
ဘန်ကောက်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
ထိုင်းမီဒီယာများ၏ ဩဂုတ် ၁၃ ရက် ဖော်ပြချက်အရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခိုရတ်ပြည်နယ်ရှိ ဈေးတစ်ခုတွင် ဩဂုတ် ၁၂ ရက် ညပိုင်း၌ ဓားထိုးမှု၊ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုင်းမီဒီယာများက မျက်မြင်သက်သေများ၏ ပြောကြားချက် ကိုးကား၍ ခိုးဆိုးနှိုက်အဖွဲ့တစ်ဖွဲ့ သည် ဩဂုတ် ၁၂ ရက်ညပိုင်းတွင် အခင်းဖြစ်ပွားရာဈေးအနီးရှိ မော်တော်ဆိုင်ကယ်တစ်စီးကို ခိုးယူနေစဉ် ဆိုင်ကယ်ပိုင်ရှင်က တွေ့ရှိခဲ့ရာ အဖွဲ့ဝင်တစ်ဦးက ထွက်ပြေးသွားပြီးနောက် အပေါင်းပါများနှင့်အတူ ပြန်လည်ရောက်ရှိလာကြောင်း၊ ၎င်းတို့သည် ဓားဖြင့် ရန်ပြုကာ လူအုပ်ဘက်သို့ လက်လုပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စုစုပေါင်း လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာအခြေအနေ ဆိုးရွားကြောင်း၊ ရဲတပ်ဖွဲ့သည် သတင်းပေးပို့မှုကို လက်ခံရရှိပြီးနောက် အခင်းဖြစ်ရာနေရာသို့ လာရောက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ် အနူတင်က ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ယင်းဖြစ်ရပ်အပေါ် အံ့သြတုန်လှုပ်မိကြောင်း ဖော်ပြပြီး ထိုင်းနိုင်ငံ၏ သေနတ်ကိုင်ဆောင်ခွင့် စနစ်အား ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မဖြစ်မနေပြုလုပ်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၌ လတ်တလောတွင် သေနတ်ပစ်ခတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ နွန်သာဘူရီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးအတွင်း ဩဂုတ် ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူသော်လည်း သေဆုံးသွားခဲ့ကြောင်း၊ ဩဂုတ် ၇ ရက် နွန်သာဘူရီပြည်နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရသည် ဩဂုတ် ၁၁ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ သေနတ်ဝယ်ယူခွင့်လိုင်စင် ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ (Xinhua)
.............................
(Chinese Version)
泰国呵叻府发生伤人事件致6人受伤
新华社曼谷8月13日电(记者常天童)据泰国媒体13日报道,泰国东北部呵叻府一处市场12日晚发生一起持刀和枪击伤人事件,造成6人受伤。
泰国媒体援引现场目击者的话说,一个盗窃团伙12日晚在事发市场附近偷盗摩托车时被车主发现,团伙中一人逃跑后又带同伙返回,他们持刀伤人,并用自制霰弹枪向人群射击,共造成6人受伤,其中一人伤势严重。警方接到报案后赶赴现场并逮捕一名嫌疑人。
泰国总理阿努廷13日上午接受媒体采访时对这一事件表示震惊,强调必须对泰国枪支持有制度进行结构性改革。
泰国近期枪击事件频发。据泰国媒体报道,暖武里府行政组织办公楼内10日发生枪击事件,该府行政组织主席头部中弹后抢救无效死亡。7日,暖武里府一所中学发生枪击事件,造成9人死亡。
泰国政府11日发布公告,宣布暂停发放购枪许可证。(完)
图说:8月7日,泰国总理阿努廷(中)在暖武里府德普西林中学举行新闻发布会。新华社记者 孙玮彤 摄








