
တရုတ်နိုင်ငံက Gravity-1 ဒုံးပျံဖြင့် ဂြိုဟ်တုသစ်များအား ပင်လယ်ပြင်မှ လွှတ်တင်
တရုတ်နိုင်ငံသည် Gravity-1 သယ်ဆောင်ရေးဒုံးပျံကို နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှ အာကာသအတွင်းသို့ ဇူလိုင် ၂၂ ရက်၌ လွှတ်တင်လိုက်ပြီး ယင်းပျံသန်းရေး စမ်းသပ်မစ်ရှင်အတွက် ပြီးပြည့်စုံသောအောင်မြင်မှု အထိမ်းအမှတ်လည်း ဖြစ်သည်။
ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် လွှတ်တင်ခဲ့သည့် အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံသည် ဂြိုဟ်တု ကိုးစင်းကို ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများအတွင်းသို့ ပို့ဆောင်ခဲ့သည်။
ထို Gravity-1 သယ်ဆောင်ရေးဒုံးပျံသည် ၎င်း၏ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်တပ်ဖွဲ့များက အီရန်စစ်ရေးပစ်မှတ်များအား ထပ်မံတိုက်ခိုက်မှုများ စတင်လုပ်ဆောင်
အမေရိကန်တပ်ဖွဲ့များသည် ဇူလိုင် ၂၂ ရက်က အီရန်စစ်ရေးတိုက်ခိုက်မှုများအား ထပ်မံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ပြောသည်။
နောက်ဆုံးအကြိမ်တိုက်ခိုက်မှုများကို ဇူလိုင် ၂၂ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅:၃၀ နာရီ၌ စတင်တိုက်ခိုက်ခဲ့ကြောင်း ကွပ်ကဲရေးဌာနက လူမှုမီဒီယာ X ပေါ်၌ ကြေညာခဲ့သည်။
“ဒေသဆိုင်ရာ ရေပြင်ကို ဖြတ်သန်းသွားတဲ့ အရပ်သားသင်္ဘောသားတွေနဲ့ စီးပွားရေးလုပ်ငန်းသုံး ရေယာဉ်တွေအပေါ် အီရန်ရဲ့ခြိမ်းခြောက်နိုင်စွမ်း ထပ်မံလျော့ကျသွားတဲ့အထိ ဒီမစ်ရှင်ကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကွပ်ကဲရေးဌာနက ဆိုသည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘောတစ်စင်းစင်းကို တိုက်ခိုက်လိုက်တိုင်းမှာ အီရန်မှာရှိတဲ့ တံတား ဒါမှမဟုတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုခုကို ဖျက်ဆီးပစ်မယ်လို့ ဇူလိုင် ၂၂ ရက် အစောပိုင်းက ခြိမ်းခြောက်ထားသည်။
ဂျော်ဒန်၊ ဘာရိန်း၊ ကူဝိတ်ရှိ အမေရိကန်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ဟု အီရန် ပြော
အီရန်စစ်တပ်က ဂျော်ဒန်၊ ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်အခြေစိုက်စခန်းများနှင့် ပိုင်ဆိုင်မှုများကို ဇူလိုင် ၂၂ ရက်က ဒရုန်းဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့သည်။
၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်၌ ထုတ်ပြန်ထားသည့် ကြေညာချက်များတွင် ၎င်းတို့တပ်ဖွဲ့များအနေဖြင့် ဂျော်ဒန်နိုင်ငံ al-Azraq အခြေစိုက်စခန်းရှိ အမေရိကန်တပ်ဖွဲ့များနှင့် အမေရိကန် လက်နက်ကိရိယာ ကုန်လှောင်ရုံများတည်ရှိရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ဘာရိန်းနိုင်ငံ Shaikh Isa Air အခြေစိုက်စခန်းရှိ အမေရိကန်၏ ကြီးမားသော လက်နက်ကိရိယာသိုလှောင်ရုံများနှင့် အကြီးစားလေယာဉ်ပြုပြင်ထိန်းသိမ်းရေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်က ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့က ကူဝိတ်ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာဌာနများကိုလည်း တိုက်ခိုက်ခဲ့ကာ Camp Doha ရှိ လက်နက်ကုန်လှောင်ရုံများနှင့် ထောက်ပံ့သယ်ပို့ကိရိယာများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အခြေခံအဆောက်အအုံကို အမေရိကန် တိုက်ခိုက်ခဲ့ပါက ဒေသမှ ရေနံတင်ပို့မှုများကို ရပ်ဆိုင်းမည်ဖြစ်ကာ အလားတူလက်တုံ့ပြန်သွားမည်ဟု အီရန် သတိပေး
