
လူဆာကာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ဇမ်ဘီယာနိုင်ငံ ကော့ပါဘဲ့လ်ထ်ပြည်နယ်မှ မီရီယမ် ချိုလာဟု အမည်ရသော ကျောင်းသူတစ်ဦးမှာ ကွန်ဂိုနိုင်ငံနှင့် နယ်စပ်အနီး ဝေးလံခေါင်သီသော ကာလူလူရှီမြို့ရှိ ၎င်း၏နေအိမ်မှ လမ်းလျှောက်၍သွားနိုင်သည့် စာသင်ကျောင်းတစ်ကျောင်း၌ တက်ရောက်နိုင်ရန် ကာလကြာမြင့်စွာ မျှော်လင့်တောင့်တနေခဲ့ခြင်းဖြစ်သည်။
"ကျွန်မက ကက်သလစ် စာသင်ကျောင်းတစ်ကျောင်းမှာ ပညာသင်နေပြီး အဲဒီမှာက ကျွန်မမိသားစုနဲ့ အတူနေဖို့ အခက်အခဲရှိတယ်လေ။ ကျွန်မ သူတို့ကို သိပ်သတိရနေတာ" ဟု ချိုလာက ပြန်လည်ပြောပြခဲ့သည်။ ၎င်းအနေဖြင့် အိမ်နှင့်အလှမ်းဝေးသည့် မြို့တစ်မြို့၌ ပညာသင်ကြားနေစဉ် မိသားစုတွေ့ဆုံပွဲများကို အကြိမ်ကြိမ် လွဲချော်ခဲ့ရသည်ဟု ဆိုသည်။
ချိုလာ၏ မျှော်လင့်ချက်အိပ်မက်မှာ ၂၀၂၅ ခုနှစ်တွင် လက်တွေ့ဖြစ်လာခဲ့ပြီး တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Sino-Metals Leach Zambia Limited (SMLZL) က ၎င်း၏မွေးရပ်မြေ၌ မင်ဆန်ဂါ အလယ်တန်းကျောင်း တည်ဆောက်ရာတွင် ပံ့ပိုးကူညီခဲ့သည်။
ကျယ်ဝန်းပြီး အလင်းရောင်ကောင်းစွာ ရရှိသလို ခေတ်မီ အသုံးအဆောင်ပစ္စည်းသစ်များ ပါဝင်သော စာသင်ခန်းထဲတွင် ထိုင်နေသည့် ချိုလာမှာ အတိုင်းထက်အလွန် ပျော်ရွှင်လျက်ရှိသည်။
"ကျွန်မ အကြောင်းအရာသစ်တွေကို လေ့လာသင်ယူနိုင်ဖို့ ကျောင်းကိုစောစောလာပြီးတော့ အေးအေးဆေးဆေး အချိန်ယူရင်း စိတ်သက်သောင့်သက်သာဖြစ်အောင်နဲ့ စိတ်လန်းဆန်းသွားအောင် လုပ်လိုက်တယ်" ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့ကာ ၎င်းအနေဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိပြီး အနာဂတ်တွင် အင်ဂျင်နီယာတစ်ဦးဖြစ်လာရန် အပတ်တကုတ် ကြိုးစားနေသည်ဟု ဆိုသည်။
ဇမ်ဘီယာနိုင်ငံတွင် ကျေးလက်ဒေသရှိ ကျောင်းသား၊ ကျောင်းသူ အတော်များများသည် စာသင်ကျောင်း၊ ဆရာ၊ ဆရာမများနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ မလုံလောက်မှုကြောင့် ပညာသင်ကြားနိုင်ရန် အကန့်အသတ်ရှိနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူအချို့မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျောင်းထွက်ခဲ့ရသည်။
ဇမ်ဘီယာအစိုးရအနေဖြင့် ကျေးလက်ဒေသ၌ ပညာရေးအဆင့်မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်နေခိုက် စာသင်ကျောင်း အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ပညာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း၊ ကလေးငယ်များ ပညာသင်ကြားခွင့် ပိုမိုရရှိစေရန် အထောက်အကူပေးခြင်းဖြင့် ဇမ်ဘီယာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းများက အဆိုပါ ကြိုးပမ်းမှုတွင် ပိုမိုပူးပေါင်းပါဝင်လာကြသည်။
SMLZL ကုမ္ပဏီမှာ စာသင်ကျောင်းဆောင်များ တည်ဆောက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခြင်းတို့အပြင် အနာဂတ် မျှော်လင့်ချက်များကိုလည်း ပြန်လည်ဆောင်ကြဉ်းပေးခဲ့သည်ဟု မင်ဆန်ဂါ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး အန်ဒရူး အမ်ဖူးန်က ဆင်ဟွာသို့ ပြောသည်။
"သူတို့ထဲက အများစုဟာ ထွက်ပေါက်မရှိတာရယ်၊ သူတို့အနာဂတ်က လမ်းစပျောက်နေတာတွေရယ်ကြောင့် ကျောင်းထွက်ဖို့ ရွေးချယ်ခဲ့တာပါ" ဟု အမ်ဖူးန်က ဆိုသည်။ "ဒါပေမဲ့ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူအားလုံးဟာ သူတို့အနီးအနားမှာတင် အလယ်တန်းပညာရေးကို ဆက်လက်သင်ကြားနိုင်ပါပြီ" ဟုလည်း ၎င်းက ပြောသည်။
"ဒီလို ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ရှိလာပြီမို့လို့ သူတို့လေးတွေမှာ အနာဂတ်တစ်ခု ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူတို့အနေနဲ့ ဒီကိုပြန်လာပြီး သတ္တုတွင်းတွေမှာ အင်ဂျင်နီယာတွေအဖြစ် အလုပ်လုပ်ကိုင်နိုင်သလို တိုင်းပြည်စီးပွားရေးရဲ့ တခြားနယ်ပယ်တွေမှာလည်း အလုပ်လုပ်လို့ရပြီလေ" ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဇမ်ဘီယာနိုင်ငံ၏ ကျေးလက်ဒေသ ပညာရေး မြှင့်တင်ရာတွင် တရုတ်ကုမ္ပဏီများက အပြုသဘော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို အမ်ဖူးန်က ချီးကျူးခဲ့ပြီး ထိုသို့သော အပြုအမူများသည် ဇမ်ဘီယာ-တရုတ် ပြည်သူများအကြား ကာလကြာရှည် တည်တံ့ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေသည်ဟု ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260721/43042a597a9644a399f13cd4ab8e5394/c.html


