiet shift is now taking place, with an increasing number of foreign visitors coming to China not only to buy goods, but also to experience the country's professional, efficient and personalized services.

This change reflects a broader evolution in inbound consumption, as expanding visa-free policies and improving travel convenience combine to make China more accessible than ever.

Peter Anthony, a frequent visitor to China from the United States, brings optician notes from family and friends on every trip, buying their glasses in China -- a habit he picked up after his first visit to a Shanghai optical store in 2019.

"I bought them for my children, I bought them for my friends, I buy them for myself," Anthony said. "Service is outstanding. In China, much, much faster and certainly cheaper." In many Chinese optical stores, regular glasses can be made within an hour, while customized lenses are often ready within days, which is ideal for visitors on a short stay.

New Zealand tourist Malcolm, who has astigmatism in both eyes, said he was impressed by the advanced equipment used to precisely measure his pupils and adjust his glasses for both reading and driving.

https://english.news.cn/20260721/b20b54ce50ae4e0db159fd34cc720b4c/c.html

Photo 1: Overseas tourists take selfies in front of the Hongyadong Scenic Area in Yuzhong District of Chongqing, southwest China, April 22, 2026. (Xinhua/Huang Wei)

Photo 2: A foreign tourist gets a haircut at a barber shop in east China's Shanghai, June 13, 2026. (Xinhua/Wang Xiang)

Photo 3: This photo taken on June 1, 2026 shows a screen for "Meet China" Inbound Tourism Digital Consumption Platform at the Silk Street building in Beijing, capital of China. (Xinhua/Ju Huanzong)