စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေရှိ စီယူတာမြို့နှင့် မော်ရိုကို နယ်စပ်ဒေသဘက်ခြမ်းတွင် လူများ စုဝေးကာ နယ်စပ်ဖြတ်ကျော်၍ စီယူတာမြို့သို့ ဝင်ရောက်ရန် အသင့်ပြင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေရှိ စီယူတာမြို့နှင့် မော်ရိုကို နယ်စပ်ဒေသဘက်ခြမ်းတွင် လူများ စုဝေးကာ နယ်စပ်ဖြတ်ကျော်၍ စီယူတာမြို့သို့ ဝင်ရောက်ရန် အသင့်ပြင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ/ မက်ဒရစ်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ဘက်ပေါင်းစုံ၏ တိုက်တွန်းမှုအပြီး ဥရောပကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မီရှဲလ်မာတင်က မြောက်အာဖရိကနယ်မြေရှိ စပိန်နိုင်ငံ၏ စီယူတာမြို့တွင် လတ်တလော ရင်ဆိုင်နေရသော ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းကို ဆွေးနွေးရန် ဥရောပ သမဂ္ဂ (EU) သည် ဩဂုတ် ၄ ရက်တွင် ဗီဒီယိုအစည်းအဝေးတစ်ခု ကျင်းပမည်ဟု ကြေညာခဲ့ကြောင်း  အီတလီသတင်းဌာန ANSA ၏ ဩဂုတ် ၁ ရက်  ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

အီတလီနှင့် ဒိန်းမတ်တို့က ဦးဆောင်၍ ပူးတွဲအဆိုပြုကာ EU အနေဖြင့် စီယူတာမြို့ အခြေအနေနှင့်စပ်လျဉ်း၍  အစည်းအဝေးတစ်ခု ခေါ်ယူကာ ညှိနှိုင်းတုံ့ပြန်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ဩဂုတ် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကြေညာချက်အရ EU ခေါင်းဆောင် ၂၂ ဦးသည် EU ခေါင်းဆောင်အဖွဲ့အစည်းများထံသို့ ပူးတွဲလက်မှတ်ရေးထိုးထားသော စာတစ်စောင်ကို ပေးပို့ခဲ့ကြပြီး စီယူတာမြို့ အခြေအနေအပေါ် “ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့ကြကာ စည်းကမ်းမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန်၊ တရားမဝင် လူမှောင်ခိုကူးမှုကွန်ရက်များကို နှိမ်နင်းရန်၊ တရားမဝင် ပြည်ဝင်မှုကို လှုံ့ဆော်ပေးနိုင်သည့် အကြောင်းရင်းအားလုံးကို ဖယ်ရှားရန်နှင့် EU အနေဖြင့် တစ်ပြေးညီ ထိရောက်သော တုံ့ပြန်မှုအစီအမံများ ဆောင်ရွက်မှုကို သေချာစေရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားကြောင်း သိရသည်။

ထိုနေ့ အစောပိုင်းတွင် စပိန်ဝန်ကြီးချုပ် Pedro Sanchez က  ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ထံ စာတစ်စောင်ပေးပို့ကာ EU အဖွဲ့ဝင် နိုင်ငံအချို့၏ စီယူတာမြို့ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းအတွင်း တုံ့ပြန်မှုသည် “တစ်ကိုယ်ကောင်းဆန်” ၍ “ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးသည်” ဟု ဝေဖန်ခဲ့သည်။ EU ပြည်ထဲရေးဝန်ကြီးများ အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပကာ အကျပ်အတည်းကို အတူတကွ ရင်ဆိုင်တုံ့ပြန်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

စီယူတာမြို့သည် အာဖရိကတိုက် အနောက်မြောက်ပိုင်း၊ Gibraltar ရေလက်ကြားအနီးရှိ မြေထဲပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး မော်ရိုကိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မကြာသေးမီရက်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် မော်ရိုကိုဘက်မှ စီယူတာမြို့သို့ ဝင်ရောက်လာခဲ့ရာ မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံ၏ အပြင်းထန်ဆုံးသော နယ်စပ် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့သည်။ ယခုအကြိမ် ကြီးမားလှသော တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ကြောင်း စပိန်နိုင်ငံ အစိုးရ၏ ဩဂုတ် ၁ ရက် ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

.................................................

(Chinese Version)

欧盟拟4日召开会议讨论休达移民危机

新华社罗马/马德里8月1日电(记者高婧妍 孟鼎博)据意大利安莎社1日晚报道,在多方呼吁后,欧盟理事会轮值主席国爱尔兰的总理米歇尔·马丁宣布欧盟将于4日召开视频会议,讨论西班牙北非飞地休达近期面临的移民危机。  

意大利总理府1日发布公告说,意大利和丹麦牵头发起联合倡议,呼吁欧盟就休达局势召开会议并协调应对。根据公告,22名欧盟国家领导人签署了一封递交至欧盟领导机构的联名信,对休达局势表示“严重关切”,强调有必要防止无序非法越境、打击非法移民贩运网络、消除一切可能刺激非法入境行为的因素,并确保欧盟采取统一、有效的应对措施。  

当天早些时候,西班牙首相桑切斯致信欧盟委员会主席冯德莱恩,批评一些欧盟成员国在休达移民危机中的反应“自私”“制造对立”,呼吁尽快召开欧盟内政部长特别会议,共同应对危机。  

休达位于非洲西北部、直布罗陀海峡附近的地中海沿岸,与摩洛哥接壤。近日,大批非法移民从摩洛哥方向进入休达,引发近年来西班牙最严重的边境移民危机。西班牙政府1日公布的数据显示,此次大规模非法越境事件已造成至少67人死亡。(完)

图说:7月30日,人们聚集在西班牙北非飞地休达与摩洛哥边境摩洛哥一侧,准备越境进入休达。新华社发(刘文勇摄)