ထရမ့်နှင့် လက်ဘနွန် သမ္မတတို့ ဟစ်ဇ်ဘိုလာ လက်နက်စွန့်ရေး ဆွေးနွေး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun နှင့် အိမ်ဖြူတော်တွင် ဇူလိုင် ၂၁ ရက်က တွေ့ဆုံခဲ့ပြီး အမေရိကန်အနေဖြင့် ဟစ်ဇ်ဘိုလာ လက်နက်စွန့်ရေး၌ လက်ဘနွန်ကို ကူညီပေးမည်၊ မပေးမည်ကို နှစ်နိုင်ငံ ခေါင်းဆောင်များက သီးသန့်ဆွေးနွေးကြမည်ဟု ပြောကြားခဲ့သည်။

“အလွန်ကောင်းမွန်တဲ့ အစီအစဉ်တချို့ ကျွန်တော်တို့ စီစဉ်ထားပြီးပါပြီ။ အခြားအရာတွေမှာလည်း ပါဝင်ကူညီနေပါတယ်” ဟု ထရမ့်က အစည်းအဝေးမတိုင်မီ သတင်းထောက်များကို ပြောခဲ့သည်။ “ဒါပေမဲ့ သူတို့ ဒီလိုဖြစ်လာဖို့ တော်တော်လေးလုံလောက်နေပါပြီ။ ဒီအကြောင်းကို ကျွန်တော်တို့ ပြောဆိုသွားမှာပါ”

ထရမ့်က ၎င်းအနေဖြင့် Aoun ဘက်က တောင်းဆိုလာပါက ဟစ်ဇ်ဘိုလာနှင့် တိုက်ရိုက်ပြောဆိုလိုကြောင်းလည်း ပြောခဲ့သည်။

ရန်သူ၏ ဒရုန်းခြိမ်းခြောက်မှုများကို လေကြောင်းရန်ကာကွယ်ရေးစနစ်များက တုံ့ပြန်လျက်ရှိဟု ကူဝိတ် ဆို

ကူဝိတ်နိုင်ငံက နိုင်ငံအနှံ့အပြားတွင် ပေါက်ကွဲသံများကြားရပြီးနောက် ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒရုန်းများအား ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။

ကူဝိတ်တပ်မတော် စစ်ဦးစီး ဗိုလ်မှူးချုပ်က လေကြောင်းရန်ကာကွယ်ရေးယူနစ်များက “လက်ရှိတွင် ရန်သူ၏ ဒရုန်းခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်” လျက်ရှိကြောင်း လူမှုမီဒီယာ X ပေါ်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

အသံကြားရသော ပေါက်ကွဲမှုများက “ရန်သူပစ်မှတ်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ရလဒ်” ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဆက်စပ်အာဏာပိုင်များမှ ထုတ်ပြန်သော ဘေးကင်းရေးနှင့် လုံခြုံရေးညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် တပ်မတော်က တိုက်တွန်းပြောကြားခဲ့သည်။

အီရန်က ဘာရိန်း၊ ကူဝိတ်၊ ဂျော်ဒန်ရှိ အမေရိကန်အခြေစိုက်စခန်းများနှင့် ပိုင်ဆိုင်မှုများကို လတ်တလော လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု ပြော

အမေရိကန်က အီရန်အား နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အီရန်တပ်ဖွဲ့များက ဘာရိန်း၊ ကူဝိတ်၊ ဂျော်ဒန် စသည့်နိုင်ငံများရှိ အမေရိကန်အခြေစိုက်စခန်းများ၊ ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အအုံများကို လတ်တလော လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၂၁ ရက်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံ လေတပ်၏ တပ်ဖွဲ့များက ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါအဆောက်အအုံများ၊ ဆက်သွယ်ရေးအဆောက်အအုံများနှင့် အခြား စစ်ဘက်ပိုင်ဆိုင်မှုများအပြင် ဂျော်ဒန်ရှိ အမေရိကန် စစ်ဘက် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းအစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ၎င်းတို့၏ တရားဝင်သတင်းဌာန Sepah News မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်များ၌ ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများမှာ လတ်တလော အီရန်အား အမေရိကန်၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ အမေရိကန် စစ်ရေးပစ်မှတ်များကိုလည်း ဒုံးကျည်နှင့် ဒရုန်း စစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားကြောင်း IRGC က ဆိုသည်။

