အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ဂျွန်အက်ဖ်ကနေဒီ အနုပညာ ဖျော်ဖြေရေးစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးအဆင့် မဲခွဲပွဲမတိုင်မီ ကြိုဆိုဧည့်ခံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော စပိန်အသင်း ကစားသမားဟောင်း ဇာဗီ ဟာနန်ဒက်ဇ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ဂျွန်အက်ဖ်ကနေဒီ အနုပညာ ဖျော်ဖြေရေးစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးအဆင့် မဲခွဲပွဲမတိုင်မီ ကြိုဆိုဧည့်ခံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော စပိန်အသင်း ကစားသမားဟောင်း ဇာဗီ ဟာနန်ဒက်ဇ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိဂ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဘာစီလိုနာကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်အား နယ်သာလန် လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း နယ်သာလန်ဘောလုံးအဖွဲ့ချုပ် (KNVB) က ဩဂုတ် ၁၂ ရက်၌ ကြေညာခဲ့သည်။

အသက် ၄၆ နှစ်အရွယ် စပိန်နိုင်ငံသားနည်းပြမှာ ၂၀၃၀ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ နည်းပြဟောင်း ရော်နယ် ကိုးမန်း၏နေရာတွင် အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။

ဇာဗီက ယခုကဲ့သို့ နည်းပြအဖြစ်ခန့်အပ်မှုမှာ "အကြီးအကျယ် ဂုဏ်ယူစရာ" ဖြစ်သည်ဟု ညွှန်းဆိုခဲ့ပြီး ယိုဟန်ခရိုက်ဖ်နှင့် ရိုင်နက်စ် မီရှယ်စ် အပါအဝင် ဒတ်ချ်ဂန္ထဝင် ဘောလုံးသမားများ၏ လွှမ်းမိုးမှုအောက်တွင် ဘာစီလိုနာအသင်း၌ ၎င်း၏ ဘောလုံးပညာသင်ကြားမှုက  ဒတ်ချ်ဘောလုံးလောကနှင့် တစ်သက်တာ ပတ်သက်ဆက်နွှယ်မှုကို ပုံဖော်ဖန်တီးပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော့်ကို ဒတ်ချ်ဘောလုံးလောကရဲ့  သားတစ်ယောက်လို့တောင် တင်စားပြီးပြောလို့ရပါတယ်" ဟု ဇာဗီက ပြောကြားခဲ့ပြီး လူးဝစ်စ် ဗန်ဟားလ်နှင့် ဖရန့် ရီကတ်ဒ်တို့နှစ်ဦးစလုံးမှာလည်း ကစားသမားအနေနှင့်ရော နည်းပြအနေနှင့်ပါ ၎င်း၏တိုးတက်မှုအတွက် ကြီးမားသော လွှမ်းမိုးသက်ရောက်မှုများ ရှိခဲ့သည်ဟု ချီးကျူးခဲ့သည်။

"နယ်သာလန်ဟာ ကြွယ်ဝတဲ့ ဘောလုံးယဉ်ကျေးမှုနဲ့ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်ရှိတာမို့ ကျွန်တော့်ကို တော်တော်လေး ဆွဲဆောင်နိုင်ပါတယ်။ အဲဒါကတော့ ဖန်တီးနိုင်စွမ်း၊ စိတ်ဓာတ်ပြင်းပြမှုနဲ့ ယုံကြည်ချက်တွေနဲ့အတူ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ တိုက်စစ်အသားပေး ဘောလုံးကစားဟန်ပါပဲ" ဟု ဇာဗီက ဆက်လက်ပြောသည်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ နိုင်ဂျယ် ဒီဂျောင်က ဇာဗီ၏ ဘောလုံးဒဿနမှာ နယ်သာလန်အသင်းအတွက် အဖွဲ့ချုပ်၏ မျှော်မှန်းချက်နှင့် ကိုက်ညီသည်ဟုဆိုကာ စနစ်တကျ ကြိုတင်ပြင်ဆင်ထားသည့် ဘောလုံးပိုင်ဆိုင်မှုအခြေပြု ကစားဟန်ကို အသုံးပြုရန် စိတ်ပိုင်းဖြတ်မှု၊  အမြင့်ဆုံးအဆင့်၌ လိုအပ်သည့် နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုအား ထိန်းထားနိုင်မှုတို့ကို ကိုးကားပြောဆိုခဲ့သည်။          

