တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီယေရာနှင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီယေရာနှင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့အနေဖြင့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရန် လိုအပ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီယေရာနှင့် တွေ့ဆုံရာတွင် ဝမ်က တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် ပိုမိုတရားမျှတ၍ ပိုမိုရေရှည်တည်တံ့သော ကမ္ဘာကြီးအတွက် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွထူထောင်ရာ၌ အပြုသဘော တိုးတက်မှုများ ရရှိခဲ့သည်ဟု ဝမ်က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ နိုင်ငံတကာမျက်နှာစာတွင် အစဉ်သဖြင့် ရှေ့တန်း၌ ရှိနေကြောင်း၊ ဘရာဇီးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးသက်ရောက်မှုရှိသော စီးပွားရေးထွန်းသစ်စ နိုင်ငံ တစ်နိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာ့တောင်ဘက်ခြမ်းကို ကိုယ်စားပြုသော အင်အားတစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာများတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို မြင်တွေ့ရသည့်အတွက် တရုတ်နိုင်ငံက ဝမ်းမြောက်မိသလို တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးများကို ရပ်တည်ကာကွယ်ရန် ဘရာဇီးနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုကြောင်း၊ ထို့အတူ ဘရာဇီးနိုင်ငံက ယင်း၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်မှုကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်သလို တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ပင်မအကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရာတွင်လည်း ဘရာဇီးနိုင်ငံက အစဉ်အမြဲ လေးစားကာ ထောက်ခံအားပေးသွားမည်ဟု ယုံကြည်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ‌ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ လေကြောင်းနှင့် အာကာသ၊ ကွန်ရက်ချိတ်ဆက်မှု၊ ဉာဏ်ရည်တုနည်းလမ်း စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေး၊ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော တွန်းအားများကို အပြန်အလှန်ဖြည့်တင်းရေးအတွက် ဘရာဇီးနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟုလည်း ဝမ်က ပြောသည်။

ထို့အတူ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ကာ နည်းပညာဆိုင်ရာ အလုံးစုံဆန်းသစ်ပြောင်းလဲမှု အဆင့်သစ်၌ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်အတွက် ဘရာဇီးနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ခြင်းကိုလည်း တရုတ်နိုင်ငံက ကြိုဆိုကြောင်း ၎င်းက ဆိုသည်။

ဗီယေရာကလည်း နှစ်နိုင်ငံစလုံး၏ ခေါင်းဆောင်များသည် နီးကပ်သော ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားကာ အဆင့်မြင့်အလွှာ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသောအဆင့်သို့ အတူတကွ ပဲ့ကိုင်လမ်းညွှန်ပေးခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ နှစ်ဖက်အနေဖြင့် အလွှာအသီးသီး၌ မကြာခဏ ကူးလူးဖလှယ်မှုများ လုပ်ဆောင်ခြင်းကို ထိန်းသိမ်းထားကာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည်လည်း ယမန်နှစ်တွင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်နက်ရှိုင်းရှိုင်းရှိရေး၊ ကုလသမဂ္ဂနှင့် BRICS ကဲ့သို့သော နိုင်ငံစုံပါဝင်သည့် ပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအတွက် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် ဘရာဇီးနိုင်ငံက မျှော်လင့်ကြောင်းလည်း ဗီယေရာက ဆိုသည်။

ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းသော ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ရသည့်အတွက် အလွန်ဝမ်း‌မြောက်မိသလို ယင်းအား အခွင့်အလမ်းအဖြစ် မှတ်ယူလျက် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖော်ဆောင်ရန် မျှော်လင့်သည်ဟုလည်း ၎င်းက ပြောသည်။ (Xinhua)

.................................................................................

(English Version)

Necessary for China, Brazil to maintain strategic communication, strengthen strategic coordination: Wang Yi

MANILA, July 22 (Xinhua) -- Chinese Foreign Minister Wang Yi here on Wednesday said that it is necessary for China and Brazil to maintain strategic communication, strengthen strategic coordination, and deepen strategic cooperation.

Wang said during a meeting with his Brazilian counterpart Mauro Vieira that under the strategic guidance of the two heads of state, China and Brazil have made positive progress in jointly building a community with a shared future for a more just world and a more sustainable planet.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, said the strategic partnership between the two countries has always been at the forefront internationally, noting Brazil is an emerging economy with global influence and a representative force of the Global South.

China is pleased to see Brazil play a greater role in international affairs and appreciates Brazil's efforts to uphold justice and stand up for the rights of developing countries, he said, adding that China will continue to support Brazil in safeguarding its sovereignty, security, and development interests, and trusts that Brazil will, as always, respect and support China in upholding its core interests.

China is ready to work with Brazil to implement the important consensus reached by the two heads of state, strengthen cooperation in areas such as aerospace, connectivity, and artificial intelligence, and provide greater impetus for each other's development, Wang said.

He said that China welcomes Brazil to join the World Artificial Intelligence Cooperation Organization, so as to safeguard common interests and deepen mutually beneficial cooperation in the new round of technological revolution.

Vieira noted that the leaders of both countries have maintained close communication, established a high level of mutual trust, and jointly guided bilateral relations to a high level. The two sides have maintained frequent exchanges at all levels, and bilateral trade volume reached a new high last year.

Brazil looks forward to working with China to further deepen cooperation in finance, trade, and other areas, and strengthen coordination on multilateral platforms such as the United Nations and BRICS, said Vieira.

He said Brazil is very pleased to join the World Artificial Intelligence Cooperation Organization initiated by China and looks forward to taking this as an opportunity to advance scientific and technological innovation cooperation

English Caption

Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Brazilian Foreign Minister Mauro Vieira in Manila, the Philippines, July 22, 2026. (Xinhua/Rouelle Umali)