
ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် စသည့်နိုင်ငံများက ဂျီနီဗာ လက်နက်လျှော့ချရေးညီလာခံ၌ ပူးတွဲဆွေးနွေးချက် ဟူသည်ကို ပြုလုပ်ခဲ့ခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်အတွက်သာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက နိုင်ငံစုံ လက်နက်ထိန်းချုပ်ရေးယန္တရားအား အလွဲသုံးခြင်းကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဩဂုတ် ၁၂ ရက်တွင် သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
သတင်းထောက်တစ်ဦးက ဩဂုတ် ၁၁ ရက်တွင် ကျင်းပသော ဂျီနီဗာ လက်နက်လျှော့ချရေးညီလာခံ၌ အမေရိကန် စသည့်နိုင်ငံများက ပူးတွဲဆွေးနွေးချက် ပြုလုပ်ကာ သက်ဆိုင်ရာနိုင်ငံ တစ်နိုင်ငံသည် မကြာသေးမီက ပစိဖိတ်သမုဒ္ဒရာသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရာ၌ ကြိုတင်အကြောင်းကြားခြင်း ဟူသည့် စံနှုန်းလုပ်ထုံးလုပ်နည်းများကို မလိုက်နာခဲ့သဖြင့် အမှားအယွင်းဖြစ်နိုင်ခြေကို တိုးမြှင့်လိုက်ကာ ဒေသတွင်းတည်ငြိမ်ရေးကို ဖျက်ဆီးလိုက်သည်ဟု စွပ်စွဲခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအနေဖြင့် “ပဲ့ထိန်းဒုံးကျည် မပြန့်ပွားရေးဆိုင်ရာ သည်ဟိဂ်အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ကို အကောင်အထည်ဖော်သင့်သည်ဟု ကြေညာခဲ့ကြောင်း၊ ပြင်ပလောကက အဆိုပါပူးတွဲဆွေးနွေးချက်သည် တရုတ်နိုင်ငံက ယခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော ရေအောက်ပစ် မဟာဗျူဟာမြောက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက အမေရိကန် စသည့်နိုင်ငံများက ဂျီနီဗာ လက်နက်လျှော့ချရေးညီလာခံ၌ ပူးတွဲဆွေးနွေးချက် ဟူသည်ကို ပြုလုပ်ခဲ့ကာ “ပဲ့ထိန်းဒုံးကျည် မပြန့်ပွားရေးဆိုင်ရာ သည်ဟိဂ်အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ကို အကြောင်းပြ၍ တရုတ်နိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို သွယ်ဝိုက်ရည်ရွယ်ပြောဆိုခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ၎င်းတို့၏ ဟန်ဆောင်မျက်နှာဖုံးနှင့် “စံနှုန်းနှစ်မျိုး” ကျင့်သုံးမှုကို အပြည့်အဝ ဖော်ထုတ်ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက နိုင်ငံစုံ လက်နက်ထိန်းချုပ်ရေးယန္တရားအား အလွဲသုံးခြင်းကို ရပ်တန့်ရန်၊ စစ်မှန်သောဆွေးနွေးမှုဖြင့် အကြောင်းမဲ့ အတိုက်အခံပြုလုပ်မှုကို အစားထိုးရန်၊ လက်နက်ထိန်းချုပ်ရေးနယ်ပယ်မှာ ဆွေးနွေးဖလှယ်မှု မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေ ဖန်တီးပေးရန် တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部:中方敦促有关国家停止滥用多边军控机制
新华社北京8月12日电 外交部发言人郭嘉昆12日在回答记者提问时表示,美国等国家在日内瓦裁军谈判会议搞所谓共同发言,完全是出于政治目的。中方敦促有关国家停止滥用多边军控机制。
有记者问:在8月11日召开的日内瓦裁军谈判会议上,美国等国家共同发言,指责有关国家最近一次向太平洋发射导弹的试验未遵循提前通报的标准做法,增加误判风险,破坏地区稳定,宣称相关国家应落实“防止弹道导弹扩散海牙行为准则”。外界认为,该共同发言系针对中方今年7月试射潜射战略导弹。请问中方对此有何评论?
郭嘉昆说,美国等国家在日内瓦裁军谈判会议搞所谓共同发言,拿“防止弹道导弹扩散海牙行为准则”说事,影射中方导弹试射活动,完全是出于政治目的,充分暴露其虚伪面目和“双重标准”做法。
“中方敦促有关国家停止滥用多边军控机制,以真诚对话取代无理对抗,为加强军控领域对话交流创造必要条件。”他说。(完)
图说:7月6日12时01分,中国海军1艘战略核潜艇成功发射1发携载训练模拟弹头的潜射战略导弹,准确落入预定海域。图为导弹出水瞬间。 新华社发(黎香朝摄)