ယခုခန့်အပ်မှုမှာ ဇာဗီအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းတစ်သင်း၏ နည်းပြအဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကာတာကလပ် အယ်လ်ဆက်ဒ်ကို ကိုင်တွယ်ခြင်းဖြင့် နည်းပြလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဘာစီလိုနာအသင်းထံ တစ်ကျော့ပြန်ရောက်ရှိလာခဲ့သည်။ အဆိုပါ ကတ်တလန်အခြေစိုက် ကလပ်အသင်းအား နှစ်ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးချန်ပီယံဆုအဖြစ် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၌ လာလီဂါဆုဖလားကို ဆွတ်ခူးပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီကုန်၌ အသင်းမှမထွက်ခွာမီ စပိန်စူပါဖလားကိုလည်း ဆွတ်ခူးပေးခဲ့သည်။

ဇာဗီမှာ ၎င်း၏မျိုးဆက်၌  အကောင်းဆုံး ကွင်းလယ်လူများအနက် တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံခဲ့ရပြီး ဘာစီလိုနာအတွက် ပွဲပေါင်း ၇၆၇ ပွဲ ကစားခဲ့ကာ လာလီဂါဖလား ၈ ကြိမ်နှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

နိုင်ငံလက်ရွေးစင် ကစားသမားဘဝတွင်လည်း ၎င်းမှာ စပိန်အသင်းအတွက် ပွဲပေါင်း ၁၃၃ ပွဲ ကစားခဲ့ပြီး စပိန်အသင်း၏ အအောင်မြင်ဆုံးခေတ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ရာတွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂  ခုနှစ်တို့တွင် ယူအီးအက်ဖ်အေ ဥရောပဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးခဲ့ရာတွင်လည်းကောင်း အသင်းကို ကူညီပံ့ပိုးခဲ့သူဖြစ်သည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စတာဒီယို မွန်တာရေး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က နယ်သာလန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်မတိုင်မီ နယ်သာလန်အသင်းမှ ပွဲထွက်ကစားသမားများ အသင်းလိုက် အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ရှိ အက်စတာဒီယို မွန်တာရေး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က နယ်သာလန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်မတိုင်မီ နယ်သာလန်အသင်းမှ ပွဲထွက်ကစားသမားများ အသင်းလိုက် အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

……………………………………………………..

(English Version)

Former Barcelona boss Xavi appointed Netherlands head coach

THE HAGUE, Aug. 12 (Xinhua) -- Former Barcelona player and coach Xavi Hernandez has been appointed head coach of the Netherlands national team, the Royal Dutch Football Association (KNVB) announced on Wednesday.

The 46-year-old Spaniard signed a contract through the 2030 FIFA World Cup, replacing Ronald Koeman.

Xavi called the appointment "a great honor," saying his football education at Barcelona, shaped by Dutch icons including Johan Cruyff and Rinus Michels, had given him a lifelong connection to Dutch football.

"You could say that I am a bit of a son of Dutch football," Xavi said, also crediting Louis van Gaal and Frank Rijkaard as major influences on his development as both a player and coach.

"The Netherlands has a rich football culture and a clear vision that also appeals to me enormously: attacking football based on possession, with creativity, passion and conviction," he added.

KNVB technical director Nigel de Jong said Xavi's philosophy aligned with the federation's vision for the national team, citing his commitment to proactive, possession-based football while retaining the tactical flexibility needed at the highest level.

The appointment marks Xavi's first role in international management. He began his coaching career with Qatar's Al Sadd in 2019 before returning to Barcelona in November 2021. During his two-and-a-half seasons in charge, he led the Catalan club to the 2022-23 La Liga title, its first league championship since 2019, and the Spanish Super Cup before departing at the end of the 2023-24 campaign.

Widely regarded as one of the greatest midfielders of his generation, Xavi made 767 competitive appearances for Barcelona, winning eight La Liga titles and four UEFA Champions League crowns.

At international level, he earned 133 caps for Spain and played a central role in the country's most successful era, helping La Roja win the 2010 FIFA World Cup and back-to-back UEFA European Championship titles in 2008 and 2012.

English Caption 1

Spanish former football player Xavi Hernandez arrives for the welcome reception ahead of the final draw for the 2026 FIFA World Cup at John F. Kennedy Center for the Performing Arts in Washington, D.C., the United States, on Dec. 4, 2025. (Xinhua/Jia Haocheng)

English Caption 2

Starting players of the Netherlands pose for group photos before the round of 32 match between the Netherlands and Morocco at the 2026 FIFA World Cup at Estadio Monterrey in Monterrey, Mexico, on June 29, 2026. (Xinhua/Wu Wei)