ဘယ်လ်ဂျီယမ်နိုင်ငံ Brugelette မြို့ရှိ Pairi Daiza တိရစ္ဆာန်ဥယျာဉ်တွင် နှာခေါင်းလန်မျောက်နှင့် မျောက်သားပေါက်လေးများက “ရက် ၁၀၀ ပြည့် မွေးနေ့ပွဲ” တွင် ၎င်းတို့အတွက် သီးသန့်ပြင်ဆင်ထားသော အစားအစာများအား သုံးဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Brugelette (ဘယ်လ်ဂျီယမ်)၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ်နိုင်ငံ Brugelette မြို့ရှိ Pairi Daiza တိရစ္ဆာန်ဥယျာဉ်တွင် ဇူလိုင် ၂၃ ရက်က အဆိုပါတိရစ္ဆာန်ဥယျာဉ်၌ မွေးဖွားသော နှာခေါင်းလန်မျောက် သားပေါက်လေးအတွက် “ရက် ၁၀၀ ပြည့် မွေးနေ့ပွဲ” ကျင်းပခဲ့ပြီး နာမည်စုဆောင်းခြင်း လှုပ်ရှားမှုမှတစ်ဆင့် ၎င်းတို့အတွက် အတည်ပြုထားသော နာမည်များဖြစ်သည့် “ကျန်းကျန်း” နှင့် “ရှီလဲ့” တို့ကို ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ် မေလတွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ချင်လျင်တောင်တန်း ပန်ဒါဝက်ဝံကြီး သုတေသနစင်တာမှ နှာခေါင်းလန်မျောက်သုံးကောင်သည် ဘယ်လ်ဂျီယမ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တရုတ်-ဘယ်လ်ဂျီယမ် နှစ်ဖက်၏ ၁၀ နှစ်ကြာ နှာခေါင်းလန်မျောက် ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို စတင်ခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

金丝猴宝宝百日宴

新华社照片,布吕热莱特(比利时),2026年7月23日

比利时天堂动物园7月23日为两只诞生于此的金丝猴宝宝举行“百日宴”,并公布了它们通过征名活动确定的名字“珍珍”和“喜乐”。2025年5月,来自陕西秦岭大熊猫研究中心的三只金丝猴抵达比利时,开启中比双方为期10年的金丝猴保护合作计划。

图说1:7月23日,在比利时布吕热莱特的天堂动物园,金丝猴和幼崽在“百日宴”上享用专门为它们准备的食物。 新华社记者 翁忻旸

图2、3:这是7月23日在比利时布吕热莱特的天堂动物园拍摄的金丝猴和幼崽新华社记者 翁忻旸