တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော အမေရိကန်နိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများက ကြိုဆိုဧည့်ခံသည့် ညစာစားပွဲသို့ မတက်ရောက်မီ ခင်မင်ရင်းနှီးသော ထင်ရှားကျော်ကြားသူ ပုဂ္ဂိုလ်များ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော အမေရိကန်နိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများက ကြိုဆိုဧည့်ခံသည့် ညစာစားပွဲသို့ မတက်ရောက်မီ ခင်မင်ရင်းနှီးသော ထင်ရှားကျော်ကြားသူ ပုဂ္ဂိုလ်များ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

"ချစ်ကြည်ရင်းနှီးမှုဆိုသည်မှာ အနက်အဓိပ္ပာယ်ပြည့်ဝသော အရာတစ်ခုကို ကိုယ်စားပြုကာ ယင်းသည် ငြိမ်းချမ်းသောကမ္ဘာကြီးမှာ ချစ်ကြည်ရင်းနှီးသော ကမ္ဘာကြီးဖြစ်ရမည်" ဟူ၍ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံရပ်ခြားမှ မိတ်ဆွေတစ်ဦးကို ကိုးကားရည်ညွှန်းလျက် ခင်မင်ရင်းနှီးမှု၏ တန်ဖိုးကို ပုံပမာခိုင်းနှိုင်းပြောဆိုခဲ့ဖူးသည်။ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုက တည်ငြိမ်၍ ရေရှည်တည်တံ့သော နိုင်ငံတကာဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကာ ယင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖော်ဆောင်ရေးအတွက် အကန့်အသတ်မဲ့ မောင်းနှင်အားဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံလိုအပ်ချက် တစ်ခုလည်းဖြစ်သည်ဟု ရှီက ရှုမြင်လျက်ရှိသည်။

ယခုနှစ် နွေဦးပွဲတော်ကာလက ရှီသည် အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ မိတ်ဆွေများထံသို့ ပြန်စာပေးပို့ခဲ့ကာ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ရွှင်မြူးတက်ကြွဖွယ် ဆုမွန်ကောင်းများကို ဖော်ပြထားသည့် ကတ်ပြားတစ်ခု ပေးပို့ခဲ့ခြင်းဖြင့် ၎င်းတို့အကြား နွေးထွေးလှိုက်လှဲသော နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို သုံးနှစ်ဆက်တိုက် အပြန်အလှန်ပေးပို့ခဲ့ကြသည်။ ရှီက လွန်ခဲ့သော ၄၁ နှစ်က အိုင်အိုဝါသို့ သွားရောက်ခဲ့သည့် ၎င်း၏ခရီးစဉ်အကြောင်းကို ပြန်လည်ပြောဆိုခဲ့ကာ ၎င်းအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်း၊ အဆိုပါ ကြည်နူးဖွယ် အမှတ်တရများက ၎င်း၏စိတ်သန္တာန်ဝယ် ယနေ့ထက်တိုင် ပူပူနွေးနွေး ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီသည် ၁၉၈၅ ခုနှစ်တွင် ထိုစဉ်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Zhengding ခရိုင် အရာရှိတစ်ဦးအဖြစ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ အိုင်အိုဝါပြည်နယ်သို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်မှာ ရှီ၏ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်လည်းဖြစ်သည်။

ထိုခရီးစဉ်အတွင်း ရှီသည် အိုင်အိုဝါပြည်နယ် အရှေ့ပိုင်းရှိ ကျေးလက်ဆန်သည့် မက်စ်ကက်တင်းမြို့သို့ သွားရောက်ခဲ့စဉ်က ဒေသခံ မိသားစုဖြစ်သည့် သောမတ်စ်နှင့် အယ်လီယာနာ ဒဗောချက်ခ်တို့ မိသားစုထံ၌ တည်းခိုနေထိုင်ခဲ့သည်။ ထိုသို့ ခဏတာတည်းခိုနေထိုင်မှုက ဘယ်သောအခါမှ ပျောက်ကွယ်မသွားနိုင်သည့် ခံစားချက်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

