
ဝူးလူမုချီ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
မကြာသေးမီက ကမ္ဘာ့ရာသီဥတုပူနွေးလာမှု၏ သက်ရောက်မှုကြောင့် အစွန်းရောက် ရာသီဥတု သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး တောင်တန်းဒေသရှိ ရေခဲမြစ်များ အရည်ပျော်မှုနှုန်းမှာ သိသိသာသာ မြန်ဆန်လာသဖြင့် ရေခဲမြစ်ဂေဟစနစ် ပြောင်းလဲမှုသည် အလွန်အာရုံစိုက်မှုခံလာရသည်။
ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ အနောက်မြောက် ဂေဟပတ်ဝန်းကျင်နှင့် သယံဇာတ သုတေသန အင်စတီကျုမှ အားအယ်လ်ထိုက်တောင်တန်း ရေခဲစက်ဝန်း သိပ္ပံနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံသုတေသနလေ့လာရေးစခန်းမှ သိပ္ပံသုတေသနအဖွဲ့သည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားအယ်လ်ထိုက်တောင်တန်း မုစီးကျွန်းရေခဲမြစ်သို့ ထဲထဲဝင်ဝင် သွားရောက်ကာ သီးသန့်သိပ္ပံသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
သိပ္ပံသုတေသနအဖွဲ့သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၄၀၀ မြင့်သော ရေခဲမြစ်ပေါ်တွင် ရေခဲမြစ်၏ ဒြပ်ထုချိန်ခွင်လျှာ၊ ရေခဲမြစ်အစွန်းပြောင်းလဲမှု၊ မျက်နှာပြင်အလင်းပြန်နှုန်း စသည့် လက်တွေ့ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး မိုးလေဝသ၊ ဇလဗေဒနှင့် ရေခဲမြစ်ပြောင်းလဲမှု စသည့် အဓိကကျသော အချက်အလက်များကို စနစ်တကျ စုဆောင်းခဲ့သည်။
ယခုအကြိမ် သိပ္ပံသုတေသနပြုလုပ်မှုမှာ ရာသီဥတုပူနွေးလာမှု နောက်ခံအခြေအနေအောက်တွင် တောင်တန်းဒေသရှိ ရေခဲမြစ်များ ပြောင်းလဲလာမှုအခြေအနေကို တိကျစွာ ပိုင်နိုင်သိရှိရန် ရည်ရွယ်ပြီး ဒေသတွင်း ရေခဲမြစ်ကာကွယ်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ်ဂေဟဗေဒ စီမံခန့်ခွဲမှုအတွက် အသေးစိတ်ကျသော သိပ္ပံနည်းကျ အချက်အလက် အထောက်အပံ့များ ပံ့ပိုးပေးရန် ဖြစ်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
为冰川做“立体CT” 解码冰川消融气候密码
新华社照片,乌鲁木齐,2026年8月12日
近期,受全球气候变暖影响,极端天气灾害频发,山地冰川消融速率显著加快,冰川生态环境变化备受关注。
连日来,中国科学院西北生态环境资源研究院阿尔泰山冰冻圈科学与可持续发展综合观测研究站科考团队深入新疆阿尔泰山木斯岛冰川开展专项科考作业。科考团队在海拔3400米的冰川开展冰川物质平衡、末端变化、反照率等实地观测,系统性采集气象、水文、冰川变化等关键数据。
本次科考旨在精准掌握气候变暖背景下山地冰川的变化态势,为区域冰川保护、水资源生态治理提供详实的科学数据支撑。
图说1:在新疆阿尔泰山木斯岛冰川,科考人员采集便携式气象站数据(8月10日摄)。 新华社记者 丁磊 摄
图说2:科考团队徒步前往海拔3400米的新疆阿尔泰山木斯岛冰川开展专项科考作业(8月10日摄)。新华社记者 丁磊 摄