တန်ဇန်းနီးယားနိုင်ငံ Kigoma ဒေသတွင် နယ်စပ်ဖြတ်ကျော်ကျန်းမာရေးအန္တရာယ်များကြောင့် အီဘိုလာရောဂါ ကြိုတင်ပြင်ဆင်မှု အရှိန်မြှင့်လုပ်ဆောင်

အိမ်နီးချင်းနိုင်ငံဖြစ်သော ကွန်ဂိုနိုင်ငံ(DRC) တွင် ကျန်းမာရေးအန္တရာယ်များဖြစ်ပေါ်နေပြီးနောက် တန်ဇန်းနီးယားနိုင်ငံ Kigoma ဒေသက အီဘိုလာရောဂါနှင့် အခြားကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေ အလားအလာများအား ကာကွယ်ရန် ကြိုတင်ကာကွယ်ရေးအစီအမံများနှင့် အရေးပေါ်ပြင်ဆင်မှုများ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်၌ ပြောကြားခဲ့သည်။

အာဏာပိုင်များအနေဖြင့် Tanganyika ရေကန်တစ်လျှောက် ဒေသ၏ မဟာဗျူဟာမြောက်အနေအထားဖြစ်သည့် နယ်စပ်တစ်ခွင် အီဘိုလာ‌ရောဂါဖြစ်ပွားနိုင်ခြေနှင့်စပ်လျဉ်း၍ သတိပေးချက်များ လက်ခံရရှိပြီးနောက် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြောင်း Kigoma ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိ Damas Kayera က ပြောခဲ့သည်။

“တန်ဇန်းနီးယားနယ်စပ်ဒေသတွေထဲက တစ်ခုဖြစ်တဲ့ Kigoma ဒေသဟာ အိမ်နီးချင်းနိုင်ငံက အီဘိုလာရောဂါအန္တရာယ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေရတဲ့အချိန်ကစပြီး အရေးပါတဲ့ ကြိုတင်ကာကွယ်ရေးအစီအမံတွေကို ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” ဟု Kayera က ဆိုပြီး အလွှာအသီးသီးရှိ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအနေဖြင့်လည်း ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရန် လေ့ကျင့်ထားပြီး ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။  (Xinhua)

………..

(English Version)

Daily World Briefing, July 22

Trump, Lebanese president discuss Hezbollah disarmament

U.S. President Donald Trump on Tuesday met with Lebanese President Joseph Aoun at the White House and said the two leaders would discuss privately whether the United States would assist Lebanon in disarming Hezbollah.

"We have some very concrete plans already in store for that, with others going in and helping," Trump told reporters before the meeting. "But they're also becoming much more self-sufficient, and we will be speaking about that."

Trump also said he would be willing to speak directly with Hezbollah if requested by Aoun.


Kuwait says air defenses responding to hostile drone threats

Kuwait said on Wednesday that its air defense systems were intercepting drones after explosions were heard in parts of the country.

In a statement posted on X, the General Staff of the Kuwaiti Armed Forces said air defense units were "currently responding to hostile drone threats."

The military said any explosions heard were "the result of air defense systems intercepting hostile targets," urging the public to follow safety and security instructions issued by the relevant authorities.


Iran says it launched fresh retaliatory strikes on U.S. bases, assets in Bahrain, Kuwait, Jordan

Iran's armed forces said Tuesday they carried out fresh retaliatory missile and drone strikes against U.S. bases, assets and infrastructure in Bahrain, Kuwait and Jordan following another round of U.S. attacks on Iran.

Iran's Islamic Revolution Guard Corps (IRGC) said in statements carried by its official news outlet Sepah News that its aerospace forces targeted U.S. air defense systems, radar facilities, communications infrastructure and other military assets in Bahrain and Kuwait, as well as U.S. military facilities in Jordan.

The IRGC said the attacks were carried out in retaliation for recent U.S. strikes on Iran and were intended to pave the way for broader missile and drone operations against U.S. military targets in the region.


Tanzania's Kigoma Region steps up Ebola preparedness over cross-border threats

Tanzania's Kigoma Region has intensified precautionary measures and emergency preparedness to prevent potential outbreaks of Ebola and other infectious diseases following reported health threats in the neighboring Democratic Republic of the Congo (DRC), a medical official said on Tuesday.

Kigoma Regional Medical Officer Damas Kayera said authorities acted swiftly after receiving alerts about a possible Ebola outbreak across the border, given the region's strategic position along Lake Tanganyika.

"As one of Tanzania's border regions, Kigoma has taken critical precautionary measures since receiving information about the Ebola threat in a neighboring country," Kayera said, noting that healthcare workers at all levels have been trained to respond effectively.