တရုတ်နိုင်ငံ ချုံချင့်မြို့ ပိဆန်းခရိုင် ပါးထန်မြို့နယ် ယွင်ဝုတောင် ချယ်ရီသီးလျှိုမြောင်တွင် ချယ်ရီသီး ဆွတ်ခူးနေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ပိဆန်းခရိုင် ပါးထန်မြို့နယ် ယွင်ဝုတောင် ချယ်ရီသီးလျှိုမြောင်တွင် ချယ်ရီသီး ဆွတ်ခူးနေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တောင်အာဖရိက Sunday World သတင်းစာ၏ အမှုဆောင်အရာရှိချုပ် John Bailey သည် မကြာသေးမီက တရုတ်နိုင်ငံ နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေ့လာခရီးစဉ် သွားရောက်ပြီးနောက် “တရုတ်နိုင်ငံ၏ နင်းရှဒေသသည် တောင်အာဖရိကနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် မည်သည့်ဉာဏ်လမ်းစများ သယ်ဆောင်လာပေးနိုင်သနည်း” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသား၍ တရုတ်နိုင်ငံသည် ရေရှည်စီမံကိန်းရေးဆွဲမှု၊ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနှင့် ခိုင်မြဲစွာလှုပ်ရှားမှုတို့ဖြင့် လူဦးရေပေါင်း သန်းရာနှင့်ချီကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေခဲ့ကြောင်း၊ ၎င်း၏အတွေ့အကြုံသည် တောင်အာဖရိကနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လက်တွေ့ဖော်ဆောင်မှုအတွက် အကျိုးပြုသော ဉာဏ်လမ်းစများ ဖွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဆယ်စုနှစ်ချီကာလအတွင်း တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အဦ တည်ဆောက်မှု၊ ပညာရေးနှင့် ဆေးကုသရေး တိုးတက်ကောင်းမွန်မှု၊ ကျေးလက်ရှင်သန်တိုးတက်မှု စသည်တို့ကို ပေါင်းစပ်ကာ လူဦးရေပေါင်း သန်းရာနှင့်ချီကို ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေရန် အောင်မြင်စွာ ကူညီပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတိုင်းအတာပမာဏကို သမိုင်းဝင် အနက်အဓိပ္ပာယ်ရှိသည်ဟု အများက ကျယ်ကျယ်ပြန့်ပြန့်ယူဆကြသည်။

အမှတ်အရဆုံးဖြစ်စေသည်မှာ ဒေသတွင် ရုပ်ဝတ္ထုအလွှာအရ ပြောင်းလဲမှုသာမက တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို အစဉ်အမြဲအားစိုက် ဖန်တီးလျက်ရှိမှုပင်ဖြစ်သည်။ ကားလမ်းများသည် တစ်ချိန်က လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့နေသော ကျေးရွာများကို ဈေးကွက်နှင့် ချိတ်ဆက်ပေးလိုက်ပြီး ဆည်မြောင်းရေသွင်းစနစ်ကမူ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလိုက်သည်။ သက်မွေးဝမ်းကျောင်းပညာရေးဖြင့် လူငယ်များက လက်တွေ့အသုံးဝင်သည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်လာပြီး အသေးစား၊ အလတ်စား လုပ်ငန်းကုမ္ပဏီများအား ကူညီပေးမှုကမူ ပိုမိုများပြားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလိုက်သဖြင့် ဒေသန္တရစီးပွားရေး ရှင်သန်စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အောင်မြင်မှုရရှိနိုင်ခြင်းမှာ ရေရှည်စီမံကိန်းရေးဆွဲမှု၊ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု၊ ခိုင်မြဲသည့် နိုင်ငံရေးဆန္ဒနှင့် အစိုးရ၊ လုပ်ငန်းကုမ္ပဏီနှင့် လူမှုအသိုက်အဝန်းအကြား နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုတို့နှင့် မကင်းကွာနိုင်ပေ။ အရေးကြီးဆုံး ဉာဏ်လမ်းစဖွင့်မှုမှာ စစ်မှန်၍ ထိရောက်မှုရှိသော ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းသည် မပြတ်မလပ် ကြိုးပမ်းမှု လိုအပ်ခြင်းပင်ဖြစ်သည်။

