ယူနန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ပထမဆုံး မြန်မာ့ကျောက်မျက်ရတနာပြပွဲ (ရွှေလီ၊ တရုတ်နိုင်ငံ) ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ခေါင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဇူလိုင် ၂၂ ရက်က တရားဝင် ရောင်းဝယ်မှုစတင်ခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကျောက်စိမ်းရိုင်း အဓိကထွက်ရှိရာ ပင်မဒေသဖြစ်ပြီး ၎င်း၏ ကျောက်မျက်ရတနာပြပွဲကို ကျောက်စိမ်းလုပ်ငန်း၏ ဈေးနှုန်းအညွှန်းကိန်းအဖြစ် သတ်မှတ်ထားကြသည်။ ယခုအကြိမ် ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း တို့ အတူတကွ ကြီးမှူးကျင်းပခဲ့ပြီး ဒေသအသီးသီး ကျောက်မျက်ကုန်သည် ၄,၆၀၀ ကျော် စာရင်းပေးသွင်း ပါဝင်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
ပြပွဲကို ရွှေလီမြို့တွင် ဖော်ဆောင်ကျင်းပရာတွင် နေပြည်တော်ပြပွဲမှ အရောင်းအဝယ် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ အသုံးပြုခဲ့သည်။ လေလံဆွဲသည့် ကျောက်စိမ်းရိုင်းများအားလုံးသည် မြန်မာနိုင်ငံမှ တိုက်ရိုက်လာသော တစ်လက်ကိုင်ပစ္စည်းများ ဖြစ်ကြပြီး နိုင်ငံတကာ လေလံတင် ဈေးနှုန်းသတ်မှတ်မှုစနစ်ဖြင့် တရုတ်ယွမ်ငွေကို အသုံးပြုကာ ငွေစာရင်းရှင်းကြခြင်းဖြစ်သည်။ ကုန်ပစ္စည်းများကို ကျယ်ခေါင်နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း အရောင်းအဝယ်ပြုလုပ်ပြီးနောက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို အဆင်ပြေလွယ်ကူစွာ လျှောက်ထားနိုင်ပြီး သွင်းကုန် စည်းကြပ်ခွန်ကင်းလွတ်ခွင့် မူဝါဒကို ခံစားခွင့်ရရှိမည်ဖြစ်သည်။ ဇုန်အတွင်း ကုန်ချောထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီလုပ်ငန်းများသည်လည်း သတ်မှတ်ချက်များနှင့်အညီ ကုမ္ပဏီဝင်ငွေခွန် “၅ နှစ် ကင်းလွတ်ခွင့်၊ ၅ နှစ် ထက်ဝက်လျှော့ချခြင်း” စသည့် အခွင့်ထူးများကို ခံစားခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာ့ကျောက်စိမ်း ၉၅ ရာခိုင်နှုန်းသည် ယူနန်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်။ တရုတ်-မြန်မာ နယ်စပ်တွင်တည်ရှိသော တက်ဟုန်းပြည်နယ်ခွဲသည် ကျောက်စိမ်းရိုင်းတင်သွင်းရာ အဓိကလမ်းကြောင်းဖြစ်ပြီး ကျောက်မျက်ရတနာ၊ ကျောက်စိမ်း လုပ်ကိုင်ရန် စာရင်းသွင်းမှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းပေါင်း ၄၅,၀၀၀ ကျော်ရှိပြီး လုပ်ကိုင်သူ ၁၀၀,၀၀၀ ကျော် ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ဒေသတွင်း ကျောက်မျက်ရတနာ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုမှ စုစုပေါင်း တရုတ်ယွမ် ၁၁.၅၉ ဘီလီယံအထိ ရောင်းချခဲ့သည်။ (Xinhua)
...........................
(Chinese Version)
缅甸翡翠公盘在中缅边境瑞丽开拍
第1届缅甸珠宝公盘(中国瑞丽)7月22日在中国西南的云南省德宏州瑞丽市姐告边境贸易区正式开盘。
缅甸是全球翡翠原料的核心产地,其珠宝公盘被视为翡翠行业的价格风向标。本次公盘由云南省商务厅、德宏州人民政府与缅甸自然资源与环境保护部珠宝司共同主办,吸引了来自各地的4600多家珠宝商注册参与。
公盘落地瑞丽后,全面引入内比都公盘交易规则,所拍翡翠毛料均为缅甸一手货源,采用国际公开拍卖定价机制,以人民币结算。货物在姐告边境贸易区内成交后,可便利办理原产地证书并享受进口零关税政策;在区内加工销售的企业,还可按规定享受企业所得税“五免五减半”等优惠。
目前,超过95%的缅甸翡翠通过云南口岸进入中国市场。位于中缅边境的德宏州是翡翠原料进口的主通道,登记注册珠宝玉石经营主体超过4.5万户,从业人员超过10万人。2025年,当地珠宝直播销售额达115.9亿元人民币。(完)
记者 孙敏