……………………………………………………………
(English Version)
Chinese companies expand access to education for rural children in Zambia
LUSAKA, July 21 (Xinhua) -- Mirriam Chola, a student in Zambia's Copperbelt Province, had long dreamed of attending a school within walking distance of her home in Kalulushi, a remote town near the border with the Democratic Republic of the Congo.
"I was learning in a Catholic school where I had a challenge to stay with my family, and I was missing them a lot," Chola recalled. She said she had to sacrifice many family gatherings while pursuing studies in a town far from home.
Chola's dream was finally realized in 2025 when Sino-Metals Leach Zambia Limited (SMLZL), a Chinese mining company, helped build the Minsenga Secondary School in her hometown.
Sitting in a spacious, well-lit classroom equipped with new and modern facilities, Chola felt overjoyed.
"I arrive at school early, giving myself time to relax and refresh my mind so that I can learn more new things," she told Xinhua, adding that she is striving wholeheartedly to gain admission to a university and become an engineer in the future.
In Zambia, many students in rural areas have limited access to education due to a lack of schools, teachers, and learning facilities, leading some to drop out at an early age.
As the Zambian government works to improve rural education, an increasing number of Chinese enterprises operating in Zambia have joined the effort by constructing school infrastructure and donating educational supplies, helping more children gain access to education.
Andrew Mfune, headmaster of Minsenga Secondary School, told Xinhua that SMLZL not only constructed classroom blocks and donated stationery to the students, but also restored their hope for the future.
"Most of them opted to just stop school because they had no way out, and their future was shattered," Mfune said. "But now all the learners nearby can continue their secondary education."
"With the coming of this good infrastructure and education, we are so sure that these people will have a future. They can actually come back here and work maybe as engineers in the mines or in other areas of our economy," he added.
Mfune commended the positive role that Chinese companies have played in boosting Zambia's rural education, saying the gestures also cemented the long-lasting friendship between the peoples of Zambia and China.
https://english.news.cn/20260721/43042a597a9644a399f13cd4ab8e5394/c.html
English Caption 1
Students attend class at Minsenga Secondary School built by Sino-Metals Leach Zambia Limited in Kalulushi, Copperbelt Province, Zambia, on July 14, 2026. (Photo by Martin Mbangweta/Xinhua)
English Caption 2
Andrew Mfune, headmaster of Minsenga Secondary School, speaks to Xinhua in Kalulushi, Copperbelt Province, Zambia, on July 14, 2026. (Photo by Martin Mbangweta/Xinhua)








