
ကျုံးဝေ့၊ နင်းရှ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျုံးဝေ့မြို့ရှိ ဆားဖော်ထိုရှုခင်းသာနေရာသည် တောင်ဘက်တွင် မြစ်ဝါမြစ်နှင့် ကပ်လျက် မြောက်ဘက်တွင် ထိန်ကယ်လီသဲကန္တာရနှင့် နီးကပ်စွာ တည်ရှိပြီး သဘာဝရှုခင်း တစ်မူထူးခြားမှုကြောင့် ဒေသအများအပြားမှ ခရီးသွားဧည့်သည်များ ကိုယ်တိုင်လာရောက်ခံစားရန် ဆွဲဆောင်လျက်ရှိသည်။ နွေရာသီကာလရောက်ရှိလာချိန်တွင် ဆားဖော်ထိုရှုခင်းသာနေရာ၌ ခရီးသွားဧည့်သည် ဖြတ်သန်းသွားလာမှုမှာ သိသိသာသာမြင့်တက်လာပြီး နေ့စဉ် ခရီးသွားဧည့်သည် ဖြတ်သန်းသွားလာမှုနေဖြင့် အမြင့်ဆုံး အကြိမ်ရေ ၂၀,၀၀၀ ကျော်ရှိခဲ့သည်။ (Xinhua)
...........................
(Chinese Version)
(新华视界)宁夏:沙坡头景区引客来
新华社照片,中卫(宁夏),2026年8月7日
宁夏中卫市沙坡头景区南靠黄河、北临腾格里沙漠,自然景观独特,吸引多地游客前来体验。进入暑期,沙坡头景区客流量大幅增长,日客流量最高超过2万人次。
图说1:8月6日,游客在宁夏中卫市沙坡头景区游玩(无人机照片)。 新华社记者 杨植森 摄
图说2:8月6日,游客在宁夏中卫市沙坡头景区骑骆驼(无人机照片)。新华社记者 杨植森 摄








