
ဟော်မုဇ်ရေလက်ကြားသင်္ဘောများဖြတ်သန်းသွားရေးအစီအစဉ်သစ်ဆိုင်ရာ သဘောတူညီချက်ကို အီရန်နှင့် အိုမန် အပြီးသတ်လုပ်ဆောင်လျက်ရှိ
အီရန်နိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စီးပွားရေးလုပ်ငန်းသုံး သင်္ဘောများ ဖြစ်သန်းသွားလာရေးအတွက် အစီအစဉ်သစ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အဆုံးသတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း၊ မြောက်ဘက်နှင့် တောင်ဘက် ယာယီလမ်းကြောင်းများကို အီရန်၏ ပိုင်နက်ရေပြင်မှတစ်ဆင့် ဖြတ်သန်းသွားသည့် တစ်ခုတည်းသော လမ်းကြောင်းဖြင့် အချိန် နှစ်လမှ လေးလအထိ အစားထိုးမည်ဖြစ်ကြောင်း အီရန် အဆင့်မြင့်သံတမန်က ဆိုသည်။
အီရန်နိုင်ငံ၏ တရားဝင်သတင်းအေဂျင်စီဖြစ်သော IRNA က ဩဂုတ် ၅ ရက်၌ ထုတ်ပြန်ခဲ့သော အင်တာဗျူးတွင် အီရန်နိုင်ငံ ဥပဒေနှင့် နိုင်ငံတကာရေးရာ ဒုတိယဝန်ကြီး Kazem Gharibabadi က သုံးပတ်ကြာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် နှစ်ဖက်အနေဖြင့် ဝင်လမ်း၊ ထွက်လမ်း လမ်းပြမြေပုံ အပါအဝင် ဆက်စပ်ကိစ္စရပ်များအားလုံးနီးပါးတွင် မူအရ သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
သဘောတူညီချက်အလားအလာရှိသည် ဆိုခြင်းမှာ ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝပြန်လည် ဖွင့်လှစ်မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။
ဟော်မုဇ်ရေလက်ကြား မကြာမီ ပြန်မဖွင့်ပါက အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ဖွယ်ရှိဟု ထရမ့် ဆို
အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို မကြာမီပြန်လည်မဖွင့်လှစ်ပါက “အလွန်ပြင်းထန်စွာ” တိုက်ခိုက်ခံရမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၄ ရက်၌ ပြောခဲ့သည်။
Fox News က တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန်နိုင်ငံသည် အီရန်နှင့် “အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် တီဟီရန်ကမူ ဝါရှင်တန်နှင့် မည်သည့်တွေ့ဆုံဆွေးနွေးမှု တစ်စုံတစ်ရာမရှိကြောင်း ငြင်းဆိုထားသည်။
ထို့ပြင် အီရန်အနေဖြင့် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ပိုင်ဆိုင်ရမည်မဟုတ်ကြောင်း၊ အီရန်က ၎င်းအား ဖုန်းခေါ်ဆိုကာ ဆွေးနွေးပွဲအတွက် ပြောဆိုခဲ့သည်ဟု ထရမ့်က အင်တာဗျူးတွင် ပြောကြားခဲ့သော်လည်း အီရန်ဘက်ကမူ ငြင်းဆိုထားကြောင်း သိရသည်။
ဘရာဇီးက အာဂျင်တီးနားနှင့် ဆက်ဆံရေးကို အဆင့်လျှော့ချ
ဘရာဇီးနိုင်ငံက အာဂျင်တီးနားနိုင်ငံနှင့် ဆက်ဆံရေးကို သံရုံးယာယီတာဝန်ခံအဆင့်သို့ လျှော့ချလိုက်ကြောင်း ဘရာဇီးမီဒီယာက နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်အား ကိုးကား၍ ဩဂုတ် ၄ ရက်၌ သတင်းဖော်ပြခဲ့သည်။
မကြာသေးမီသီတင်းပတ်များအတွင်း ဘရာဇီး သမ္မတ Luiz Inacio Lula da Silva ၊ တာဝန်ရှိသူများနှင့် အာဂျင်တီးနား သမ္မတ Javier Milei တို့က မှတ်ချက်များပြုပြီးနောက် အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိဗ်ဒေသကို ရုရှားတိုက်ခိုက်ခဲ့ပြီးနောက် လူ ၁၇ ဦး သေဆုံး
ယူကရိန်းနိုင်ငံ ကိဗ်ဒေသနှင့် အနီးဝန်းကျင်ဒေသအား တစ်ညအတွင်း ရုရှားဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
ဂိုဒေါင်များ၊ ထောက်ပံ့သယ်ပို့အချက်အချာနေရာများ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများနှင့် စက်မှုလုပ်ငန်း ပျက်စီးခဲ့ကြောင်း၊ ကိဗ်ဒေသတွင် သေဆုံးသူ ၁၆ ဦးနှင့် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ခြင်းကြောင်း လူထိခိုက်သေဆုံးမှုအများဆုံးဖြစ်ကြောင်း အရေးပေါ်အခြေအနေဝန်ဆောင်မှုဌာနက ပြောခဲ့သည်။
