ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ကာ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသည့် ဘုရားဖူးပြည်သူများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများအဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲ၊ ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲ၊ သီလခံယူပွဲတို့ကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီမှ စတင်ကာ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)








