တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဝင်းရှန့်ခရိုင် ချန်ကျားကိုး ထိုက်ကျီပညာကျောင်း၌ ယန်ခိုင်ဖန် (ဝဲ) နှင့် ကြည်သာတို့က ထိုက်ကျီပညာအား လေ့ကျင့်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဝင်းရှန့်ခရိုင် ချန်ကျားကိုး ထိုက်ကျီပညာကျောင်း၌ ယန်ခိုင်ဖန် (ဝဲ) နှင့် ကြည်သာတို့က ထိုက်ကျီပညာအား လေ့ကျင့်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဝန်းရှန့် (ဟဲနန်)၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် ထိုက်ချိပညာ၏ မြစ်ဖျားခံရာဒေသဖြစ်သော တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျောင်းကျော့မြို့ ဝန်းရှန့်ခရိုင် ချန်ကျားကိုးဒေသတွင် အီတလီနိုင်ငံမှ မိန်းကလေး ကြည်သာနှင့် ချန်ကျားကိုး ထိုက်ကျီပညာကျောင်းမှ လူငယ်ထိုက်ကျီပညာဆရာ ယန်ခိုင်ဖန်တို့သည် ထိုက်ကျီပညာအပေါ် တူညီသော ချစ်မြတ်နိုးမှုကြောင့် သိကျွမ်းလာခဲ့ပြီး “ထိုက်ကျီပညာ” ကြောင့်  နှစ်လိုဖွယ် ဖူးစာရေစက်ဆုံခဲ့ကြသည်။

၎င်းတို့နှစ်ဦး၏ ဖူးစာရေစက်သည် ၂၀၂၅ ခုနှစ် နွေရာသီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုက်ကျီပညာအား ချစ်မြတ်နိုးသူ တစ်ဦးအနေဖြင့် ကြည်သာသည် ချန်ကျားကိုး ထိုက်ကျီပညာကျောင်းသို့ လာရောက်၍ ထိုက်ကျီပညာသင်ယူခဲ့ရာ လေ့လာသင်ယူစဉ်အတွင်း ယန်ခိုင်ဖန်နှင့် သိကျွမ်းခဲ့သည်။ နေ့စဉ်နှင့်အမျှ အတူလေ့ကျင့်မှု၊ အပြန်အလှန် လက်ရည်ယှဉ်ပြိုင်မှုတို့အတွင်း တူညီသောဝါသနာကြောင့် ထိုလူငယ်နှစ်ဦးမှာ နီးစပ်လာခဲ့သည်။

၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ၎င်းတို့နှစ်ဦးသည် ကတိသစ္စာတိုင်တည်ကာ လက်ထပ်ထိမ်းမြား၍ နှစ်ကိုယ်တူဘဝကို စတင်လျှောက်လှမ်းခဲ့ကြသည်။ အနာဂတ်တွင် ၎င်းတို့ဇနီးမောင်နှံသည် အီတလီနိုင်ငံ ဗင်းနစ်မြို့၌ ထိုက်ကျီပညာကျောင်းဖွင့်လှစ်ပြီး ထိုက်ကျီပညာ တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ကာ တရုတ်နိုင်ငံ၏ အစဉ်အလာယဉ်ကျေးမှုကို မြှင့်တင်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

------------------------

(Chinese Version)

河南温县:太极拳牵起跨国情缘

新华社照片,温县(河南),2026年7月31日

近日,在太极拳的发源地河南省焦作市温县陈家沟,来自意大利的姑娘吉达与陈家沟太极拳学校的青年拳师杨凯帆因共同热爱太极拳走到了一起,上演了一段因“拳”结缘的佳话。

两人的缘分始于2025年夏天,作为一名太极拳爱好者,吉达来到陈家沟太极拳学校学习太极拳,在学拳的过程中结识了杨凯帆。朝夕练功、切磋招式,相同的爱好拉近了两个年轻人的距离。2026年7月29日,二人喜结连理,携手步入婚姻殿堂。未来,夫妻二人计划在意大利威尼斯开办太极拳馆,推广太极拳,宣传中国传统文化。

图说1:7月31日,在河南温县陈家沟太极拳学校,杨凯帆(左)和吉达在练习太极拳。 新华社发(黄福兴摄)

图说2:7月31日,在河南温县陈家沟太极拳学校,杨凯帆(右)和吉达(中)跟随师父陈自强练习太极拳。新华社发(黄福兴摄)