ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ် ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဂျပန်အသင်းတို့အကြား အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲအတွင်း ဂျပန်အသင်းမှ Harimoto Miwa နှင့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ဂုဏ်ပြုနေသော တရုတ်အသင်းမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်အားကစားသမား စွန်းရင်ဆားသည် ၄ နှစ်ဆက်တိုက် စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ကစားသမားများတွင် ကမ္ဘာ့အဆင့် ၁ နေရာကို ထိန်းထားနိုင်ခဲ့ကြောင်း ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ် (WTT) က ဇူလိုင် ၂၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် စွန်းရင်ဆားသည် ချန်မုန့်အား ကျော်တက်၍ စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ကစားသမားများတွင် ကမ္ဘာ့အဆင့် ၁ နေရာသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် ၎င်းသည် အဆိုပါ အဆင့် ၁ နေရာမှ ကျဆင်းသွားခြင်းမရှိပေ။ နောက်ဆုံး ကမ္ဘာ့အဆင့်များကို ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ စွန်းရင်ဆားသည် ရမှတ် ၁၁,၃၅၀ မှတ်ဖြင့် အဆင့် ၁ နေရာ၌ ဆက်လက်ရပ်တည်လျက်ရှိသည်။

အဆင့် ၁ နေရာ၌ ရပ်တည်နေသည့် ကာလအတွင်း စွန်းရင်ဆားသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံများကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲတွင် ကမ္ဘာ့ဖလား သုံးကြိမ်ဆက်တိုက် ရရှိခဲ့သည်။ ထို့ပြင် ၎င်းသည် အာရှအားကစားပြိုင်ပွဲ၊ အာရှဖလား တစ်ဦးချင်းချန်ပီယံဆုလည်း ရရှိခဲ့ဖူးသည်။ ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပလျက်ရှိသည့် WTT United States Smash ပြိုင်ပွဲတွင် ခြောက်ကြိမ်မြောက် တစ်ဦးချင်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အွန်တိုရီယိုမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ကမ္ဘာ့တင်းနစ်ဖွဲ့ချုပ် (WTT) United States Smash ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အားကစားသမား စွန်းရင်ဆားက တရုတ်အားကစားသမား ခွိုင်မန့်နှင့် ယှဉ်ပြိုင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

孙颖莎连续四年保持乒乓球女单世界第一

新华社北京7月21日电 世界乒乓球职业大联盟(WTT)21日宣布,中国运动员孙颖莎已连续四年保持女单世界第一。  

2022年7月19日,孙颖莎超越陈梦,重返女单世界第一。自此之后,她未再让这一位置旁落。最新一期世界排名于20日公布,孙颖莎以11350分继续排名第一。  

位居榜首期间,孙颖莎夺得了2023年、2025年两届世乒赛女单冠军,并实现单打世界杯三连冠。此外,她还获得过亚运会、亚洲杯单打冠军。在本月进行的WTT美国大满贯赛上,孙颖莎加冕大满贯赛单打“六冠王”。(完)

1: Sun Yingsha of China celebrates in the singles match against Harimoto Miwa of Japan during the women's teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Lian Yi)

2: Sun Yingsha of China competes during the women's singles final against Kuai Man of China at the WTT United States Smash 2026 in Ontario, California, the United States, July 5, 2026. (Photo by Zeng Hui/Xinhua)