ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပသည့် အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေး (AUKUS) နှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အများပြည်သူ ကြားနာစစ်ဆေးမှုသို့ ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull တက်ရောက်၍ အမှာစကား ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပသည့် အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေး (AUKUS) နှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အများပြည်သူ ကြားနာစစ်ဆေးမှုသို့ ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull တက်ရောက်၍ အမှာစကား ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

လက်ရှိမူဝါဒ ဦးတည်ချက်ကို မပြောင်းလဲပါက ဩစတြေးလျသည် ပိုမိုအားနည်းပြီး မလုံခြုံတော့ဘဲ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်မှုစွမ်းရည်မှာလည်း ဆက်လက် အားနည်းသွားမည်ဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Turnbull က ဆစ်ဒနီမြို့တွင် ကျင်းပသည့် အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေး (AUKUS)
နှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အများပြည်သူ ကြားနာစစ်ဆေးမှုသို့ တက်ရောက်ရာတွင် သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေးသည် ဩစတြေးလျ၏ အမေရိကန်အပေါ် မှီခိုအားထားမှုကို ပိုမိုနက်ရှိုင်းစေပြီး ဩစတြေးလျသည် စီမံထားသည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများအား နောက်ဆုံးတွင် ရရှိနိုင်၊ မရရှိနိုင်မည် ဆိုသည်မှာမူ အမေရိကန်နှင့် ဗြိတိန်၏ ဆုံးဖြတ်ချက်များနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်နေကြောင်း ပြောကြားခဲ့သည်။

Turnbull  စသည် အစိုးရဟောင်း အရာရှိများနှင့် ဩစတြေးလျ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ကျွမ်းကျင်သူများသည် ထိုနေ့၏ ကြားနာစစ်ဆေးမှုကို တက်ရောက်ခဲ့ကြကာ ဒေသဆိုင်ရာ လုံခြုံရေး၊ နိုင်ငံအချုပ်အခြာအာဏာ၊ အများပြည်သူသုံးစွဲမှု၊ နျူကလီးယားစွန့်ပစ်ပစ္စည်းနှင့် စစ်ရေးနည်းပညာစသည့် ရှုထောင့်များမှ သဘောထားများ တင်ပြခဲ့ကြပြီး မေးခွန်းများကို ဖြေကြားခဲ့ကြသည်။ ခန်းမအပြင်ဘက်တွင် ပြည်သူများက အမေရိကန်-ဗြိတိန်-ဩစတြေးလျ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေးနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်သော စုဝေးဆန္ဒပြပွဲကို ၎င်းတို့ဆန္ဒအလျောက် စီစဉ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျတို့သည် သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့သည်။ ဩစတြေးလျသည် နျူကလီးယားကင်းစင်သော နိုင်ငံဖြစ်ပြီး သုံးနိုင်ငံအနေဖြင့် နျူကလီးယား ပြန့်ပွားမှု အန္တရာယ် အလွန်မြင့်မားသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းသည် သုံးနိုင်ငံအကြား စစ်ရေးမဟာမိတ် ပိုမိုနက်ရှိုင်းစေခြင်း၊ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်ပျက်စီးစေခြင်းအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံသယနှင့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua)

................................

(Chinese Version)

澳前总理:美英澳三边安全伙伴关系将使澳更不安全

新华社悉尼8月11日电(记者刘晓宇 张淑惠)澳大利亚前总理特恩布尔10日表示,如果不改变当前政策方向,澳大利亚将变得更加脆弱和不安全,其自主决策能力也将被继续削弱。  

特恩布尔在悉尼出席针对美英澳三边安全伙伴关系及核潜艇合作的公开调查听证会时说,三边安全伙伴关系进一步加深了澳大利亚对美国的依赖,而澳大利亚最终能否获得计划中的核动力潜艇又取决于美英的决定及产业发展。  

特恩布尔等前政府官员以及澳社会组织代表、专家学者等出席了当天的听证会,从地区安全、国家主权、公共开支、核废料和军事技术等角度陈述意见并接受提问。会场外,民众自发组织了反对美英澳三边安全伙伴关系及核潜艇合作的集会。  

2021年9月,美国、英国和澳大利亚建立三边安全伙伴关系并开展核潜艇合作。澳大利亚是无核国家,三国推动极具核扩散风险的核潜艇合作,引发国际社会对三国深化军事同盟、破坏地区安全稳定的疑虑和担忧。(完)

图说:8月10日,澳大利亚前总理特恩布尔在悉尼举行的针对美英澳三边安全伙伴关系及核潜艇合作的公开调查听证会上发言(手机照片)。新华社记者 刘晓宇 摄