တရုတ်နိုင်ငံ ဟူနန်ပြည်နယ် နင်းရှန်းမြို့ရှိ Hunan CNGR New Energy Technology Co., Ltd. ပြခန်း၌ 
လာရောက်ကြည့်ရှုသူများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် နင်းရှန်းမြို့ရှိ Hunan CNGR New Energy Technology Co., Ltd. ပြခန်း၌ လာရောက်ကြည့်ရှုသူများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နင်းရှန်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် နင်းရှန်းမြို့သည် “စက်မှုအင်အားကြီးမြို့၊ ချမ်းသာသုခနှင့်ပြည့်စုံသော နင်းရှန်း”  ဟူသည့် ဖွံ့ဖြိုးတိုးတက်မှုအနေအထားကို ဗဟိုပြုကာ ကုန်ထုတ်လုပ်မှုကွင်းဆက်အတွေးအခေါ်ကို လက်ကိုင်ထား၍ ယှဉ်ပြိုင်မည့်လမ်းကို ရွေးချယ်ခဲ့ရာ ကုမ္ပဏီလုပ်ငန်းများအတွက် “ရှယ်ယာရှင်ပုံစံ” ဝန်ဆောင်မှုပံ့ပိုးပေးပြီး နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်ဖန်တီးမှုအရင်းအမြစ်များ စုစည်းရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်လျက် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

၎င်းတို့အနက် ခေတ်မီ စွမ်းအင်သိုလှောင်မှုကုန်ကြမ်းထုတ်လုပ်ရေးကွင်းဆက်၌ သက်ဆိုင်ရာလုပ်ငန်းများစွာ စုဝေးလျက်ရှိရာ ထုတ်လုပ်မှုကနဦးကုန်ကြမ်းများဖြစ်သည့် ပရီကာဆာ၊  အပေါင်း-အနုတ် လျှပ်ကူးပစ္စည်းများ၊ လျှပ်လိုက်ရည်မှသည် ဘက်ထရီဆဲလ်များ၊ စွန့်ပစ်ဘက်ထရီဟောင်းများ ပြန်လည်သိမ်းဆည်းခြင်းအထိ ပါဝင်သော စက်ဝန်းပြည့်စုံသည့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်ကို ဖွဲ့စည်းပြီးဖြစ်ကာ ပြည်တွင်း၌ စွမ်းအင်သိုလှောင်မှု ကုန်ထုတ်လုပ်ငန်းကွင်းဆက်ကို အပြည့်အစုံ ပိုင်ဆိုင်ထားသည့် ဒေသ အနည်းငယ်အနက်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တစ်မြို့လုံး၏ စွမ်းအင်သိုလှောင်မှု ကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် သတ်မှတ်အတိုင်းအတာရှိ ကုမ္ပဏီလုပ်ငန်း ၄၃ ခု၊ ကုန်ထုတ်လုပ်ငန်းတန်ဖိုး တရုတ်ယွမ်ငွေ ၂၆ ဘီလီယံကျော် ရှိကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

产业发展开新局丨湖南宁乡:推动储能材料产业高质量发展

新华社照片,宁乡(湖南),2026年8月9日

湖南省宁乡市围绕“工业强市、幸福宁乡”发展定位,坚持以产业链思维选定赛道,为企业提供“股东式”服务,通过加大技术研发和汇聚创新资源推动产业发展。其中,先进储能材料产业链集聚多家相关企业,已形成从上游前驱体、正负极材料、电解液到电芯、废旧电池回收的闭环产业链条,成为国内少数拥有完整储能产业链地区之一。2026年1月至5月,全市储能材料产业规模企业达43家,产值超过260亿元。

1. 7月5日,来访者在位于湖南省宁乡市的湖南中伟新能源科技有限公司展厅参观。 新华社记者 鲁鹏 摄

2. 工作人员在位于湖南省宁乡市的湖南中伟新能源科技有限公司车间内查看设备运行情况(资料照片)。新华社发