အမေရိကန်နိုင်ငံက အီရန်၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဆိုပါက အီရန်အနေဖြင့် အနောက်အာရှမှ ရေနံတင်ပို့မှုအားလုံးကို ပိတ်ပင်မည်ဖြစ်ကာ ဒေသတစ်ခွင်ရှိ ရေနံ၊ ဓာတ်ငွေ့၊ လျှပ်စစ်နှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားမည်ဟု အီရန်နိုင်ငံ၏ ပင်မစစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနဖြစ်သော Khatam al-Anbiya ဗဟိုဌာနချုပ်က ဇူလိုင် ၂၂ ရက်၌ သတိပေးလိုက်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ဗုံးကြဲမည်” ဟု ခြိမ်းခြောက်မှုအသစ်များ ထွက်ပေါ်လာမှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ သတိပေးချက်ကို အီရန်မီဒီယာများမှတစ်ဆင့် သတိပေးကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပင်လယ်နီရှိ ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ယီမင်နိုင်ငံမှ ဟူသီအဖွဲ့ တိုက်ခိုက်
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ပင်လယ်နီအတွင်း ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို စစ်ဆင်ရေးအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသင်္ဘောများမှာ ဟူသီအဖွဲ့၏ လတ်တလောကြေညာထားသည့် ပင်လယ်ပြင်ကန့်သတ်ချက်များကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ယင်းအဖွဲ့က ဇူလိုင် ၂၃ ရက်၌ ပြောကြားခဲ့သည်။
ဟူသီအဖွဲ့အနေဖြင့် ENCELIA နှင့် LAYLA ဟု အမည်ဖော်ပြထားသော ရေနံတင်သင်္ဘောများကို ပဲ့ထိန်းနှင့် ခရုစ်ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့၏ Al-Masirah ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်သော ကြေညာချက်၌ ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုကို ၂၀၂၇ ခုနှစ် ဇွန်လတွင် အမှုစစ်ဆေးစီရင်မည်ဟု အမေရိကန်တရားရုံး သတ်မှတ်
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ဇနီး စီလီယာ ဖလော်ရက်စ်တို့အား အမှုစစ်ဆေးစီရင်မှုကို ၂၀၂၇ ခုနှစ် ဇွန်လ ၁ ရက်တွင် လုပ်ဆောင်မည်ဟု အမေရိကန်တရားရုံးက ဇူလိုင် ၂၂ ရက်၌ သတ်မှတ်ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးမှုနှင့် လက်နက်ခဲယမ်းများနှင့်ဆက်စပ်သော စွဲချက်များကို အပြစ်မရှိကြောင်း ထွက်ဆိုထားသည့် အဆိုပါ ဇနီးမောင်နှံအား ဇန်နဝါရီလအစောပိုင်းက စစ်ဆင်ရေးအတွင်း အမေရိကန်တပ်ဖွဲ့များမှ အတင်းအကျပ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် နယူးယောက်တရားရုံး၌ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ဇူလိုင် ၂၂ ရက်က အချိန် ၁၅ မိနစ်ကြာ အမှုကြားနာစစ်ဆေးခြင်း၌ တရားသူကြီး Alvin Hellerstein က နှစ်ဖက်ရှေ့နေများ၏ တောင်းဆိုချက်အရ အမှုစစ်ဆေးမည့်နေ့ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အာဖရိကတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက် ၁,၀၀၀ ကျော်ရှိလာ
အာဖရိကဒေသတွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာရောဂါကြောင့်သေဆုံးသူအရေအတွက်မှာ ဇူလိုင် ၂၂ ရက်၌ ၁,၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း ကွန်ဂိုနိုင်ငံ (DRC) နှင့် ယူဂန္ဓာနိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်အဖွဲ့များက နောက်ဆုံးထုတ်ပြန်လိုက်သော ကိန်းဂဏန်းများအရ သိရသည်။
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း ဇူလိုင် ၂၀ ရက်အထိ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၉၉၉ ဦး အပါအဝင် ရောဂါအတည်ပြုပြီးသူ ၂,၄၇၃ ဦး ရှိပြီဖြစ်ကြောင်း ဇူလိုင် ၂၂ ရက် နောက်ဆုံးအခြေအနေထုတ်ပြန်ချက်အရ သိရသည်။
ယူဂန္ဓာနိုင်ငံတွင်လည်း အီဘိုလာရောဂါကြောင့် သေဆုံးသူ နှစ်ဦး အပါအဝင် ရောဂါအတည်ပြုပြီးသူ ၂၀ ဦး ရှိကြောင်း၊ ထပ်တိုးလာသော သေဆုံးသူအပါအဝင် နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူအရေအတွက် ၁,၀၀၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ သမ္မတက အထွေထွေစစ်ဦးစီးချုပ်သစ် ခန့်အပ်
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက Andrii Hnatov ၏ နေရာတွင် ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး Ihor Skybiuk ကို ဇူလိုင် ၂၂ ရက်က ခန့်အပ်လိုက်ကြောင်း သိရသည်။
Skybiuk သည် “အတွေ့အကြုံရင့်ကျက်သောအရာရှိတစ်ဦး” အဖြစ် ဇယ်လန်းစကီးက ဖော်ပြခဲ့သလို ၎င်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် Mykhailo Drapatyi ကိုလည်း ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ဇူလိုင် ၂၁ ရက်က ခန့်အပ်ခဲ့သည်။
အသက် ၄၉ နှစ်အရွယ် Skybiuk သည် ယခင်က ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဆော်ဒီအာရေဗျနှင့် နျူကလီးယား သဘောတူစာချုပ် ထရမ့် အတည်ပြု
ပင်လယ်ကွေ့နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံအတွက် အရပ်ဖက်နျူကလီးယားအစီအစဉ် ဖော်ထုတ်ရန် ဆော်ဒီအာရေဗျနိုင်ငံနှင့် အထင်ကရ သဘောတူစာချုပ်ကို အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ရာ ယင်းနိုင်ငံ၌ ယူရေနီယံသန့်စင်မှုအတွက် အလားအလာရှိသော တံခါး ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်ဟု အမေရိကန်မီဒီယာက ဇူလိုင် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။
အဆိုပါ နှစ် ၃၀ ကြာ သက်တမ်းရှိ သဘောတူစာချုပ်က အမေရိကန်ဒေါ်လာ ဘီလီယံဆယ်နှင့်ချီတန်ဖိုးရှိပြီး ပရောဂျက်သဘောတူစာချုပ်များ အကောင်အထည်ဖော်ရာ၌ အမေရိကန်ကုမ္ပဏီများ၏ ပြည်ပယှဉ်ပြိုင်သူများကို ချန်လှပ်ထားစေရန် မျှော်မှန်းထားကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်များအား ကိုးကား၍ သတင်းများ၌ ဖော်ပြထားသည်။ (Xinhua)
………..
(English Version)
Daily World Briefing, July 23
Chinese Gravity-1 rocket launches new satellites from sea
China on Wednesday sent a Gravity-1 carrier rocket into space from waters off the coast of Shanghai in east China, marking a complete success for this flight test mission.
The Taiyuan Satellite Launch Center launched the commercial rocket at 10:54 a.m. (Beijing Time), placing nine satellites into their designated orbits.
The Gravity-1 carrier rocket made its debut flight in January 2024.
