အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Fields ဆုတံဆိပ် ရရှိသည့် တရုတ်သင်္ချာပညာရှင် တိန့်ယွိ (ဝဲ) နှင့် ဝမ်ဟုန်တို့ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Fields ဆုတံဆိပ် ရရှိသည့် တရုတ်သင်္ချာပညာရှင် တိန့်ယွိ (ဝဲ) နှင့် ဝမ်ဟုန်တို့ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုကဏ္ဍ လူငယ် လူရည်ချွန်များ “တစ်ဟုန်ထိုးအသွင်” ပေါ်ထွက်လာသည့် ခေတ်ကာလသို့ ရောက်ရှိနေသည်ဟု မီဒီယာများစွာက သုံးသပ်ပြောကြားချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ယင်းသည် တစ်ဦးတည်း၏ ကြိုးပမ်းမှုရလဒ် ဖြစ်သည်သာမက ယနေ့ခေတ်တရုတ်လူငယ်များ၏ တိုးတက်ရန် အားမာန်အပြည့်ဖော်ဆောင်နေမှုကို ဖော်ကျူးခြင်းလည်းဖြစ်ရာ ရဲဝံ့စွန့်စားရဲသည့် ယုံကြည်ချက်နှင့် ရဲစွမ်းသတ္တိကို ပေါ်လွင်စေကြောင်း ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း တရုတ်လူငယ် သင်္ချာပညာရှင်များ  Fields ဆုတံဆိပ် ဆွတ်ခူးရရှိခြင်းကို အားလုံးက အလွန်ဂရုပြုလျက်ရှိကြောင်း၊ တရုတ်စက်ရုပ်ကဏ္ဍတွင်လည်း လူငယ် လုပ်ငန်းရှင်များက နောက်ဆုံးထုတ်ဝေထားသည့် “TIME” မဂ္ဂဇင်း မျက်နှာဖုံးတွင် ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အာကာသ စသည့် အရေးကြီး နည်းပညာလုပ်ငန်း စီမံကိန်းများတွင်လည်း စီမံကိန်းအဖွဲ့များစွာ၏ ပျမ်းမျှအသက်အရွယ်သည် ၃၀ နှစ်ကျော်သာ ရှိကြကြောင်း၊ ဆန်းသစ်တီထွင်မှုကဏ္ဍ၌ တရုတ်နိုင်ငံသည် လူငယ် လူရည်ချွန်များ “တစ်ဟုန်ထိုးအသွင်” ပေါ်ထွက်လာသည့် ခေတ်ကာလသို့ ရောက်ရှိနေသည်ဟု မီဒီယာများစွာက သုံးသပ်ပြောကြားကြကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

“ပိုမိုများပြားတဲ့ လူငယ်တွေ ကမ္ဘာ့စင်မြင့်ထက်မှာ ပါဝင်လာတာကို အလွန်ဝမ်းမြောက်စွာ တွေ့မြင်ရပါတယ်။ ဒါက တစ်ဦးတည်းကြိုးပမ်းမှု ရလဒ်သာမက ယနေ့ခေတ် တရုတ်လူငယ်တွေရဲ့ တိုးတက်ဖို့ အားမာန်အပြည့်ဖော်ဆောင်နေမှုကို ဖော်ကျူးခြင်းလည်းဖြစ်တဲ့အတွက် ရဲဝံ့စွန့်စားရဲတဲ့ ယုံကြည်ချက်နဲ့ ရဲစွမ်းသတ္တိကို ပေါ်လွင်စေပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

လူငယ်များသည် အနာဂတ်ကို ကိုယ်စားပြုနေပြီး ငယ်ရွယ်နုပျိုမှုသည် နယ်စည်းမခြားကြောင်း၊ နိုင်ငံအသီးသီးမှ လူငယ်များအနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး ငယ်ရွယ်နုပျိုမှု ဉာဏ်ပညာဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးကာ လူသားမျိုးနွယ်အတွက် ပိုမိုသာယာလှပသော အနာဂတ်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဖေချောင်အလယ်တန်းကျောင်းမှ ကျောင်းဆရာ မုကျားကျွင့် (ဝဲ-ပထမ) နှင့် ကျောင်းသား၊ ကျောင်းသူများက အာကာသပြပွဲအား လေ့လာကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဖေချောင်အလယ်တန်းကျောင်းမှ ကျောင်းဆရာ မုကျားကျွင့် (ဝဲ-ပထမ) နှင့် ကျောင်းသား၊ ကျောင်းသူများက အာကာသပြပွဲအား လေ့လာကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

外交部回应越来越多中国青年在世界舞台崭露头角

新华社北京7月31日电(记者马卓言、吴梦桐)就不少媒体评论说中国正迎来创新领域青年人才“井喷式”涌现的时代,外交部发言人毛宁7月31日表示,这不仅是个人奋斗的成果,更是当代中国青年蓬勃向上的写照,体现了敢闯敢拼的自信和勇气。  

当日例行记者会上,有记者问:近期大家都很关注中国青年数学家获得菲尔兹奖。中国机器人领域的青年企业家也登上最新一期《时代》杂志封面。中国航天等重大科技工程中,许多项目团队平均年龄刚过30岁。不少媒体评论称,在创新领域,中国正迎来青年人才“井喷式”涌现的时代。发言人对此有何评论?  

“很高兴看到越来越多中国青年在世界舞台崭露头角。这不仅是个人奋斗的成果,更是当代中国青年蓬勃向上的写照,体现了敢闯敢拼的自信和勇气。”毛宁说。  毛宁表示,青年代表未来,青春没有国界。希望各国青年携手合作,以青春智慧助力全球发展,为人类创造更加美好的未来。(完)

图说1:7月23日,在美国费城,中国数学家邓煜(左)、王虹在获奖后的记者招待会上合影。新华社记者 李睿 摄

图说2:5月21日,培侨中学教师穆家骏(左一)与学生观看航天展览。新华社发(吕小炜摄)