ဝါရှင်တန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် အမိန့်ကြေညာချက် နှစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး “ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့် (birthright citizenship) ” ကျင့်သုံးရန် သင့်တော်သည့် နယ်ပယ်ကို တင်းကျပ်ရန်နှင့် အမေရိကန်သို့ “ကလေးမွေးဖွားလိုသည့် ရည်ရွယ်ချက်ဖြင့် ခရီးသွားလာမှု (birth tourism) ” ဆိုသည်အား နှိမ်နင်းရာတွင် ပိုမိုအားကောင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။
အိမ်ဖြူတော် ထုတ်ပြန်သော အမိန့်ကြေညာချက်ပါ အကြောင်းအရာများအရ ပထမ အမိန့်ကြေညာချက်တွင် birthright citizenship ကျင့်သုံး၍မရသော သီးသန့်သတ်မှတ်ခံ နိုင်ငံခြားသားအချို့၏ အမေရိကန်နိုင်ငံအတွင်း မွေးဖွားလာကြသော သားသမီးများကို ဥပမာပေး ဖော်ပြထားသည်။ ဥပမာအားဖြင့် “ရန်လိုသော နိုင်ငံခြားအင်အားစု” (အမေရိကန်အစိုးရက နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသူများအပါအဝင်) လူပုဂ္ဂိုလ်၏ သားသမီးများ၊ အမေရိကန်နိုင်ငံအတွင်း၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံခြားသံတမန်များ၏ သားသမီးများ၊ အမေရိကန်သို့ ကလေးမွေးလိုသည့် ရည်ရွယ်ချက်ဖြင့် ခရီးသွားရောက်သူများ၏ သားသမီးများနှင့် အမေရိကန်နိုင်ငံအတွင်း၌ စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်ခြင်းဖြင့် မွေးဖွားလာသော ကလေးများ ပါဝင်သည်။
ဒုတိယ အမိန့်ကြေညာချက်သည် အမေရိကန်သို့လာရောက် ကလေးမွေးဖွားကာ ထိုကလေးသည် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိသည့် birth tourism ကို ဦးတည်ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ အမိမြေလုံခြုံရေးဝန်ကြီးတို့အနေဖြင့် လိုအပ်သော အစီအမံများ လုပ်ဆောင်ခြင်း၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်မှုအသစ်များ ထုတ်ပြန်ခြင်းဖြင့် “အမေရိကန်နိုင်ငံသို့ လာရောက် ကလေးမွေးဖွားခြင်း” ကို ဟန့်တားရမည်ဖြစ်ကြောင်း၊ ယင်းတွင် အမေရိကန်သို့ လာရောက်ကာ ကလေးမွေးဖွားရန် ကြိုးပမ်းသူများအတွက် ဗီဇာခွင့်ပြုပေးမှုကို ငြင်းပယ်ခြင်း၊ birth tourism ကို ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခဲ့သော သို့မဟုတ် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော နိုင်ငံခြားသားများ၏ ဗီဇာကို ရုပ်သိမ်းခြင်း၊ birth tourism တွင် ပါဝင်ခဲ့ဖူးသူ သို့မဟုတ် ပါဝင်ရန် အစီအစဉ်ရှိသော နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့် ငြင်းပယ်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း စသည်တို့ ပါဝင်ကြောင်း အဆိုပါအမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းမှာ ထရမ့်၏ ဒုတိယအကြိမ်မြောက် သမ္မတ ရာထူးထမ်းဆောင်စဉ်အတွင်း birthright citizenship ကို ကန့်သတ်ရန် ထပ်မံ ကြိုးစားခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ထရမ့်က အမိန့်ကြေညာချက်တစ်ရပ် လက်မှတ်ရေးထိုးကာ မိဘနှစ်ဦးလုံးက အမေရိကန်နိုင်ငံသား မဟုတ်သူ သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်ခွင့် မရရှိသူတို့၏ မွေးကင်းစကလေးများသည် အမေရိကန်နိုင်ငံသားအဖြစ် အလိုအလျောက်မဖြစ်နိုင်ဟု ပြဋ္ဌာန်းခဲ့သည်။
ယခုနှစ် ဇွန် ၃၀ ရက်တွင် အမေရိကန် တရားရုံးချုပ်က စီရင်ဆုံးဖြတ်ချက် ချမှတ်၍ ထိုအမိန့်ကြေညာချက်ကို ပယ်ချခဲ့သည်။ ထရမ့်၏ နောက်ဆုံးအမိန့်ကြေညာချက်သည်လည်း တရားရုံးတွင် စိန်ခေါ်ခံရနိုင်ခြေရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၄ ခုမြောက်ပြင်ဆင်ချက်တွင် အမေရိကန်နိုင်ငံတွင် မွေးဖွားသော သို့မဟုတ် နိုင်ငံသားအဖြစ်ပြောင်းလဲထားကာ အမေရိကန် တရားစီရင်ပိုင်ခွင့်အောက်တွင်ရှိသူအားလုံးသည် အမေရိကန်နိုင်ငံသားများဖြစ်သည်ဟု ပြဋ္ဌာန်းထားသောကြောင့်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။ (Xinhua)
……………………………
(Chinese Version)
特朗普行政令收紧“出生公民权” 遏止“生育旅游”
新华社华盛顿8月6日电(记者杨伶 熊茂伶)美国总统特朗普6日签署两项行政令,旨在收紧“出生公民权”适用范围,并加大对所谓赴美“生育旅游”的打击力度。
根据白宫发布的行政令文本,第一项行政令列举了不适用“出生公民权”的部分特定外国人在美新生子女,如“敌对外国势力”(包括被美政府认定的外国恐怖组织)人员的子女、在美国境内工作的外国外交人员的子女、参加赴美“生育旅游”人员的子女,以及通过在美境内商业代孕所产子女等。
第二项行政令针对赴美生育从而使新生儿获得美国公民身份的“生育旅游”。行政令称,美国国务卿和国土安全部长应采取必要行动、发布新的规章和指导方针以遏止“赴美生子”,包括拒绝向企图赴美生子的人员签发签证、撤销以“生育旅游”为目的进入或试图进入美国的外国人的签证、拒绝入境或遣返曾参与或计划参与“生育旅游”的外国人等。
这是特朗普第二个总统任期内再次试图限制“出生公民权”。特朗普2025年1月重返白宫后签署行政令,规定父母均非美国公民或合法永久居民的新生儿不能自动获得美国公民身份。今年6月30日,美国最高法院作出裁决,推翻了这一行政令。
美国媒体报道说,特朗普的最新行政令也很有可能在法庭上受到挑战,因为美国宪法第十四修正案规定,所有在美国出生或归化并受美国司法管辖的人均为美国公民。(完)








