
ဒိုဟာ၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ကာတာ၊ အီဂျစ်နှင့် တူကီယဲ နိုင်ငံများက ဩဂုတ် ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်ချိုးဖောက်နေသည့် လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
ကြားဝင်ညှိနှိုင်းပေးသူအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်နေသည့် လုပ်ရပ်များအပေါ် အထူးသဖြင့် အစ္စရေးက ကျန်းမာရေးဆိုင်ရာအဆောက်အဦနှင့် ဆေးကုသရေးအခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှု ဖြစ်စေခဲ့ခြင်းအပေါ် ၎င်းတို့သုံးနိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေး၏ လုပ်ရပ်က ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး အပစ်ရပ်ရေးသဘောတူညီချက် ဒုတိယအဆင့်ကို ဖော်ဆောင်ရန် ရည်ရွယ်သည့် ကြိုးပမ်းမှုများကို ထိခိုက်ဆုံးရှုံးစေကြောင်း၊ အစ္စရေးအနေဖြင့် နိုင်ငံတကာဥပေဒသတ်မှတ်ချက်ပါ တာဝန်ဝတ္တရားအားလုံးကို မဖြစ်မနေ လေးစားလိုက်နာပြီး အပစ်ရပ်သဘောတူစာချုပ်ပါ ကတိကဝတ်များကို ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ကြေညာချက်က ပြောကြားထားသည်။
အရပ်ဘက်၊ ဆေးကုသရေးအဆောက်အဦများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများသည် ကာကွယ်စောင့်ရှောက်မှု အပြည့်အဝ ရရှိရေး သေချာစေရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဆေးကုသရေးအထောက်အပံ့ပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသတစ်ဝန်း အတားအဆီးမရှိ ပို့ဆောင်နိုင်ရေး အာမခံရန် ကြေညာချက်က တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဂါဇာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက် စတင်အသက်ဝင်သည့် အချိန်မှစ၍ အစ္စရေးက ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အကြောင်းပြကာ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
卡塔尔、埃及和土耳其谴责以色列持续违反停火协议
新华社多哈8月4日电 卡塔尔、埃及和土耳其3日发表联合声明,强烈谴责以色列在加沙地带持续违反加沙停火协议的行为。
声明说,作为调解方,三国对以色列在加沙地带持续违反停火协议的行为表示强烈谴责,特别是以色列针对卫生设施和医疗基础设施的袭击造成包括妇女和儿童在内的平民伤亡。这些行为公然违反国际法和国际人道主义法。
声明表示,以色列的行为破坏了加沙停火协议,并损害了旨在落实停火协议第二阶段的努力。以色列必须遵守国际法规定的所有义务,并全面履行停火协议中的承诺。
声明呼吁确保平民、医疗设施和人道主义工作人员得到充分保护,并保障人道主义援助和医疗物资在整个加沙地带畅通无阻。
自2025年10月加沙停火第一阶段协议生效以来,以色列不断以巴勒斯坦伊斯兰抵抗运动(哈马斯)违反停火协议为由发动袭击。
1. 8月2日,在加沙城一处公寓楼,巴勒斯坦人查看以军空袭后的废墟。新华社发(里泽克·阿卜杜勒贾瓦德 摄)








