တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းပိုင်နက် ရေပြင်တွင် ဖိလစ်ပိုင်ရေယာဉ်များအား စောင့်ကြည့်လေ့လာနေသည့် တရုတ်ကမ်းခြေစောင့်တပ် (CCG) ၏ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူကို တွေ့ရစဉ် (ဓာတ်ပုံ - CCG/Handout via Xinhua)
တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းပိုင်နက် ရေပြင်တွင် ဖိလစ်ပိုင်ရေယာဉ်များအား စောင့်ကြည့်လေ့လာနေသည့် တရုတ်ကမ်းခြေစောင့်တပ် (CCG) ၏ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူကို တွေ့ရစဉ် (ဓာတ်ပုံ - CCG/Handout via Xinhua)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းပိုင်နက် ရေပြင်ထဲသို့ တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့် ဖိလစ်ပိုင်ရေယာဉ်များအား နှင်ထုတ်ရန် လိုအပ်သည့် အစီအမံများကို ဇူလိုင် ၂၄ ရက်၌ ဆောင်ရွက်ခဲ့ကြောင်း ပြော‌ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးနှင့် အကျိုးစီးပွားများအား ပြတ်ပြတ်သားသားကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ဘက်က အစိုးရရေယာဉ် ခုနစ်စင်း၊ ကမ်းခြေစောင့်သင်္ဘော သုံးစင်းနှင့် ငါးတင်ဆောင်သည့်သင်္ဘောတစ်စင်းတို့ကို စီစဉ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်း၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်တွင် တရားမဝင်စုဝေးရန် ငါးဖမ်းလှေအများအပြားကို လှုံ့ဆော်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ ကျန်းလွှဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ဖိလစ်ပိုင်အစိုးရရေယာဉ် သုံးစင်းက CCG ထံမှ ထပ်တလဲလဲသတိပေးခြင်းများနှင့် တားမြစ်ခြင်းအား လျစ်လျူရှုပြီး တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းပိုင်နက် ရေပြင်ထဲသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်ခဲ့ကြကြောင်း ကျန်းက ပြောကြားခဲ့သည်။

CCG အနေဖြင့် အဆိုပါဖိလစ်ပိုင်ရေယာဉ်များအား ပြတ်ပြတ်သားသားနှင်ထုတ်ရန် နှုတ်ဖြင့် သတိပေးခြင်းများ၊ ပိတ်ဆို့ထိန်းချုပ်ခြင်း၊ သတိပေးရေအမြောက်ပစ်ခတ်ခြင်း အပါအဝင် လိုအပ်သည့် အစီအမံများကို ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ကျန်းက ပြောကြားခဲ့ပြီး ယင်းနေရာ၌ ထိုလုပ်ဆောင်မှုများမှာ ပညာရှင်ဆန်ပြီး စံနှုန်းအတိုင်း တရားဝင် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

.......................................................................

(English Version)

CCG expels Philippine vessels illegally intruding into China's Huangyan Dao

BEIJING, July 24 (Xinhua) -- The China Coast Guard (CCG) on Friday took necessary measures to drive away Philippine vessels that illegally intruded into China's territorial waters of Huangyan Dao, a spokesperson said, vowing to resolutely safeguard China's territorial sovereignty and maritime rights and interests.

In a statement, CCG spokesperson Jiang Lue said that on Friday, the Philippine side organized seven government vessels, three coast guard ships and one fish carrier, and instigated a large number of fishing boats to illegally congregate in waters under the jurisdiction of China's Huangyan Dao.

During the process, three Philippine government vessels ignored repeated warnings and dissuasion from the CCG and insistently intruded into China's territorial waters of Huangyan Dao, Jiang said.

The CCG took necessary measures, including verbal warnings, blockade and control, and water cannon spraying, to resolutely drive away the Philippine vessels in accordance with the law, Jiang said, adding that the on-site operations were professional, standardized, legitimate and lawful. ■

English Caption

A law enforcer of China Coast Guard (CCG) vessel Wanshan observes Philippine vessels in waters off China's Huangyan Dao in the South China Sea, Feb. 27, 2026. (CCG/Handout via Xinhua)