U.S. forces start more strikes on Iranian military targets
U.S. forces launched more strikes against Iranian military targets on Wednesday, according to the U.S. Central Command.
The latest airstrikes began at 5:30 p.m. Eastern Time on Wednesday, the command announced on X.
"The mission will continue to further degrade Iran's ability to threaten civilian mariners and commercial vessels transiting regional waters," said the command.
Earlier on Wednesday, U.S. President Donald Trump threatened to destroy a bridge or power plant in Iran each time it shoots at a ship in the Strait of Hormuz.
Iran says launched new retaliatory strikes against U.S. bases in Jordan, Bahrain, Kuwait
The Iranian army said its forces launched retaliatory drone strikes against U.S. bases and assets in Jordan, Bahrain and Kuwait on Wednesday.
In statements published on its website, the army said its forces hit buildings housing U.S. forces and U.S. equipment depots at the al-Azraq base in Jordan, and targeted large U.S. equipment depots and silos as well as heavy aircraft maintenance hangars at the Shaikh Isa Air Base in Bahrain.
It said its forces also launched drone attacks on U.S. military units in Kuwait, hitting ammunition depots and logistical equipment at Camp Doha.
Iran warns to stop oil exports from region, retaliate in kind if U.S. attacks infrastructure
Iran's main military command, Khatam al-Anbiya Central Headquarters, on Wednesday warned that if the United States attacks Iranian infrastructure, Iran will block all oil exports from West Asia and target oil, gas, electricity, and economic infrastructure across the region, according to media reports.
The warning in a statement carried by Iranian media came in response to U.S. President Donald Trump's renewed threat of "bombing" Iran's bridges and power plants.
Yemen's Houthi group claims attack on 2 Saudi oil tankers in Red Sea
Yemen's Houthi group said on Thursday that it had carried out a military operation targeting two Saudi oil tankers in the Red Sea, claiming the vessels had violated the group's recently announced maritime restrictions.
In a statement aired by the group's Al-Masirah television, Houthi military spokesman Yahya Sarea said Houthi forces targeted the tankers, identified as ENCELIA and LAYLA, using "ballistic and cruise missiles, as well as drones."
U.S. court sets June 2027 trial for Venezuelan President Maduro
Venezuelan President Nicolas Maduro and his wife Cilia Flores will go on trial starting on June 1, 2027, a U.S. judge ruled on Wednesday.
The couple, who pleaded not guilty to drug trafficking and firearms charges, made their third appearance in a New York court after the forcible seizure by U.S. troops in a military raid in early January.
During Wednesday's 15-minute hearing, Judge Alvin Hellerstein set the trial date at the request of lawyers on both sides.
Ebola death toll in Africa outbreak surpasses 1,000
The death toll from the ongoing Ebola outbreak in Africa surpassed 1,000 on Wednesday, according to the latest figures released by health authorities in the Democratic Republic of the Congo (DRC) and Uganda.
The DRC Ministry of Health said in its latest situation report released on Wednesday that the country had recorded 2,473 confirmed Ebola cases, including 999 deaths, as of July 20.
Uganda has reported 20 confirmed cases, including two deaths, bringing the combined death toll in the two affected countries to 1,001.
Ukrainian president appoints new General Staff chief
Ukrainian President Volodymyr Zelensky on Wednesday appointed Major General Ihor Skybiuk as chief of the General Staff of the Ukrainian Armed Forces, replacing Andrii Hnatov.
In a post on X, Zelensky described Skybiuk as "a highly experienced officer" who fought alongside Mykhailo Drapatyi, whom he appointed as the new commander-in-chief on Tuesday.
Skybiuk, 49, previously served as deputy chief of the General Staff.
Trump approves nuclear deal with Saudi Arabia
U.S. President Donald Trump has approved a landmark agreement with Saudi Arabia on developing a civilian nuclear program for the Gulf country, with the door potentially open for uranium enrichment on its soil, U.S. media reported Tuesday.
The 30-year deal worth tens of billions of U.S. dollars is expected to exclude foreign competitors to American companies from implementing the project contracts, the reports cited U.S. administration officials as saying.