ထို့နောက် ဆယ်စုနှစ်ပေါင်းများစွာ အကြာတွင်လည်း ထိုခရီးစဉ်အား အောက်မေ့တသသ ပြန်လည်ပြောဆိုလျက်ရှိကာ ရှီက ၎င်းတည်းခိုနေထိုင်ခဲ့သော နေအိမ်၏ လိပ်စာဖြစ်သည့် 2911 Bonnie Drive ကို မှတ်မိနေဆဲဖြစ်သည်။ "အဲဒါက အမေရိကန်နိုင်ငံသားတွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တာပါ။ ကျွန်တော့်အမြင်မှာတော့ သူတို့က အမေရိကန်နိုင်ငံကို ကိုယ်စားပြုပါတယ်" ဟု ရှီက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် APEC ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ဆန်ဖရန်စစ္စကိုမြို့သို့ သမ္မတရှီ လာရောက်ခဲ့စဉ်ကလည်း အဆိုပါ မိတ်ဆွေအရင်းအချာများမှာ ပြန်လည်ဆုံစည်းခဲ့ကြသည်။ ဒဗောချက်ခ်၏ သားဖြစ်သူ ဂယ်ရီနှင့် ဆုံစည်းမိသည့်အခါ ရှီက "ဦးက မောင်ရင့်အခန်းမှာ တည်းခဲ့တာ။ အဲဒီအခန်းထဲက အားကစားသမားဝတ် အင်္ကျီတွေနဲ့ အားကစားအသုံးအဆောင်ပစ္စည်းတွေကို‌တောင် မှတ်မိသေးတယ်" ဟု ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260808/9ca66f0b22e74cdf902c1b020df12473/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ-တတိယ) ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်၌ တက်စ်မေးနီးယားပြည်နယ် ဝန်ကြီးချုပ် (ကွယ်လွန်) ၏ မိသားစုနှင့် တွေ့ဆုံနေပုံကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ-တတိယ) ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်၌ တက်စ်မေးနီးယားပြည်နယ် ဝန်ကြီးချုပ် (ကွယ်လွန်) ၏ မိသားစုနှင့် တွေ့ဆုံနေပုံကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

...........................................................................................

(English Version)

Xiplomacy: Bringing a personal touch to Chinese diplomacy

BEIJING, Aug. 8 (Xinhua) -- "Friendship stands by a meaningful thing -- a world of peace must be a world of friendship."

Chinese President Xi Jinping once quoted a foreign friend to illustrate the preciousness of friendship. In his view, people-to-people friendship is the foundation for stable and sustained international relations, an inexhaustible driving force for promoting world peace and development and a basic prerequisite for win-win cooperation.

This Spring Festival, Xi replied to friends in the U.S. state of Iowa and sent them a Chinese New Year card extending his festive wishes, continuing the warm exchange of New Year greetings between them for a third consecutive year. Recalling his visit to Iowa 41 years ago, Xi said he was warmly received, and those wonderful memories remain fresh in his mind to this day.

In 1985, Xi, then an official of Zhengding County, Hebei Province in northern China, led a delegation to Iowa. It was Xi's first visit to the United States.

During the trip, he visited Muscatine, a city in rural eastern Iowa, where he stayed with a local family of Thomas and Eleanor Dvorchak. The homestay left a lasting impression.

Recalling the trip decades later, Xi said he still remembered where he stayed: 2911 Bonnie Drive. "That was my first face-to-face contact with the Americans," Xi said. "For me, they represent America."

These old friends reunited in 2023 when Xi visited San Francisco for the APEC leaders' meeting. When Xi saw Gary, son of the Dvorchaks, he said, "I stayed in your room and remember the sweatshirts and ball gear there."

https://english.news.cn/20260808/9ca66f0b22e74cdf902c1b020df12473/c.html

English Caption 1

Chinese President Xi Jinping meets and poses for a group photo with representatives of friendly personages before attending the Welcome Dinner by Friendly Organizations in the United States, in San Francisco, the United States, Nov. 15, 2023. (Xinhua/Xie Huanchi)

English Caption 2

Chinese President Xi Jinping (3rd R) meets with the family of late Tasmanian Premier Jim Bacon in Tasmania state, Australia, Nov. 18, 2014.  (Xinhua/Ding Lin)