ရုရှားနိုင်ငံ Tula Oblast ဒေသတွင် ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်ရာ လူတစ်ဦး ဒဏ်ရာရရှိ
ရုရှားနိုင်ငံ Tula Oblast ဒေသတွင် ယူကရိန်းက တစ်ညအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စက်မှုလုပ်ငန်းအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Dmitry Milyaev က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
Milyaev က ၎င်း၏ တရားဝင် Max ချန်နယ်တွင် အဆိုပါတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အကြီးဆုံးအွန်လိုင်းဈေးဝယ်စင်တာတစ်ခုဖြစ်သော Wildberries ၏ ပစ္စည်းအမျိုးအစားခွဲခြားရေးစင်တာ မီးလောင်ခဲ့ကြောင်း ပြောခဲ့သည်။
ထို့ပြင် တိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်းအဆောက်အအုံ နှစ်ခုလည်း ပျက်စီးခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း သိရသည်။
အမေရိကန် စစ်အခြေစိုက်စခန်းများ အမြဲထားရှိရေးအတွက် ပိုလန်နှင့် အမေရိကန် ဆွေးနွေး
ပိုလန်နိုင်ငံတွင် အမေရိကန် စစ်အခြေစိုက်စခန်းများ အမြဲထားရှိရေးအတွက် ပိုလန်နှင့် အမေရိကန်တို့ ဆွေးနွေးလျက်ရှိကြောင်း ပိုလန် ဒုတိယကာကွယ်ရေးဝန်ကြီး Pawel Zalewski က နိုင်ငံပိုင် TVP အသံလွှင့်ဌာနကို ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
အေဒင်ပင်လယ်ကွေ့တွင် ဆော်ဒီရေနံတင်သင်္ဘောကို ဟူသီက ဒုံးကျည်ဖြင့် တိုက်ခိုက်
အေဒင်ပင်လယ်ကွေ့တွင် ဆော်ဒီရေနံတင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့ပြီး နာရီများစွာအကြာ မြောက်ဘက် ပင်လယ်နီတွင် နောက်ထပ် ဆော်ဒီရေနံတင်သင်္ဘောတစ်စင်းကိုလည်း ဒုံးကျည်ဖြင့် သီးခြားတိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။
“ဒေစီ” ဟု အမည်ရသော ရေနံတင်သင်္ဘောကို ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး “နောက်ကြောင်းပြန်လှည့်စေခဲ့ကြောင်း” ဟူသီအဖွဲ့ စစ်ဘက်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က လူမှုမီဒီယာ X ပေါ် တင်ခဲ့သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေးက အသစ်တစ်ကြိမ်တိုက်ခိုက်မှုများ လုပ်ဆောင်
အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အသစ်တစ်ကြိမ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာက အပစ်အခတ်ရပ်စဲမှု ချိုးဖောက်ကြောင်း စွပ်စွဲချက်အား ကိုးကား၍ ဩဂုတ် ၅ ရက်၌ ပြောခဲ့သည်။
ဟစ်ဇ်ဘိုလာတို့၏ “ပရမ်းပတာချိုးဖောက်တိုက်ခိုက်မှုများကို တုံ့ပြန်သောအားဖြင့်” အဆိုပါ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ပြောကြားထားခြင်းမရှိပေ။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်း Mansouri မြို့ ဒေသခံများအား ဩဂုတ် ၅ ရက် အစောပိုင်းက အရေးပေါ်ရွှေ့ပြောင်းရေးသတိပေးချက် ထုတ်ပြန်ထားပြီး ယင်းဧရိယာမှ ချက်ချင်းထွက်ခွာကြရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Aug. 6
Iran, Oman finalizing agreement on new Hormuz Strait shipping arrangements
Iran and Oman are close to finalizing an agreement on new arrangements for commercial shipping through the Strait of Hormuz, under which the temporary northern and southern routes will be replaced by a new single route passing through Iran's territorial waters for two to four months, said a senior Iranian diplomat.
