ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေကာ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး လာမည့်လများအတွင်း ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
"အားအနည်းငယ်ရှိတဲ့ အယ်လ်နီညိုဖြစ်စဉ် အဆင့်နဲ့ စတင်ဖြစ်ပေါ်လာချိန်ကတည်းက အခြေအနေကို ဆက်တိုက်ထုတ်ပြန်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အလယ်အလတ်အဆင့် (Moderate) ကို ရောက်ရှိနေပြီး ဒီနှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ အဆင့် (Very Strong) အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်နွေကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ (Xinhua)
__________________________
(English Version)
Myanmar warns of potential extreme weather as El Nino strengthens
YANGON, July 22 (Xinhua) -- Myanmar's Department of Meteorology and Hydrology (DMH) on Wednesday warned of potential extreme weather events in the coming months as El Nino conditions have developed in the tropical Pacific Ocean.
"We have been issuing updates on El Nino since it first developed under weak conditions. It has now reached a moderate level and is expected to become very strong by the end of this year," U Hla Tun, a director from the DMH, told Xinhua.
Although El Nino occurs in the Pacific Ocean, its impacts can lead to irregular rainfall, higher daytime temperatures, abnormal storm activity, drought and other extreme weather events during summer, the DMH said.








