တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဝူရှီးမြို့ အဆင့်မြင့်နည်းပညာဇုန်တွင် တည်ရှိသော Guoyu Starry Sky Technology Co., Ltd. ၌ အပူလေဟာနယ် စမ်းသပ်ခန်း (thermal vacuum simulator) ကို ဓာတ်ပုံရိုက်ကူးနေသော မီဒီယာသတင်းထောက်များအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူရှီး (ကျန်းဆူး)၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဝူရှီးမြို့ အဆင့်မြင့်နည်းပညာဇုန်တွင် တည်ရှိသော Guoyu Starry Sky Technology Co., Ltd. သည် ဂြိုဟ်တု သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ၊ ထုတ်လုပ်ရေးတို့ကို အထူးပြုဆောင်ရွက်လျက်ရှိသည်။ အဆိုပါကုမ္ပဏီတွင် MinoSpace စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုအတွက် ဉာဏ်ရည်ထည့်သွင်းထားသော ထုတ်လုပ်ရေးလိုင်း တည်ဆောက်ထားရာ တစ်နှစ်လျှင် ၂၀၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ် အဆင့်ရှိ ဂြိုဟ်တု အစင်းရေ ၁၅၀ နှင့်အထက် ထုတ်လုပ်နိုင်စွမ်းရှိသည်။ ယင်းကုမ္ပဏီသည် နိုင်ငံ၏ ဂြိုဟ်တုအင်တာနက်စီမံကိန်း၊ စီးပွားရေးလုပ်ငန်းသုံးဂြိုဟ်တုကြယ်တာရာ စသည့် တည်ဆောက်ရေးလိုအပ်ချက်များကို ဘက်စုံ ဝန်ဆောင်မှုပေးလျက်ရှိသည်။ (Xinhua)

............................

(Chinese Version)

活力中国调研行丨走进无锡“星工场”

新华社照片,无锡(江苏),2026年7月21日

位于无锡高新区的江苏国宇星空科技有限公司专注于卫星整星的研发与制造。公司建有微纳星空商业卫星智能化生产线,具备年产150颗以上200kg至500kg级卫星的生产能力,全面服务于国家卫星互联网工程、商业星座等建设需要。

图说:7月20日,媒体记者在江苏国宇星空科技有限公司拍摄热真空环境模拟舱。 新华社记者 陈晔华 摄