တရုတ်ရေတပ် ဆေးရုံသင်္ဘော "Silk Road Ark" ၏ အမှုထမ်းများအား ဖီဂျီနိုင်ငံ ဆူဗာမြို့ရှိ ဆူဗာဆိပ်ကမ်းတွင် လိုက်ပါပို့ဆောင်ကာ နှုတ်ဆက်နေကြသူများများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ရေတပ် ဆေးရုံသင်္ဘော "Silk Road Ark" ၏ အမှုထမ်းများအား ဖီဂျီနိုင်ငံ ဆူဗာမြို့ရှိ ဆူဗာဆိပ်ကမ်းတွင် လိုက်ပါပို့ဆောင်ကာ နှုတ်ဆက်နေကြသူများများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ဆေးရုံသင်္ဘော Auspicious Ark သည် အာဖရိကနှင့် တောင်အာရှတွင် လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုမစ်ရှင်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ဆိပ်ကမ်းမှ ဇူလိုင် ၂၂ ရက်၌ ထွက်ခွာခဲ့သည်။

၂၀၁၀ ပြည့်နှစ်မှစ၍ Mission Harmony ၏ ၁၂ ကြိမ်မြောက် မစ်ရှင်ဖြစ်သော Mission Harmony-၂၀၂၆ သည် ရက်ပေါင်း ၂၀၀ ကျော်ကြာမြင့်မည်ဟု လျာထားပြီး ထိုအတောအတွင်း သင်္ဘောသည် အာဖရိကနှင့် တောင်အာရှနိုင်ငံများစွာသို့ သွားရောက်ကာ ဒေသခံပြည်သူများအား အခမဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးမည်ဖြစ်သည်။

သင်္ဘောအမှုထမ်းများက သက်ဆိုင်ရာနိုင်ငံများနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

............................................

(English Version)

Chinese navy hospital ship sets sail for humanitarian medical mission in Africa, South Asia

QINGDAO, July 22 (Xinhua) -- The Chinese People's Liberation Army (PLA) Navy hospital ship, Auspicious Ark, departed from a port in Qingdao, east China's Shandong Province, on Wednesday for a humanitarian medical service mission in Africa and South Asia.

Mission Harmony-2026, the 12th iteration of Mission Harmony since 2010, is scheduled to last over 200 days, during which the ship will visit multiple African and South Asian countries to provide free medical services to local populations.

The crew will also carry out cultural exchanges with relevant countries. ■

English Caption

People see off crew members of the Chinese Navy hospital ship "Silk Road Ark" at Suva Port in Suva, Fiji, Oct. 8, 2025. (Photo by Cui Xiaoyang/Xinhua)