In an interview with the official news agency IRNA published Wednesday, Iranian Deputy Foreign Minister for Legal and International Affairs Kazem Gharibabadi said the two sides had reached an in-principle agreement on almost all relevant issues, including the entry and exit route map, following more than three weeks of consultations.
He said the potential agreement did not mean that the strait would be reopened completely.
Trump says Iran to be hit hard if Hormuz Strait not reopened soon
U.S. President Donald Trump said Tuesday that Iran will be "hit very hard" if the Strait of Hormuz is not reopened "very soon."
In an interview with Fox News, Trump said the United States is "having very good discussions" with Iran. But Tehran denied having any talks with Washington.
Trump also said in the interview that Iran will never have a nuclear weapon, and insisted that Iran called him and asked for talks, which Iran also denied.
Brazil downgrades relations with Argentina
Brazil has downgraded relations with Argentina to the charge d'affaires level, Brazilian media said Tuesday, citing sources from the Ministry of Foreign Affairs.
The decision followed remarks made by Argentine President Javier Milei against Brazilian President Luiz Inacio Lula da Silva and other Brazilian officials in recent weeks.
Russian strikes on Kiev region kill 17
At least 17 people were killed and dozens of others wounded in Russian missile and drone strikes on Kiev and the surrounding region overnight, Ukrainian authorities said on Wednesday.
The State Service for Emergencies said warehouses, logistics hubs, commercial facilities and industrial enterprises were damaged, adding that most of the casualties occurred in the Kiev region, where 16 people were killed and 30 more injured.
Ukrainian drone attack injures one in Russia's Tula Oblast
An overnight Ukrainian drone attack damaged industrial facilities and injured one person in Russia's Tula Oblast, regional Governor Dmitry Milyaev said on Wednesday.
Milyaev said on his official Max channel that the attack sparked a fire at a sorting center operated by Wildberries, one of Russia's largest online marketplaces.
Two apartment buildings were also damaged in the attack. No fatalities were reported.
Poland, U.S. hold talks on establishing permanent American military bases
Poland and the United States are holding talks on establishing permanent U.S. military bases in Poland, Polish Deputy Defense Minister Pawel Zalewski told state broadcaster TVP on Wednesday.
Houthis claim missile attack on Saudi oil tanker in Gulf of Aden
Yemen's Houthi group said Wednesday it had targeted a Saudi oil tanker with a ballistic missile in the Gulf of Aden, several hours after claiming a separate missile attack on another Saudi tanker in the northern Red Sea.
In a statement posted on social media platform X, Houthi military spokesperson Yahya Sarea said the tanker, identified as "Daisy," was hit by a ballistic missile and "forced to turn back."
Israeli army launches fresh strikes in S. Lebanon
Israel's military said on Wednesday that it launched new strikes in southern Lebanon, citing an alleged ceasefire violation by Hezbollah.
The military said in a statement that the strikes were "in response to a blatant violation" by Hezbollah, without elaborating.
Earlier on Wednesday, the Israeli military issued an urgent evacuation warning to residents of the southern Lebanese town of Mansouri, urging them to leave the area immediately.