တောင်အာဖရိကနိုင်ငံသည် မတူညီသော သမိုင်းနောက်ခံနှင့် စီးပွားရေးဖွဲ့စည်းမှုကို ပိုင်ဆိုင်ထားပြီး မတူကွဲပြားသော လူမှုအသိုက်အဝန်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကာ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လက်တွေ့ကျင့်သုံးမှုကို အလွယ်တကူ ပုံတူကူးချ၍ မရသော်လည်း ၎င်းအနက် အခြေခံမူအချို့ကိုမူ လေ့လာအတုယူထိုက်ပေသည်။ ၎င်းတွင် အခြေခံအဆောက်အဦများ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဖန်တီးခြင်း၊ ပညာရေး၊ သက်မွေးဝမ်းကျောင်း သင်ကြားလေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု ပျိုးထောင်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုကို စဉ်ဆက်မပြတ် တိုးမြှင့်ခြင်း၊ မူဝါဒရေရှည်တည်မြဲမှုနှင့် စဉ်ဆက်မပြတ်တည်ရှိမှုကို ထိန်းသိမ်းထားခြင်းတို့ ပါဝင်သည်။

ဆင်းရဲနွမ်းပါးမှုသည် အောင်မြင်စွာ တိုက်ဖျက်၍မရခြင်းမဟုတ်ပေ။ ၎င်းသည် ရေရှည်အမြော်အမြင်ကြွယ်ဝသော ဦးဆောင်မှု၊ ပြည့်စုံသော မူဝါဒ၊ ကောင်းမွန်ပြည့်စုံသော တာဝန်ခံမှုယန္တရားနှင့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ထည့်ဝင်ခြင်းတို့ဖြင့် ကိုင်တွယ်စီမံနိုင်သည်။ နင်းရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုက ခိုင်မြဲသောလှုပ်ရှားမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်တို့သည် စစ်မှန်သောပြောင်းလဲမှုများ သယ်ဆောင်လာနိုင်သည်ကို သက်သေပြလိုက်သဖြင့် အဆိုပါအတွေ့အကြုံကို တောင်အာဖရိကနိုင်ငံက အလေးအနက် ထည့်သွင်းစဉ်းစားထိုက်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် သန်းကျိုက်ခရိုင် ယန်ဝူမြို့နယ် ဖိုင်မော့ရွာတွင် တိုက်ရိုက်လိုက်ဖ်လွှင့်သူတစ်ဦး (ဝဲဘက်) က မြောင်လူမျိုး ဖယောင်းဆေးဆိုးမှုဖြင့် ပြုလုပ်ထားသော ဂါဝန်အား လိုက်ဖ်လွှင့်မှု မိတ်ဆက်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် သန်းကျိုက်ခရိုင် ယန်ဝူမြို့နယ် ဖိုင်မော့ရွာတွင် တိုက်ရိုက်လိုက်ဖ်လွှင့်သူတစ်ဦး (ဝဲဘက်) က မြောင်လူမျိုး ဖယောင်းဆေးဆိုးမှုဖြင့် ပြုလုပ်ထားသော ဂါဝန်အား လိုက်ဖ်လွှင့်မှု မိတ်ဆက်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

全球瞭望丨南非媒体:中国减贫经验值得借鉴

新华社约翰内斯堡7月21日电(记者靳博文 蒋国鹏)南非《星期日世界报》首席执行官约翰·贝利日前结束对中国宁夏回族自治区的参访后,撰写题为《中国宁夏能为南非减贫带来哪些启示》的文章说,中国通过长期规划、持续投入和坚定行动,成功使数亿人摆脱极端贫困,其经验为南非减贫实践提供有益启示。文章摘要如下:  

数十年来,中国持续推进大规模减贫行动,将经济发展、基础设施建设、教育和医疗改善、乡村振兴等相结合,成功帮助数亿人口摆脱贫困。中国减贫的规模被广泛认为具有历史性意义。  

令人印象深刻的不仅是当地物质层面的变化,更在于中国始终着力创造可持续的经济发展机会。公路将曾经交通闭塞的乡村连接到市场,灌溉系统促进农业发展,职业教育帮助年轻人掌握实用技能,对中小企业的扶持则创造更多就业机会,增强地方经济活力。  

中国减贫成就的取得,离不开长期规划、持续投入、坚定的政治意愿,以及政府、企业和社区之间的密切协作。最重要的启示在于,真正有效的减贫需要持之以恒的努力。  

尽管南非拥有不同历史背景和经济结构,面临不同社会挑战,中国的减贫实践不能简单照搬,但其中一些原则值得借鉴,包括通过完善基础设施创造发展机会,持续加大教育、职业培训和技能培养投入,以及保持政策的长期性和连续性。  

贫困并非不可战胜,可以通过富有远见的领导力、健全的政策、完善的问责机制以及对人力资本的持续投入加以应对。宁夏的发展证明了坚定行动和长远发展愿景能够带来真正的改变,这一经验值得南非认真思考。(完

图说1:4月9日,游客在重庆市璧山区八塘镇云雾山樱桃谷采摘樱桃新华社记者 陈诚

图说2:5月20日,一名主播(左)在贵州省丹寨县扬武镇排莫村直播推介苗族蜡染所制的裙子新华社记者 杨文斌