
မက်ဒရစ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းက မန်ချက်စတာယူနိုက်တက်အသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် မားကပ်စ် ရက်ရှ်ဖို့ဒ်အား အပြီးသတ်ခေါ်ယူခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်က ဆိုရှယ်မီဒီယာ၌ နှုတ်ဆက်စာတစ်စောင်တင်ကာ ဘာစီလိုနာအသင်းမှ ထွက်ခွာကြောင်း အတည်ပြုခဲ့သည်။
အသက် ၂၈ နှစ်အရွယ် အဆိုပါ တိုက်စစ်ကစားသမားမှာ ယူနိုက်တက်နည်းပြဟောင်း ရူဘင် အာမိုရင်မ်နှင့် ဆက်ဆံရေးအဆင်မပြေမှုကြောင့် ယူနိုက်တက်မှ အငှားထွက်ကာ ဘာစီလိုနာအသင်းတွင် တစ်ရာသီကြာ ကစားခဲ့စဉ်အတွင်း ၄၉ ပွဲ ပါဝင်ကစားခဲ့ကာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့သည်။
ယခုနွေရာသီ အစောပိုင်းတွင် နောက်ထပ် အင်္ဂလန်တိုက်စစ်ကစားသမား တစ်ဦးဖြစ်သည့် အန်သနီ ဂေါ်ဒန် နယူးကာဆယ်ယူနိုက်တက်မှ ရောက်ရှိလာပြီးနောက် ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်အား အပြီးသတ်ခေါ်ယူခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ဒီအသင်းမှာ အပြုသဘောဆောင်တဲ့ တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ဖန်တီးနိုင်ခဲ့တဲ့အတွက် အသင်းမှာရှိတဲ့သူအားလုံးကို သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်ခဲ့ရပြီး ထူးခြားတဲ့ အမှတ်တရတွေအများကြီးကို သိမ်းဆည်းထားမှာပါ" ဟု လာလီဂါချန်ပီယံအသင်းအတွက် ၎င်းဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ်-၁၄ ဂျာစီအင်္ကျီဓာတ်ပုံနှင့်အတူတွဲ၍ ရက်ရှ်ဖို့ဒ်က ရေးသားခဲ့သည်။
"လာမယ့်ရာသီမှာလည်း အသင်းနဲ့ အသင်းပရိသတ်တွေအားလုံး အောင်မြင်မှုမှန်သမျှကို ရယူနိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ဘာစီလိုနာအသင်း...အဓွန့်ရှည်တည်တံ့ပါစေ" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရက်ရှ်ဖို့ဒ်အနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ရပြီး နည်းပြသစ် မိုက်ကယ် ကာရစ်လက်အောက်တွင် ပါဝင်ကစားဖွယ်ရှိသည်။ (Xinhua)


................................................................................
(English Version)
Rashford confirms Barcelona exit after loan spell
MADRID, July 30 (Xinhua) -- Marcus Rashford has confirmed his departure from FC Barcelona, posting a farewell message on social media after the club opted not to make his loan move from Manchester United permanent.
The 28-year-old forward scored 14 goals in 49 appearances during his season-long loan spell after leaving United following a falling out with then-coach Ruben Amorim.
Barcelona's decision not to sign Rashford permanently follows the arrival of fellow England forward Anthony Gordon from Newcastle United earlier this summer.
"I am extremely grateful to everyone at the club for making my time here a positive and unforgettable experience. I enjoyed every moment, and I will keep many special memories," Rashford wrote alongside a photo of the No. 14 shirt he wore for the reigning La Liga champions.
"I wish the club and all its fans every success in the coming season. Visca Barca!" he added.
Rashford is expected to return to Manchester United, where he is set to play under new coach Michael Carrick.
English Caption 1
Marcus Rashford (front) of FC Barcelona celebrates his goal during the Laliga football match between FC Barcelona and Elche CF at Olimpico Lluis Companys Stadium in Barcelona, Spain, on Nov. 2, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Marcus Rashford (R) of England competes during the round of 32 match between England and the Democratic Republic of the Congo (DRC) at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 1, 2026. (Xinhua/Xu Zijian)








