မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စတာဒီယို မွန်တာရေး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က နယ်သာလန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် နယ်သာလန်အသင်းမှ ဖရန်ကီ ဒီဂျောင် (ဝဲ) နှင့် မော်ရိုကိုအသင်းမှ နူဆာအီယာ မာဇရာဝီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စတာဒီယို မွန်တာရေး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က နယ်သာလန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် နယ်သာလန်အသင်းမှ ဖရန်ကီ ဒီဂျောင် (ဝဲ) နှင့် မော်ရိုကိုအသင်းမှ နူဆာအီယာ မာဇရာဝီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

နယ်သာလန်ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်မှာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ပြီးနောက် ဘာစီလိုနာအသင်းအနေဖြင့် ကြီးမားသော ဒဏ်ရာပြဿနာတစ်ခုကို ရင်ဆိုင်နေရကာ ဒီဂျောင်အနေဖြင့် ဒဏ်ရာကြောင့် လအတန်ကြာ အနားယူရဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ အသက် ၂၉ နှစ်အရွယ် ကစားသမားမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာရရှိပြီးနောက် အသင်းထံ ပြန်လည်ရောက်ရှိလာကြောင်း စပိန်မီဒီယာများက ရက်အတန်ကြာ ရေးသားဖော်ပြခဲ့သော်လည်း ဘာစီလိုနာအသင်းကမူ ဇူလိုင် ၂၃ ရက်ရောက်မှသာ ဆေးစစ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

"ပထမအသင်း ကစားသမား ဖရန်ကီ ဒီဂျောင်ကို ဆေးစစ်မှုတွေ လုပ်ဆောင်တဲ့အခါ ညာဘက်ဒူးခေါင်းရဲ့ ဒူးဆစ်အတွင်းဘက်အရွတ် စုတ်ပြဲနေတာကို အတည်ပြုနိုင်ခဲ့တယ်" ဟု ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒီဂျောင်မှာ လက်ရှိအချိန်တွင် ခွဲစိတ်မှုခံယူမည်မဟုတ်ဘဲ ဆေးအဖွဲ့၏ ကြပ်မတ်မှုအောက်တွင် ဆေးဝါးနှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးဖြင့် ကုသမည့်အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟု ဘာစီလိုနာအသင်းက ဆိုသည်။

"ကစားသမားအနေနဲ့ အသင်းဆေးအဖွဲ့ရဲ့ ကြပ်မတ်မှုအောက်မှာ ဆေးဝါးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ ကုသမှုတွေ ဆက်လုပ်သွားဖို့ သဘောတူခဲ့ပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ သူ့ရဲ့အခြေအနေ တိုးတက်မှုကို စောင့်ကြည့်အကဲဖြတ်သွားမှာပါ" ဟုလည်း အသင်းဘက်က ပြောကြားခဲ့သည်။

အဆိုပါ ဒဏ်ရာအား ခွဲစိတ်မှုခံယူပါက ပြန်လည်ကောင်းမွန်လာရန် လေးလခန့် ကြာမြင့်နိုင်ကာ ဆေးဝါးနှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးဖြင့် ကုသမှုအောင်မြင်မည်ဆိုလျှင်မူ အနားယူရမည့်အချိန်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဘာစီလိုနာအခြေစိုက် အယ်လ်မွန်ဒို ဒီ‌ပေါ်တီဗီု သတင်းစာက ဖော်ပြခဲ့သည်။ သို့သော် ဒီဂျောင်အနေဖြင့် ဩဂုတ် ၁၅ ရက်၌ စတင်မည့် ဘောလုံးရာသီသစ်တွင် အနည်းဆုံး သီတင်းပတ်များနှင့်ချီကာ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းဘက်က ဒီဂျောင်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ကစားရင်း ဒဏ်ရာရရှိခဲ့သည့်အတွက် နယ်သာလန်အသင်းအား ကျေနပ်မှုမရှိဟု သတင်းထွက်ပေါ်နေကာ ၎င်းအနေဖြင့် ထိုသို့ပါဝင်ကစားခဲ့ခြင်းကြောင့် ဒဏ်ရာပြဿနာ ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်ဟုလည်း ကလပ်အသင်းဘက်က ယူဆလျက်ရှိသည်။ (Xinhua)

.......................................................................

(English Version)

Barcelona's De Jong faces months out after World Cup knee injury

MADRID, July 23 (Xinhua) -- Barcelona has suffered a major injury setback after confirming Thursday that Netherlands midfielder Frenkie de Jong sustained a knee injury during the 2026 FIFA World Cup that could keep him sidelined for several months.

Spanish media reports had suggested for several days that the 29-year-old had returned from the tournament injured, but Barcelona only confirmed the diagnosis on Thursday.

"Tests carried out on first-team player Frenkie de Jong have confirmed a tear of the medial collateral ligament in his right knee," Barcelona said on its website.

The club said De Jong will not undergo surgery at this stage and will instead follow a conservative treatment plan under the supervision of its medical staff.

"It has been agreed that the player will continue with conservative treatment under the supervision of the club's medical staff. His progress will be monitored over the coming weeks," Barcelona said.

According to Barcelona-based newspaper El Mundo Deportivo, surgery could require around four months of recovery, while a successful conservative treatment approach could reduce his absence. However, De Jong is still expected to miss at least several weeks of the new season, which begins August 15.

Barcelona is also reportedly unhappy with the Netherlands national team after De Jong played at the World Cup while carrying the injury, with the club believing his involvement worsened the problem.

English Caption 1

Frenkie de Jong (L) of the Netherlands vies with Noussair Mazraoui of Morocco during the round of 32 match between the Netherlands and Morocco at the 2026 FIFA World Cup at Estadio Monterrey in Monterrey, Mexico, on June 29, 2026. (Xinhua/Wu Wei)

English Caption 2

Frenkie de Jong (R) of the Netherlands warms up before the group F match between the Netherlands and Sweden at the 2026 FIFA World Cup at Houston Stadium in Houston, the United States, June 20, 2026. (Xinhua/Li Ming)